စက္တပ္ယာဥ္မ်ားေၾကာင့္ ထိခိုက္နစ္နာမႈမ်ား တစ္ႏွစ္အတြင္း သူတစ္ပါးထိခုိက္နစ္နာမႈအာမခံေလ်ာ္ေၾကး ေလွ်ာက္ထားႏုိင္

စက္တပ္ယာဥ္မ်ားေၾကာင့္ ထိခိုက္နစ္နာမႈမ်ား တစ္ႏွစ္အတြင္း သူတစ္ပါးထိခုိက္နစ္နာမႈအာမခံေလ်ာ္ေၾကး ေလွ်ာက္ထားႏုိင္
နိုဝင်ဘာ 22, 2017
By Tachileik News Agency

စက္တပ္ယာဥ္မ်ားေၾကာင့္ ထိခုိက္ဒဏ္ရာရ၊ ေသဆံုးမႈမ်ားျဖစ္ပါက ျဖစ္ပြားၿပီး တစ္ႏွစ္အတြင္း ျမန္မာ့အာမခံ လုပ္ငန္းတြင္ သူတစ္ပါးထိခုိက္နစ္နာမႈအာမခံေၾကးကို ေလွ်ာက္ထားရယူႏုိင္ေၾကာင္း သိရသည္။

“စက္တပ္ယာဥ္ေၾကာင့္ ထိခိုက္နစ္နာမႈေလ်ာ္ေၾကးအတြက္ ေသဆံုးဆုိရင္လည္း နီးစပ္ရာ ေဆြမ်ိဳး အသိုင္းအဝုိင္း၊ မိသားစုက တင္ေပးရပါတယ္။ ကၽြန္ေတာ္တုိ႔ဆီကို ရဲစခန္းအစီရင္ခံစာ ပံုစံရယ္၊ ေဆးရံုအစီရင္ခံစာ ပံုစံရယ္၊ ေတာင္းခံလႊာအစီရင္ခံစာပံုစံရယ္ဆိုၿပီး သံုးေစာင္လာထုတ္ရပါတယ္။ ဒီသံုးေစာင္လာထုတ္ရင္ ျဖစ္သြားတာက ႏွစ္ေက်ာ္သြားၿပီလားၾကည့္မယ္။ ျဖစ္စဥ္ကို ေမးျမန္းမယ္။ ထိခိုက္မႈျဖစ္ၿပီး တစ္ႏွစ္ေက်ာ္သြားရင္လည္း အာမခံေလ်ာ္ေၾကးက ေပးလို႔မရပါဘူး”ဟု ျမန္မာ့အာမခံ လုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စက္တပ္ယာဥ္မ်ားအား ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတြင္ လိုင္စင္ေလွ်ာက္ထားျခင္းႏွင့္ သက္တမ္းတိုးျခင္းတို႔တြင္ ေပးသြင္းထားသည့္ သူတစ္ပါးထိခိုက္အာမခံ (ပရီမီယံေၾကး)မွေန၍ အဆိုပါယာဥ္မ်ားေၾကာင့္ ထိခိုက္နစ္နာသူမ်ားအား အာမခံနစ္နာေၾကးျပန္လည္ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရၿပီး လုိင္စင္မဲ့စက္တပ္ယာဥ္မ်ားေၾကာင့္ ထိခိုက္နစ္နာမႈ ျဖစ္ပြားပါက အဆိုပါယာဥ္ပိုင္ရွင္ထံမွ ပရီမီယံေၾကး၏ ဆယ္ဆေကာက္ခံၿပီး ျပန္လည္ေပးေလ်ာ္ရေၾကာင္း သိရသည္။

