ကြတ္ခုိင္ၿမိဳ႕နယ္တြင္ လူ ၅ ဦးေသဆံုးသည့္ ယာဥ္တုိက္မႈမွ ထြက္ေျပးယာဥ္ေမာင္းႏွင့္ ယာဥ္အကူအား တစ္နာရီအတြင္း ဖမ္းမိ

ကြတ္ခုိင္ၿမိဳ႕နယ္တြင္ လူ ၅ ဦးေသဆံုးသည့္ ယာဥ္တုိက္မႈမွ ထြက္ေျပးယာဥ္ေမာင္းႏွင့္ ယာဥ္အကူအား တစ္နာရီအတြင္း ဖမ္းမိ
နိုဝင်ဘာ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္ မန္လြယ္ေက်းရြာအနီးတြင္ ႏိုဝင္ဘာလ (၆) ရက္ေန႔ နံနက္ (၆)နာရီ ဝန္းက်င္က လူ (၅) ဦးေသဆံုးခ့ဲသည့္ ယာဥ္တိုက္မႈမွ ထြက္ေျပးသြားသည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္အကူအား ကြတ္ခိုင္ရဲတပ္ဖြဲ႕က တစ္နာရီအတြင္း ဖမ္းဆီးရမိခ့ဲေၾကာင္း သိရသည္။

“ယာဥ္တိုက္မႈမွာ စစ္ေဆးေတြ႕ရွိရသေလာက္ကေတာ့ (၂၂) ဘီးယာဥ္က လမ္းေၾကာမွားတာေတြ႕ရတယ္။ ျဖစ္စဥ္ကေန ထြက္ေျပးသြားတဲ႔ (၂၂) ဘီးယာဥ္ေမာင္းနဲဲ႔ စပယ္ယာကို တစ္နာရီအတြင္း လိုက္လံ ဖမ္းဆီးမိထားပါတယ္” ဟု ကြတ္ခိုင္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ၾကပ္တစ္ဦးက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မန္လြယ္ေက်းရြာအနီးတြင္ ကြတ္ခိုင္မွ မူဆယ္သို႔သြားသည့္ ခရီးသည္ (၅) ဦးပါ ပရိုေဘာက္ယာဥ္ငယ္အား မူဆယ္မွ ကြတ္ခိုင္သို႕လာသည့္ (၂၂) ဘီးယာဥ္က တိုက္မိၿပီး ယာဥ္ငယ္သည္ (၂၂)ဘီးယာဥ္ႏွင့္ လမ္းနံေဘးရွိ လမ္းႀကိတ္စက္ယာဥ္တို႔ၾကားၫွပ္သြားၿပီး ကားငယ္ေပၚပါ ခရီးသည္ အမ်ိဳးသမီး(၂)ဦးႏွင့္ ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား (၃)ဦးတို႔မွာ ေနရာတြင္ ေသဆံုးသြားခ့ဲျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူမ်ားအား ကြတ္ခိုင္ၿမိဳ႕ ျပည္သူ႔ ေဆးရံုသို႔ပို႔ေဆာင္ထားၿပီး ယာဥ္တိုက္မႈမွ ထြက္ေျပးသြားသည့္ (၂၂) ဘီးယာဥ္ေမာင္းႏွင့္ ယာဥ္အကူကို ကြတ္ခိုင္ရဲတပ္ဖြဲ႕မွ လိုက္လံဖမ္းဆီးကာ ကြတ္ခိုင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ကြတ္ခိုင္ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မန်လွယ်ကျေးရွာအနီးတွင် နိုဝင်ဘာလ (၆) ရက်နေ့ နံနက် (၆)နာရီ ဝန်းကျင်က လူ (၅) ဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှ ထွက်ပြေးသွားသည့် ယာဉ်မောင်းနှင့် ယာဉ်အကူအား ကွတ်ခိုင်ရဲတပ်ဖွဲ့က တစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုမှာ စစ်ဆေးတွေ့ရှိရသလောက်ကတော့ (၂၂) ဘီးယာဉ်က လမ်းကြောမှားတာတွေ့ရတယ်။ ဖြစ်စဉ်ကနေ ထွက်ပြေးသွားတဲ့ (၂၂) ဘီးယာဉ်မောင်းနဲ့ စပယ်ယာကို တစ်နာရီအတွင်း လိုက်လံ ဖမ်းဆီးမိထားပါတယ်” ဟု ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန်လွယ်ကျေးရွာအနီးတွင် ကွတ်ခိုင်မှ မူဆယ်သို့သွားသည့် ခရီးသည် (၅) ဦးပါ ပရိုဘောက်ယာဉ်ငယ်အား မူဆယ်မှ ကွတ်ခိုင်သို့လာသည့် (၂၂) ဘီးယာဉ်က တိုက်မိပြီး ယာဉ်ငယ်သည် (၂၂)ဘီးယာဉ်နှင့် လမ်းနံဘေးရှိ လမ်းကြိတ်စက်ယာဉ်တို့ကြားညှပ်သွားပြီး ကားငယ်ပေါ်ပါ ခရီးသည် အမျိုးသမီး(၂)ဦးနှင့် ယာဉ်မောင်းအပါအဝင် အမျိုးသား (၃)ဦးတို့မှာ နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများအား ကွတ်ခိုင်မြို့ ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ထားပြီး ယာဉ်တိုက်မှုမှ ထွက်ပြေးသွားသည့် (၂၂) ဘီးယာဉ်မောင်းနှင့် ယာဉ်အကူကို ကွတ်ခိုင်ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးကာ ကွတ်ခိုင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ကွတ်ခိုင်ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~