တာချီလိတ်မြို့ လွမ်းမိုးတောရကျောင်းတိုက်ဆရာတော်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားတွင် နိဗ္ဗာန်ဈေးဖွင့်လှစ်မည်၊ မည်သူမဆို ပါဝင် ဆက်သွယ်လှူဒါန်းနိုင်

တာချီလိတ်မြို့ လွမ်းမိုးတောရကျောင်းတိုက်ဆရာတော်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားတွင် နိဗ္ဗာန်ဈေးဖွင့်လှစ်မည်၊ မည်သူမဆို ပါဝင် ဆက်သွယ်လှူဒါန်းနိုင်
နိုဝငျဘာ 26, 2017
By Tachileik News Agency

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဘ၀နတ်ထံပျံလွန်တော်မူသွားသည့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာစရ၏ ဥတုဇ ရုပ်ကလာပ်တော်အား ဒီဇင်ဘာလ(၃)ရက်နေ့တွင် အန္တိမ အဂ္ဂိဈာပန အခမ်းအနားဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ အခမ်းအနားတွင် စေတနာရှင် အလှူရှင်များ အနေဖြင့် နိဗ္ဗာန်ဈေးဖွင့်လှစ်လှူဒါန်းလိုပါက ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


ဆရာတော်၏  အန္တိမ အဂ္ဂိဈာပနအခမ်းအနားအား  တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင်းရှိ ပါလျှံတရုတ်ဘုံကျောင်းရှေ့၊ ပွင့်သစ်စ မူကြိုလမ်းကြားတည့်တည့်ရှိ မြေကွက်လပ်တွင်  ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နေ့လယ်(၁)နာရီအချိန်၌ စတင် ပြုလုပ်မည်ဖြစ်ပြီး နိဗ္ဗာန်ဈေးတွင် ပါဝင်လှူဒါန်း လိုသူများအနေဖြင့်  (ဦးခင်မောင်တင့် ) 09458033337 ၊ 09254966883 မမေဇာခြည်လင်း 095241807 နှင့်  (မ၀ါ) 095242270 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


ဓါတ်ပုံ - UTS ၊ MZCL


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဘဝနတ်ထံပျံလွန်တော်မူသွားသည့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ သာသနော့ဝပုလ္လ လွမ်းမိုးတောရကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာစရ၏ ဥတုဇ ရုပ်ကလာပ်တော်အား ဒီဇင်ဘာလ(၃)ရက်နေ့တွင် အန္တိမ အဂ္ဂိဈာပန အခမ်းအနားဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ အခမ်းအနားတွင် စေတနာရှင် အလှူရှင်များ အနဖြေင့် နိဗ္ဗာန်ဈေးဖွင့်လှစ်လှူဒါန်းလိုပါက ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

"ဆရာတော်ရဲ့ အန္တိမ အဂ္ဂိဈာပနအခမ်းအနားမှာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ရန်အတွက် နိဗ္ဗာန်ဈေး ပြုလုပ်သွားမှာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့ ဖုန်းတွေကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်၊ အဲ့လိုပဲ ရှမ်းရိုးမကွင်းရှေ့မှာ ဖွင့်လှစ်ထားတဲ့ အလှူခံဌာနမှာလည်း လာရောက်ပြီး စာရင်း ပေးနိုင်ပါတယ်ခင်ဗျ"ဟု ဈာပနပွဲကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောသည်။

ဆရာတော်၏ အန္တိမ အဂ္ဂိဈာပနအခမ်းအနားအား တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင်းရှိ ပါလျှံတရုတ်ဘုံကျောင်းရှေ့၊ ပွင့်သစ်စ မူကြိုလမ်းကြားတည့်တည့်ရှိ မြေကွက်လပ်တွင် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နေ့လယ်(၁)နာရီအချိန်၌ စတင် ပြုလုပ်မည်ဖြစ်ပြီး နိဗ္ဗာန်ဈေးတွင် ပါဝင်လှူဒါန်း လိုသူများအနဖြေင့် (ဦးခင်မောင်တင့် ) 09458033337၊ 09254966883 မမေဇာခြည်လင်း 095241807 နှင့် (မဝါ) 095242270 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဆရာတော်၏ ဥတုဇ ရုပ်ကလာပ်တော်အား ပူဇော်ခံထားသည့် ကာလအတွင်း ကုန်ကျမည့် ငွေကြေးများအတွက် အလှူရှင်များ လိုအပ်နေလျက်ရှိရာ အလှူခံဌာနအား အဆိုပါ ကျောင်းတွင် ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင်လည်း ဒီဇင်ဘာလ(၁)ရက်နေ့အထိ အလှူခံဌာန ဖွင့်လှစ်ထားကြောင်း နှင့် သတ်မှတ်ရက်၏ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ မည်သူမဆို လာရောက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - UTS၊ MZCL

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~