“လက္ရိွအခ်ိန္ထိေတာ့ လိုင္စင္မဲ့နဲ႔ပတ္သက္ၿပီး ထိခိုက္နစ္နာမႈေလ်ာ္ေၾကးအတြက္ လာေတာင္း တာေတြေတာ့ မရိွဖူးေသးဘူး။ လိုင္စင္ရိွသည္ျဖစ္ေစ လုိင္စင္မရိွသည္ျဖစ္ေစ စက္တပ္ယာဥ္ေၾကာင့္ ထိခိုက္ နစ္နာမႈရိွသူေတြကို ထိခိုက္ဒဏ္ရာရမႈအေျခအေနက ခႏၶာကိုယ္ရဲ႕ ဘယ္ႏွစ္ရာခုိင္ႏႈန္း ပ်က္စီးသြားသလဲဆိုတဲ့ ေဆးရံုေထာက္ခံစာေပၚ မူတည္ၿပီး ေလ်ာ္ေၾကးေပးရပါတယ္။ ခႏၶာကိုယ္ ထိခိုက္ ဒဏ္ရာရ ရာခုိင္ႏႈန္းအလိုက္ တြက္ခ်က္ေပးသလို၊ ထိခိုက္မႈဒဏ္ရာရ၊ ေသဆံုး အေရအတြက္ အားလံုးကို ေပးေလ်ာ္ရပါတယ္” ဟု  ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က ေျပာသည္။

စက္တပ္ယာဥ္မ်ားျဖစ္သည့္ ကား၊ ဆုိင္ကယ္၊ သံုးဘီးယာဥ္၊ ေထာ္လာဂ်ီယာဥ္မ်ားသည္ လိုင္စင္မဲ့မ်ား ျဖစ္ပါက အဆိုပါ လုိင္စင္မဲ့ယာဥ္ေမာင္းသူႏွင့္ လုိင္စင္မဲ့ယာဥ္တြင္ စီးနင္းလုိက္ပါသူမ်ားမွာ ပရီမီယံေၾကးမွ အာမခံေလ်ာ္ေၾကးကို ခံစားခြင့္မရိွဘဲ အဆိုပါယာဥ္မ်ားက ဝင္တုိက္မိ၍ ထိခိုက္ နစ္နာသူမ်ား၊ လုိင္စင္ရိွသည့္ ယာဥ္မ်ားျဖစ္ပါက ယာဥ္ေမာင္းႏွင့္တစ္ကြ ယာဥ္ေပၚလုိက္ပါသူမ်ား အေနျဖင့္ အာမခံ ေလ်ာ္ေၾကး ခံစားခြင့္ရိွေၾကာင္း သိရသည္။

“ ထိခုိက္ဒဏ္ရာရမႈမွာ ေမာ္ေတာ္ယာဥ္ေရာ၊ ယာဥ္ေမာင္းေရာ သတ္မွတ္လုိင္စင္ရိွတယ္ဆိုရင္ အာမခံ ေလ်ာ္ေၾကး ခံစားခြင့္ရိွပါတယ္။ သတ္မွတ္ထားတဲ့လိုင္စင္နဲ႔ ေမာင္းႏွင္တယ္ဆိုရင္ေတာ့ ယာဥ္ေမာင္းလည္း ေလ်ာ္ေၾကးေပးပါတယ္။ အငွားကားကို ကိုယ္ပိုင္လိုင္စင္နဲ႔ေမာင္းတာ၊ အေမာင္းသင္လိုင္စင္ကို ေဘးက လုိင္စင္ရိွသူမပါဘဲ တစ္ဦးတည္းေမာင္းလို႔ ျဖစ္ရင္လည္း မေပးပါဘူး။ အေမာင္းသင္က ေမာင္းခြင့္ေပး မထားေသးေတာ့  ေမာင္းခြင့္ရိွတဲ့ လုိင္စင္ရိွသူ ေဘးမွာပါမွ ေမာင္းလို႔ရတာျဖစ္လို႔ တစ္ဦးတည္းေမာင္းျပီး ထိခုိက္နစ္နာမႈျဖစ္ရင္ ေလ်ာ္ေၾကးမရပါဘူး။ ဆုိင္ကယ္ဆိုရင္ ယာဥ္ေမာင္းလိုင္စင္ပါရမယ္။ သံုးဘီးယာဥ္ အေမာင္းတို႔မွာလည္း အငွားယာဥ္ေမာင္း လိုင္စင္ရိွရပါမယ္”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္ တာ၀န္ခံ ဦးကုိကုိေအာင္က ေျပာသည္။

