ကယားပြည်နယ်လွှတ်တော်အတွင်း အမျိုးသမီးများအရေး ဆွေးနွေးမှုအားနည်းနေ၍ ဒေသတွင်း အမျိုးသမီးအဖွဲ့အစည်းများ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပူးပေါင်းဆောင်ရွက်ရန်လို
ကယားပြည်နယ်လွှတ်တော်အတွင်း အမျိုးသမီးများအရေး ဆွေးနွေးမှုအားနည်းနေ၍ ဒေသတွင်း အမျိုးသမီးအဖွဲ့အစည်းများ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပူးပေါင်းဆောင်ရွက်ရန်လို
နိုဝငျဘာ 28, 2017
By Tachileik News Agency
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ပါဝင်ခြင်း မရှိသည့် ကယားပြည်နယ်လွှတ်တော်တွင် အမျိုးသမီးများနှင့် သက်ဆိုင်သော ကိစ္စရပ်များအား လွှတ်တော်တွင်း ရောက်ရှိလာစေရန် အမျိုးသမီး အဖွဲ့အစည်းများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုက်တွန်းလိုက်သည်။
လွှတ်တော်တွင်း ကျား/မရေးရာမူဝါဒများ တင်သွင်းဆွေးနွေးခြင်း၊ ဒေသတွင်း အမျိုးသမီးများ၏ အခက် အခဲများ၊ ဘဝအာမခံချက်ရှိသည့်ဗျူဟာများ ချမှတ်ခြင်းမရှိဘဲ အဆိုပါ ကိစ္စရပ်များမှာ လွှတ်တော်၊ အစိုးရများအနေဖြင့် အရေးကြီးသော အခန်းကဏ္ဍတွင် ထည့်သွင်းရမည်ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ အကူအညီလိုအပ်ကြောင်း ဒေသတွင်း အမျိုးသမီးအဖွဲ့များက ဆိုသည်။
သတင်း #ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ပါဝင်ခြင်း မရှိသည့် ကယားပြည်နယ်လွှတ်တော်တွင် အမျိုးသမီးများနှင့် သက်ဆိုင်သော ကိစ္စရပ်များအား လွှတ်တော်တွင်း ရောက်ရှိလာစေရန် အမျိုးသမီး အဖွဲ့အစည်းများ အနဖြေင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုက်တွန်းလိုက်သည်။
"အမျိုးသမီးအဖွဲ့တွေကပဲ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်ကပဲ ဖြစ်ဖြစ်ပေါ့၊ လွှတ်တော်ထဲမှာ မေးခွန်းမေးပေးပါ ဒီလိုလုပ်ပေးပါလို့ လာပြောရင် လုပ်ပေးမှာပါ။ အခုက လာပြောတာမျိုး မရှိသေးဘူးပေါ့။ ကိုယ်တိုင် မေးခွန်းမေးဖို့ ကျတော့လည်း ကျွန်တော့်အနေနဲ့ကတော့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သိရှိ နားလည်မှု အားနည်းနေသေးတယ်။ အခုဖြစ်နေတဲ့ အမျိုးသမီးတွေ အကြမ်းဖက် ခံရတဲ့ကိစ္စတွေ၊ အခွင့်ရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေအတွက် တရားစီရင်မှု ဒါတွေက ဘာကြောင့်ဖြစ်နေလဲ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ ဘယ်လိုရှိလဲ ဒီလိုတွဖြေစ်တာ ဘယ်သူ့မှာ တာဝန်ရှိပြီး ဘယ်လို ဖြေရှင်းပေးမှာလဲ ဆိုတာတွေကိုပေါ့။ ကျွန်တော်က အမျိုးသမီး အဖွဲ့စည်းတွေထက် ပိုပြီးမသိပါဘူး။ သူတို့အနေနဲ့ လာဆွေးနွေးပြီး ဒီလိုလုပ်ပေးပါ ဆွေးနွေးပေးပါလို့ ပြောလာရင် လုပ်ပေးဖို့ အဆင်သင့်ပါပဲ။ ဥပမာ ဒီတစ်ပတ် ဖြစ်သွားတဲ့ မော်ချီးက ကျောင်းဆရာမလေးကို အဓမ္မပြုဖို့ကြံစည်တဲ့ ကိစ္စတွေပေါ။့ ဒါတွေက ဘယ်လို ကိုင်တွယ် ဖြေရှင်းပေးမှာလဲ။ ဘယ်လိုတာဝန်ယူမှာလဲ။ ဘာတွေ လုပ်ဖို့လိုနပြေီလဲ ဆိုတာတွေ လွှတ်တော်ထဲ ရောက်လာသင့်တယ်ပေါ့ " ဟု ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
လွှတ်တော်တွင်း ကျား/မရေးရာမူဝါဒများ တင်သွင်းဆွေးနွေးခြင်း၊ ဒေသတွင်း အမျိုးသမီးများ၏ အခက် အခဲများ၊ ဘဝအာမခံချက်ရှိသည့်ဗျူဟာများ ချမှတ်ခြင်းမရှိဘဲ အဆိုပါ ကိစ္စရပ်များမှာ လွှတ်တော်၊ အစိုးရများအနဖြေင့် အရေးကြီးသော အခန်းကဏ္ဍတွင် ထည့်သွင်းရမည်ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ အကူအညီလိုအပ်ကြောင်း ဒေသတွင်း အမျိုးသမီးအဖွဲ့များက ဆိုသည်။
" အခုလို တင်ပြပေးမယ်ဆိုရင်တော့ လူထုကြားထဲဆင်းနေတဲ့ အမျိုးသမီးအဖွဲ့တွေက အမျိုးသမီးများရဲ့ လိုအပ်ချက်တွေ၊ လူမှုရေးပြဿနာတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းနကြေရတဲ့အခါမှာ အခက်အခဲတွေ၊ အစိုးရရဲ့ ပါဝင်ဖြေရှင်းပေးမှု၊ ကလေးသက်ငယ်မုဒိမ်းမှုတွေကို အစီရင်ခံစာများ၊ စာတမ်းများကို လွှတ်တော်ကို တင်ပြပေးနိုင်မယ့် အခွင့်အလမ်းတစ်ခုမို့ ဝမ်းသာပါတယ်။ အခုက လွှတ်တော်တွေထဲမှာကော အစိုးရပိုင်းတွေမှာကော ကျား/မပေါ်လစီတွေ ချထားတာမရှိသေးပါဘူး။ အမျိုးသမီးနဲ့ပတ်သက်တဲ့ မူဝါဒတွေ ကျား/မမူဝါဒတွေ လွှတ်တော်တွေထဲမှာ တင်သွင်းတာမျိုး မရှိသေးဘူး။ ဒါတွေကို လွှတ်တော်ထဲ ရောက်အောင်လုပ်ဖို့ အခွင့်ရေး တစ်ခုရှိလာတာပေါ့။ ကျွန်မတို့လည်း ပူးပေါင်းသွားမယ် " ဟု ကယားပြည်နယ်မှ အနာဂတ်အမျိုးသမီးအစည်းအရုံး ဒါရိုက်တာမစန္ဒါဝင်းက ပြောသည်။
လွှတ်တော်အတွင်း အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် မပါဝင်မှုသည် အမျိုးသမီးများနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် ဆွေးနွေးမှုအားနည်းသဖြင့် လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်လာရေးသည် အရေးကြီးကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ထောက်ပြပြောဆိုထားသည်။
သတင်း #ဆန်းဖြိုးထွန်း 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~