ရွမ္းျပည္နယ္တြင္ လူကုန္ကူးမႈဖမ္းဆီးရမိမႈ တစ္ႏုိင္ငံလံုးတြင္ ဒုတိယအမ်ားဆံုးျဖစ္

ရွမ္းျပည္နယ္တြင္ လူကုန္ကူးမႈဖမ္းဆီးရမိမႈ တစ္ႏုိင္ငံလံုးတြင္ ဒုတိယအမ်ားဆံုးျဖစ္
နိုဝင်ဘာ 12, 2017
By Tachileik News Agency


ရွမ္းျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ လူကုန္ကူးမႈ (၄၇)မႈျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ဒုတိယအမ်ားဆံုး ျဖစ္ပြားခဲ့ေသာ္လည္း ရွမ္းျပည္နယ္ အေရွ႕ပိုင္း နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္မွစ၍ လက္ရိွအခ်ိန္ထိ လူကုန္ကူးအမႈ မရိွေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္ တစ္ျပည္နယ္လံုးမွာ (၄၇)မႈျဖစ္ပြားတာပါ။ အဲဒီအေရအတြက္ထဲမွာ တာခ်ီလိတ္က မပါ ပါဘူး။ တာခ်ီလိတ္ခရိုင္အတြင္းမွာ အရင္ကေတာ့ ျဖစ္ပြားတယ္။ ဒီေနာက္ပိုင္းမွာ ပညာေပး လုပ္ငန္း ေတြလည္း လုပ္ေဆာင္လာတာနဲ႔ဆိုေတာ့ ျဖစ္ပြားမႈ ေလ်ာ့က်လာပါတယ္။ ရိွေတာ့ ရိွဦးမယ္။ ကၽြန္မတို႔ စံုစမ္းလို႔ မေတြ႔ေသးတာလည္း ျဖစ္ႏုိင္ပါတယ္။ ေန႔စဥ္နဲ႔အမွ်ေတာ့ ကၽြန္မတို႔ သတင္းစံုစမ္းရင္း လူကုန္ကူးမႈ မေျမာက္ေပမဲ့ ျပစ္မႈဆိုင္ရာနဲ႔ အေရးယူရတာေတြေတာ့ ေတြ႔တာေပါ့ေလ။ အရင္ကေတာ့ အမႈေတြ ရိွပါတယ္။ ၂၀၁၆ ခုႏွစ္ကေန အခုခ်ိန္ထိ အမႈမရိွေတာ့တာပဲ။ ကၽြန္မတို႔အေနနဲ႔ တျခား အဖြဲ႔အစည္း၊ သက္ဆုိင္ရာဌာနေတြနဲ႔ ပူးေပါင္းၿပီး လူကုန္ကူးမႈအသိပညာေပးကိုေတာ့ ေတာက္ေလွ်ာက္ လုပ္ေနပါတယ္”ဟု လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးအဖြဲ႔စိတ္(၁) တာခ်ီလိတ္၏ တပ္ဖြဲ႔စိတ္မွဴး ရဲမွဴးရင္ရင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ တစ္ႏိုင္ငံလံုး အတုိင္းအတာျဖင့္ လူကုန္ကူးမႈ အမႈေပါင္း (၁၈၈)မႈ ဖမ္းဆီးရမိထားၿပီး ၂၀၁၆ ခုႏွစ္က (၁၃၁)မႈသာဖမ္းဆီးရမိခဲ့သျဖင့္ ဖမ္းဆီးရမိသည့္ အမႈ အေရအတြက္မ်ားလာၿပီး ႏွစ္အလိုက္ ဖမ္းဆီးရမိမႈမ်ားအရ က်ဴးလြန္သူမ်ားတြင္ အမ်ိဳးသမီး အေရအတြက္သည္ အမ်ိဳးသား အေရအတြက္ထက္ ပိုမ်ားေၾကာင္း လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕၏ စာရင္းမ်ားအရသိရသည္။