ျမန္မာ့အာမခံလုပ္ငန္း၏ အာမခံ အမ်ိဳးအစားေပါင္း (၄၀)ေက်ာ္အနက္ ေဒသႏွင့္ ကိုုက္ညီမႈရိွသည့္ အာမခံမ်ားအား တာခ်ီလိတ္ခရိုင္ရံုးတြင္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ၿပီး  တာခ်ီလိတ္ခရိုင္အတြင္း အမ်ားဆံုးထားရိွသည့္ အာမခံမွာ သူတစ္ပါးထိခိုက္မႈ အာမခံ (ပရီမီယံေၾကး)ျဖစ္ၿပီး ဒုတိယ အမ်ားဆံုးမွာ အသက္အာမခံႏွင့္ တတိယအမ်ားဆံုးမွာ ခရီးသြား အာမခံျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံပိုင္ အာမခံအဖြဲ႕အစည္းျဖစ္သည့္ ျမန္မာ့အာမခံလုပ္ငန္းအား ၁၉၅၂ ခုနွစ္တြင္ တည္ေထာင္ခဲ့ကာ ေပးေလ်ာ္ရန္ တာ၀န္အားလံုးအား ႏိုင္ငံေတာ္မွ တာ၀န္ယူထားျခင္းျဖစ္ၿပီး ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္ အတြင္း ေလ်ာ္ေၾကး စုစုေပါင္း က်ပ္သန္းေပါင္း (၂၉၈၁.၆၁၂) ေပးေလ်ာ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ့အာမခံလုပ္ငန္းသည္ အရန္ ရန္ပုံေငြမ်ားအျဖစ္ အသက္အာမခံရန္ပံုေငြ က်ပ္သန္းေပါင္း (၁၂၁၈၃.၀၂၅)၊ အေထြေထြ အာမခံရန္ပံုေငြ က်ပ္သန္းေပါင္း (၈၂၈၅၈.၉၆၅)၊ အေထြေထြ သီးသန္႔ရန္ပံုေငြ က်ပ္သန္းေပါင္း (၆၃၅၅.၇၈၅)ႏွင့္ ႀကီးမားေသာ တစ္ဆင့္အာမခံအကာအကြယ္မ်ားလည္းထားရိွကာ မီးႏွင့္ ေရေၾကာင္း အာမခံ ပိုလြန္ ဆံုးရႈံးမႈစာခ်ဳပ္မ်ား၊ စြမ္းအင္အာမခံစာခ်ဳပ္မ်ား၊ ေမာ္ေတာ္ကား စိတ္ႀကိဳက္ တာ၀န္ယူမႈ စာခ်ဳပ္မ်ား ခ်ဳပ္ဆိုျခင္း၊ တစ္ဆင့္အာမခံစာခ်ဳပ္မ်ားကို ကမၻာ့ထိပ္တန္း တစ္ဆင့္ အာမခံကုမၸႀကီးမ်ားႏွင့္ ခ်ဳပ္ဆိုျခင္းမ်ားကို လုပ္ေဆာင္ေၾကာင္း သိရၿပီး အာမခံလုပ္ငန္းမ်ားကို ပုဂၢလိကကုမၸဏီမ်ားအတြက္လည္း ၂၀၁၂ ခုႏွစ္ စက္တင္ဘာလ (၅)ရက္ေန႔မွစ၍ လုပ္ကို္င္ခြင္ ့ျပဳထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

စက်တပ်ယာဉ်များကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများဖြစ်ပါက ဖြစ်ပွားပြီး တစ်နှစ်အတွင်း မြန်မာ့အာမခံ လုပ်ငန်းတွင် သူတစ်ပါးထိခိုက်နစ်နာမှုအာမခံကြေးကို လျှောက်ထားရယူနိုင်ကြောင်း သိရသည်။

