ပညာရေးဝန်ထမ်းမလုံလောက်သေးသည့် ကယားပြည်နယ်မှ အခြေခံပညာကျောင်းများတွင်၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်း ဖြည့်စွက်ခန့်ထားရန်မရှိသေး
ပညာရေးဝန်ထမ်းမလုံလောက်သေးသည့် ကယားပြည်နယ်မှ အခြေခံပညာကျောင်းများတွင်၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်း ဖြည့်စွက်ခန့်ထားရန်မရှိသေး
နိုဝငျဘာ 21, 2017
By Tachileik News Agency
လက်ရှိတွင် ကယားပြည်နယ်အတွင်း အခြေခံပညာရေးကျောင်းအချို့တွင် ပညာရေးဝန်ထမ်းများ လုံလောက်မှုမရှိသဖြင့် ပညာသင်နှစ်မကုန်မီ အဆိုပါ ကျောင်းများအတွက် ပညာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားရန်နှင့် အပြောင်းအရွှေ့ကိစ္စရပ်များ ဆောင်ရွက်ပေးရန် ရှိ/မရှိကို ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းဝေးတွင် မယ်စဲ့ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကမေးမြန်းခဲ့ခြင်းအား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် ယခုနှစ်အတွင်း ပညာရေးဝန်ထမ်းများ အပြောင်းအရွှေ့နှင့် တိုးမြှင့်ခန့်ထားရေး အစီအစဉ်များ မရှိသေးကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ကဖြေကြားခဲ့သည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တွင် ပညာရေးဝန်ထမ်း မလုံလောက်မှုများ ရှိနေသော်လည်း ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း ပညာရေးဝန်ထမ်းများ ပြောင်းရွှေ့ခြင်းနှင့် ထပ်မံ ဖြည့်စွက်ခန့်ထားခြင်းများ လုပ်ဆောင်ရန် မရှိကြောင်း သိရသည်။
" ကယားပြည်နယ် အခြေခံပညာကျောင်းများမှာ ဆရာ၊ဆရာမများ ခန့်ထား ပြောင်းရွှေ့ခြင်းတွေကို ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်အတွက် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းမှာ ပညာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၇ ပညာသင်နှစ်မကုန်မီ အပြောင်းအရွှေ့လုပ်ဆောင်ဖို့ လိုအပ်သော ကျောင်းများအတွက် ဆရာ၊ဆရာမများဖြည့်ဆည်း ခန့်ထားပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရရှိမှသာ ပြောင်းရွှေ့ခန့်ထားခြင်းကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ဖြကြေားလိုပါတယ် "ဟု ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး က လွှတ်တော်တွင် ဖြကြေားခဲ့သည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်း အခြေခံပညာရေးကျောင်းအချို့တွင် ပညာရေးဝန်ထမ်းများ လုံလောက်မှုမရှိသဖြင့် ပညာသင်နှစ်မကုန်မီ အဆိုပါ ကျောင်းများအတွက် ပညာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားရန်နှင့် အပြောင်းအရွှေ့ကိစ္စရပ်များ ဆောင်ရွက်ပေးရန် ရှိ/မရှိကို ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းဝေးတွင် မယ်စဲ့ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကမေးမြန်းခဲ့ခြင်းအား ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် ယခုနှစ်အတွင်း ပညာရေးဝန်ထမ်းများ အပြောင်းအရွှေ့နှင့် တိုးမြှင့်ခန့်ထားရေး အစီအစဉ်များ မရှိသေးကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ကဖြကြေားခဲ့သည်။
ကယားပြည်နယ်အတွင်း အခြေခံ ပညာရေးကျောင်းများတွင် အစိုးရသစ်လက်ထက် ပညာရေးဝန်ထမ်းများ တိုးမြှင့် ခန့်ထားခဲ့သော်လည်း လုံလောက်မှုမရှိသေးကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~