ကွန်ဟိန်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ်ရောရာ (၄၇၆)တန် ဖမ်းဆီးရမိ

ကွန်ဟိန်းမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ်ရောရာ (၄၇၆)တန် ဖမ်းဆီးရမိ
နိုဝငျဘာ 14, 2017
By Tachileik News Agency




သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် နမ့်ပါမန်းကျေးရွာအနီးတွင် ကျွန်း၊ တမလန်းနှင့် ပိတောက်သစ်ရောရာ စုစုပေါင်း (၄၇၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားကြောင်း သိရသည်။

 ခလရ(၂၄၆)မှ တပ်မတော်သားများ၊ ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ နမ့်ပါမန်းကျေးရွာ အနီး၌ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် အဆိုပါ သစ်များအား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သစ်များအား အသေးစိတ် တိုင်းထွာ စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် ပိုင်ရှင်ဖော်ထုတ်နိုင်ရေးအတွက် အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~