“စက်တပ်ယာဉ်ကြောင့် ထိခိုက်နစ်နာမှုလျော်ကြေးအတွက် သေဆုံးဆိုရင်လည်း နီးစပ်ရာ ဆွေမျိုး အသိုင်းအဝိုင်း၊ မိသားစုက တင်ပေးရပါတယ်။ ကျွန်တော်တို့ဆီကို ရဲစခန်းအစီရင်ခံစာ ပုံစံရယ်၊ ဆေးရုံအစီရင်ခံစာ ပုံစံရယ်၊ တောင်းခံလွှာအစီရင်ခံစာပုံစံရယ်ဆိုပြီး သုံးစောင်လာထုတ်ရပါတယ်။ ဒီသုံးစောင်လာထုတ်ရင် ဖြစ်သွားတာက နှစ်ကျော်သွားပြီလားကြည့်မယ်။ ဖြစ်စဉ်ကို မေးမြန်းမယ်။ ထိခိုက်မှုဖြစ်ပြီး တစ်နှစ်ကျော်သွားရင်လည်း အာမခံလျော်ကြေးက ပေးလို့မရပါဘူး”ဟု မြန်မာ့အာမခံ လုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်တပ်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လိုင်စင်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့တွင် ပေးသွင်းထားသည့် သူတစ်ပါးထိခိုက်အာမခံ (ပရီမီယံကြေး)မှနေ၍ အဆိုပါယာဉ်များကြောင့် ထိခိုက်နစ်နာသူများအား အာမခံနစ်နာကြေးပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရပြီး လိုင်စင်မဲ့စက်တပ်ယာဉ်များကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပွားပါက အဆိုပါယာဉ်ပိုင်ရှင်ထံမှ ပရီမီယံကြေး၏ ဆယ်ဆကောက်ခံပြီး ပြန်လည်ပေးလျော်ရကြောင်း သိရသည်။

“လက်ရှိအချိန်ထိတော့ လိုင်စင်မဲ့နဲ့ပတ်သက်ပြီး ထိခိုက်နစ်နာမှုလျော်ကြေးအတွက် လာတောင်း တာတွေတော့ မရှိဖူးသေးဘူး။ လိုင်စင်ရှိသည်ဖြစ်စေ လိုင်စင်မရှိသည်ဖြစ်စေ စက်တပ်ယာဉ်ကြောင့် ထိခိုက် နစ်နာမှုရှိသူတွေကို ထိခိုက်ဒဏ်ရာရမှုအခြေအနေက ခန္ဓာကိုယ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်း ပျက်စီးသွားသလဲဆိုတဲ့ ဆေးရုံထောက်ခံစာပေါ် မူတည်ပြီး လျော်ကြေးပေးရပါတယ်။ ခန္ဓာကိုယ် ထိခိုက် ဒဏ်ရာရ ရာခိုင်နှုန်းအလိုက် တွက်ချက်ပေးသလို၊ ထိခိုက်မှုဒဏ်ရာရ၊ သေဆုံး အရေအတွက် အားလုံးကို ပေးလျော်ရပါတယ်” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။

စက်တပ်ယာဉ်များဖြစ်သည့် ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဉ်၊ ထော်လာဂျီယာဉ်များသည် လိုင်စင်မဲ့များ ဖြစ်ပါက အဆိုပါ လိုင်စင်မဲ့ယာဉ်မောင်းသူနှင့် လိုင်စင်မဲ့ယာဉ်တွင် စီးနင်းလိုက်ပါသူများမှာ ပရီမီယံကြေးမှ အာမခံလျော်ကြေးကို ခံစားခွင့်မရှိဘဲ အဆိုပါယာဉ်များက ဝင်တိုက်မိ၍ ထိခိုက် နစ်နာသူများ၊ လိုင်စင်ရှိသည့် ယာဉ်များဖြစ်ပါက ယာဉ်မောင်းနှင့်တစ်ကွ ယာဉ်ပေါ်လိုက်ပါသူများ အနဖြေင့် အာမခံ လျော်ကြေး ခံစားခွင့်ရှိကြောင်း သိရသည်။