၂၀၁၇ ခုႏွစ္တြင္ လူကုန္ကူးမႈအား က်ဴးလြန္သူ အမ်ိဳးသား (၁၉၀)ႏွင့္ အမ်ိဳးသမီး (၃၆၁)ဦး စုစုေပါင္း (၅၅၁)ဦးက အမ်ိဳးသား (၄၈)ဦး၊ အမ်ိဳးသမီး (၁၉၃)ဦး၊ ကေလး (၅၃)ဦး စုစုေပါင္း (၂၉၄)ဦးအား လူကုန္ ကူးခဲ့ၾကျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္တြင္ လူကုန္ကူးမႈအား က်ဴးလြန္သူ အမ်ိဳးသား (၈၃)ႏွင့္ အမ်ိဳးသမီး (၁၅၀)ဦး စုစုေပါင္း (၂၃၃)ဦးက လူႀကီး (၂၂၆)ဦး၊ လူငယ္ (၃၈)ဦးႏွင့္ ကေလး (၄၂)ဦး စုစုေပါင္း (၃၀၇)ဦးအား လူကုန္ကူးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလုိက္ လူကုန္ကူးမႈ ျဖစ္ပြားမႈအေရအတြက္တြင္ ၂၀၁၆ ခုႏွစ္က ဒုတိယအမ်ားဆံုးျဖစ္ခဲ့သည့္ ရန္ကုန္တုိင္းေဒသႀကီးက ၂၀၁၇ ခုႏွစ္တြင္ (၄၉)မႈျဖင့္ အမ်ားဆံုးျဖစ္လာၿပီး ၂၀၁၆ ခုႏွစ္က အမႈအေရအတြက္ အမ်ားဆံုးျဖစ္သည့္ ရွမ္းျပည္နယ္က ဖမ္းဆီးရမိသည့္ အေရအတြက္ မေျပာင္းလဲဘဲ ၂၀၁၇ ခုႏွစ္တြင္ ဒုတိယအမ်ားဆံုး ျဖစ္လာသည္ကို ေတြ႔ရသည္။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလအထိ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလုိက္ လူကုန္ကူးမႈ ဖမ္းဆီးရမိသည့္ အေရအတြက္မ်ားမွာ ရန္ကုန္တုိင္းေဒသႀကီးတြင္ (၄၉)မႈ၊ ရွမ္းျပည္နယ္တြင္ (၄၇)မႈ၊ ကခ်င္ျပည္နယ္တြင္ (၂၆)မႈ၊ ဧရာဝတီတုိင္းေဒသႀကီးတြင္ (၁၆)မႈ၊ မႏၱေလးတိုင္းေဒသႀကီးတြင္ (၁၂)မႈ ၊ ေနျပည္ေတာ္တြင္ (၉)မႈ၊ ရခုိင္ျပည္နယ္တြင္ (၉)မႈ၊ ပဲခူးတုိင္းေဒသႀကီးတြင္ (၆)မႈ၊ မေကြးတုိင္း ေဒသႀကီးတြင္ (၄)မႈ၊ မြန္ျပည္နယ္တြင္ (၃)မႈ၊ တနသၤာရီတိုင္းေဒသႀကီးတြင္ (၃)မႈ၊ စစ္ကိုင္းတုိင္းေဒသႀကီးတြင္ (၂)မႈႏွင့္ ကရင္ျပည္နယ္တြင္ (၂)မႈ ဖမ္းဆီးရမိထားေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ လူကုန်ကူးမှု (၄၇)မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒုတိယအများဆုံး ဖြစ်ပွားခဲ့သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ လူကုန်ကူးအမှု မရှိကြောင်း သိရသည်။

“ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးမှာ (၄၇)မှုဖြစ်ပွားတာပါ။ အဲဒီအရေအတွက်ထဲမှာ တာချီလိတ်က မပါ ပါဘူး။ တာချီလိတ်ခရိုင်အတွင်းမှာ အရင်ကတော့ ဖြစ်ပွားတယ်။ ဒီနောက်ပိုင်းမှာ ပညာပေး လုပ်ငန်း တွေလည်း လုပ်ဆောင်လာတာနဲ့ဆိုတော့ ဖြစ်ပွားမှု လျော့ကျလာပါတယ်။ ရှိတော့ ရှိဦးမယ်။ ကျွန်မတို့ စုံစမ်းလို့ မတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ်နဲ့အမျှတော့ ကျွန်မတို့ သတင်းစုံစမ်းရင်း လူကုန်ကူးမှု မမြောက်ပေမဲ့ ပြစ်မှုဆိုင်ရာနဲ့ အရေးယူရတာတွေတော့ တွေ့တာပေါ့လေ။ အရင်ကတော့ အမှုတွေ ရှိပါတယ်။ ၂၀၁၆ ခုနှစ်ကနေ အခုချိန်ထိ အမှုမရှိတော့တာပဲ။ ကျွန်မတို့အနေနဲ့ တခြား အဖွဲ့အစည်း၊ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး လူကုန်ကူးမှုအသိပညာပေးကိုတော့ တောက်လျှောက် လုပ်နေပါတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့စိတ်(၁) တာချီလိတ်၏ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူကုန်ကူးမှု အမှုပေါင်း (၁၈၈)မှု ဖမ်းဆီးရမိထားပြီး ၂၀၁၆ ခုနှစ်က (၁၃၁)မှုသာဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိသည့် အမှု အရေအတွက်များလာပြီး နှစ်အလိုက် ဖမ်းဆီးရမိမှုများအရ ကျူးလွန်သူများတွင် အမျိုးသမီး အရေအတွက်သည် အမျိုးသား အရေအတွက်ထက် ပိုများကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။

၂၀၁၇ ခုနှစ်တွင် လူကုန်ကူးမှုအား ကျူးလွန်သူ အမျိုးသား (၁၉၀)နှင့် အမျိုးသမီး (၃၆၁)ဦး စုစုပေါင်း (၅၅၁)ဦးက အမျိုးသား (၄၈)ဦး၊ အမျိုးသမီး (၁၉၃)ဦး၊ ကလေး (၅၃)ဦး စုစုပေါင်း (၂၉၄)ဦးအား လူကုန် ကူးခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် လူကုန်ကူးမှုအား ကျူးလွန်သူ အမျိုးသား (၈၃)နှင့် အမျိုးသမီး
 (၁၅၀)ဦး စုစုပေါင်း (၂၃၃)ဦးက လူကြီး (၂၂၆)ဦး၊ လူငယ် (၃၈)ဦးနှင့် ကလေး (၄၂)ဦး စုစုပေါင်း (၃၀၇)ဦးအား လူကုန်ကူးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူကုန်ကူးမှု ဖြစ်ပွားမှုအရေအတွက်တွင် ၂၀၁၆ ခုနှစ်က ဒုတိယအများဆုံးဖြစ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးက ၂၀၁၇ ခုနှစ်တွင် (၄၉)မှုဖြင့် အများဆုံးဖြစ်လာပြီး ၂၀၁၆ ခုနှစ်က အမှုအရေအတွက် အများဆုံးဖြစ်သည့် ရှမ်းပြည်နယ်က ဖမ်းဆီးရမိသည့် အရေအတွက် မပြောင်းလဲဘဲ ၂၀၁၇ ခုနှစ်တွင် ဒုတိယအများဆုံး ဖြစ်လာသည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူကုန်ကူးမှု ဖမ်းဆီးရမိသည့် အရေအတွက်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် (၄၉)မှု၊ ရှမ်းပြည်နယ်တွင် (၄၇)မှု၊ ကချင်ပြည်နယ်တွင် (၂၆)မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁၆)မှု၊ မန္တလေးတိုင်းဒေသကြီးတွင် (၁၂)မှု၊ နပြေည်တော်တွင် (၉)မှု၊ ရခိုင်ပြည်နယ်တွင် (၉)မှု၊ ပဲခူးတိုင်းဒေသကြီးတွင် (၆)မှု၊ မကွေးတိုင်း ဒေသကြီးတွင် (၄)မှု၊ မွန်ပြည်နယ်တွင် (၃)မှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃)မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂)မှုနှင့် ကရင်ပြည်နယ်တွင် (၂)မှု ဖမ်းဆီးရမိထားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~