“ ထိခိုက်ဒဏ်ရာရမှုမှာ မော်တော်ယာဉ်ရော၊ ယာဉ်မောင်းရော သတ်မှတ်လိုင်စင်ရှိတယ်ဆိုရင် အာမခံ လျော်ကြေး ခံစားခွင့်ရှိပါတယ်။ သတ်မှတ်ထားတဲ့လိုင်စင်နဲ့ မောင်းနှင်တယ်ဆိုရင်တော့ ယာဉ်မောင်းလည်း လျော်ကြေးပေးပါတယ်။ အငှါးကားကို ကိုယ်ပိုင်လိုင်စင်နဲ့မောင်းတာ၊ အမောင်းသင်လိုင်စင်ကို ဘေးက လိုင်စင်ရှိသူမပါဘဲ တစ်ဦးတည်းမောင်းလို့ ဖြစ်ရင်လည်း မပေးပါဘူး။ အမောင်းသင်က မောင်းခွင့်ပေး မထားသေးတော့ မောင်းခွင့်ရှိတဲ့ လိုင်စင်ရှိသူ ဘေးမှာပါမှ မောင်းလို့ရတာဖြစ်လို့ တစ်ဦးတည်းမောင်းပြီး ထိခိုက်နစ်နာမှုဖြစ်ရင် လျော်ကြေးမရပါဘူး။ ဆိုင်ကယ်ဆိုရင် ယာဉ်မောင်းလိုင်စင်ပါရမယ်။ သုံးဘီးယာဉ် အမောင်းတို့မှာလည်း အငှါးယာဉ်မောင်း လိုင်စင်ရှိရပါမယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင် တာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။

မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ အမျိုးအစားပေါင်း (၄၀)ကျော်အနက် ဒေသနှင့် ကိုက်ညီမှုရှိသည့် အာမခံများအား တာချီလိတ်ခရိုင်ရုံးတွင် လုပ်ဆောင်ပေးနခြေင်းဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်း အများဆုံးထားရှိသည့် အာမခံမှာ သူတစ်ပါးထိခိုက်မှု အာမခံ (ပရီမီယံကြေး)ဖြစ်ပြီး ဒုတိယ အများဆုံးမှာ အသက်အာမခံနှင့် တတိယအများဆုံးမှာ ခရီးသွား အာမခံဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် အာမခံအဖွဲ့အစည်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းအား ၁၉၅၂ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ပေးလျော်ရန် တာဝန်အားလုံးအား နိုင်ငံတော်မှ တာဝန်ယူထားခြင်းဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း လျော်ကြေး စုစုပေါင်း ကျပ်သန်းပေါင်း (၂၉၈၁.၆၁၂) ပေးလျော်ခဲ့ကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းသည် အရန် ရန်ပုံငွေများအဖြစ် အသက်အာမခံရန်ပုံငွေ ကျပ်သန်းပေါင်း (၁၂၁၈၃.ဝ၂၅)၊ အထွေထွေ အာမခံရန်ပုံငွေ ကျပ်သန်းပေါင်း (၈၂၈၅၈.၉၆၅)၊ အထွေထွေ သီးသန့်ရန်ပုံငွေ ကျပ်သန်းပေါင်း (၆၃၅၅.၇၈၅)နှင့် ကြီးမားသော တစ်ဆင့်အာမခံအကာအကွယ်များလည်းထားရှိကာ မီးနှင့် ရေကြောင်း အာမခံ ပိုလွန် ဆုံးရှုံးမှုစာချုပ်များ၊ စွမ်းအင်အာမခံစာချုပ်များ၊ မော်တော်ကား စိတ်ကြိုက် တာဝန်ယူမှု စာချုပ်များ ချုပ်ဆိုခြင်း၊ တစ်ဆင့်အာမခံစာချုပ်များကို ကမ္ဘာ့ထိပ်တန်း တစ်ဆင့် အာမခံကုမ္ပကြီးများနှင့် ချုပ်ဆိုခြင်းများကို လုပ်ဆောင်ကြောင်း သိရပြီး အာမခံလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများအတွက်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့မှစ၍ လုပ်ကို်င်ခွင့်ပြုထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~