က်ိဳင္းတံုၿမိဳ႕တြင္ ေရႀကီးေရလွ်ံျဖစ္ပြားမႈ ေလွ်ာ့ခ်ေရးအတြက္ ေရႏုတ္ေျမာင္းသစ္မ်ား ျပဳျပင္ေရးႏွင့္ အသစ္တူးေဖာ္ေရး ကြင္းဆင္းစစ္ေဆး

က်ိဳင္းတံုၿမိဳ႕တြင္ ေရႀကီးေရလွ်ံျဖစ္ပြားမႈ ေလွ်ာ့ခ်ေရးအတြက္ ေရႏုတ္ေျမာင္းသစ္မ်ား ျပဳျပင္ေရးႏွင့္ အသစ္တူးေဖာ္ေရး ကြင္းဆင္းစစ္ေဆး
နိုဝင်ဘာ 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈျဖစ္ေလ့ရိွသည့္ ရပ္ကြက္(၃)တြင္ ေရႏုတ္ေျမာင္းမ်ား ျပဳျပင္ထိန္းသိမ္းရန္ႏွင့္ ေရႏုတ္ေျမာင္းသစ္မ်ား တူးေဖာ္ႏိုင္ရန္အတြက္ ႏို္၀င္ဘာလ (၂၈)ရက္ေန႔ နံနက္ပိုင္းက သက္ဆုိင္ရာဌာနမ်ား ကြင္းဆင္းစစ္ေဆးမႈ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

 “ေရႀကီးတဲ့အခါ လမ္းေတြေပၚ ေရလွ်ံတာေတြ ျဖစ္တဲ့အခါက်ေတာ့ ေနာက္ထပ္ ဘယ္ေနရာေတြမွာ ေျမာင္းေတြ ထပ္ေဖာ္ဖို႔ လိုမလဲ။ ေျမာင္းအသစ္ေဖာ္ဖို႔ လိုမလား၊ ရိွၿပီးသား ေျမာင္းေတြမွာ ေကာေနတာေတြ ရိွမလား၊ ဒါေတြကို လိုက္ၾကည့္ခဲ့ပါတယ္။ ဒီေန႔ကေတာ့ ကြင္းဆင္းစစ္ေဆးတဲ့ သေဘာပါ။ ေနာက္ပိုင္းမွာေတာ့ ျပန္ၿပီးတိုင္းတာတြက္ခ်က္တာတို႔ကို ဆက္လုပ္သြားမွာပါ”ဟု က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ လက္ေထာက္အင္ဂ်င္နီယာ ဦးျမင့္ေက်ာ္သူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံု ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်စ္ကိုကို ဦးေဆာင္ေသာ သက္ဆုိင္ရာဌာမ်ားမွ တာဝန္ရိွသူမ်ားပါဝင္သည့္ အဖြဲ႔သည္ ရပ္ကြက္(၃)ရိွ ခ်ယ္ရီလမ္းအတိုင္း ေရႏုတ္ေျမာင္းေဖာက္ရန္ႏွင့္ တိုင္းအားကစားရုံ အနီးကို ျဖတ္၍ က်ိဳင္းကာရြာဘက္သို႔ စီးဆင္းသည့္ ေရႏုတ္ေျမာင္းကို ျပန္ေဖာ္ရန္ စစ္ေဆးၾကည့္ရႈၾကေၾကာင္း သိရသည္။

“ဒီေန႔ ကြင္းဆင္းစစ္ေဆးခဲ့တဲ့ ေျမာင္းအသစ္လုပ္ဖို႔ စီစဥ္ထားတဲ့ေနရာမွာ မီးတိုင္ေတြ မလြတ္တာ၊ ဖုန္းႀကိဳးေတြ မလြတ္တာတို႔ ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္းက တံတားထိုးဖို႔ အတြက္ေတြကို တြက္ခ်က္ၿပီးေတာ့ ကုန္က်စရိတ္ေတြကို ျပည္နယ္အစိုးရကို တင္ေတာင္းမလား၊ ဒါမွမဟုတ္ တျခားနည္းနဲ႔ ဘယ္လိုလုပ္မလဲဆိုတာကိုေတာ့ မသိေသးဘူး”ဟု က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန လက္ေထာက္အင္ဂ်င္နီယာက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ရွိ ရပ္ကြက္ႏွစ္ခုတြင္ ႏိုဝင္ဘာလ(၂၅)ရက္ေန႔က မိုးမ်ားစြာ ရြာသြန္းၿပီး ေတာင္က်ေခ်ာင္းေရ ဝင္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ကြင္းဆင္း စစ္ေဆးမႈ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု - ေအာင္ျမင္ပါေစ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရကြေီးရေလျှံမှုဖြစ်လေ့ရှိသည့် ရပ်ကွက်(၃)တွင် ရေနုတ်မြောင်းများ ပြုပြင်ထိန်းသိမ်းရန်နှင့် ရေနုတ်မြောင်းသစ်များ တူးဖော်နိုင်ရန်အတွက် နို်ဝင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာဌာနများ ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။

 “ရကြေီးတဲ့အခါ လမ်းတွေပေါ် ရေလျှံတာတွေ ဖြစ်တဲ့အခါကျတော့ နောက်ထပ် ဘယ်နေရာတွေမှာ မြောင်းတွေ ထပ်ဖော်ဖို့ လိုမလဲ။ မြောင်းအသစ်ဖော်ဖို့ လိုမလား၊ ရှိပြီးသား မြောင်းတွေမှာ ကောနေတာတွေ ရှိမလား၊ ဒါတွေကို လိုက်ကြည့်ခဲ့ပါတယ်။ ဒီနေ့ကတော့ ကွင်းဆင်းစစ်ဆေးတဲ့ သဘောပါ။ နောက်ပိုင်းမှာတော့ ပြန်ပြီးတိုင်းတာတွက်ချက်တာတို့ကို ဆက်လုပ်သွားမှာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးမြင့်ကျော်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို ဦးဆောင်သော သက်ဆိုင်ရာဌာများမှ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့သည် ရပ်ကွက်(၃)ရှိ ချယ်ရီလမ်းအတိုင်း ရေနုတ်မြောင်းဖောက်ရန်နှင့် တိုင်းအားကစားရုံ အနီးကို ဖြတ်၍ ကျိုင်းကာရွာဘက်သို့ စီးဆင်းသည့် ရေနုတ်မြောင်းကို ပြန်ဖော်ရန် စစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။

“ဒီနေ့ ကွင်းဆင်းစစ်ဆေးခဲ့တဲ့ မြောင်းအသစ်လုပ်ဖို့ စီစဉ်ထားတဲ့နေရာမှာ မီးတိုင်တွေ မလွတ်တာ၊ ဖုန်းကြိုးတွေ မလွတ်တာတို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တံတားထိုးဖို့ အတွက်တွေကို တွက်ချက်ပြီးတော့ ကုန်ကျစရိတ်တွေကို ပြည်နယ်အစိုးရကို တင်တောင်းမလား၊ ဒါမှမဟုတ် တခြားနည်းနဲ့ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ မသိသေးဘူး”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန လက်ထောက်အင်ဂျင်နီယာက ပြောသည်။

ကျိုင်းတုံမြို့ရှိ ရပ်ကွက်နှစ်ခုတွင် နိုဝင်ဘာလ(၂၅)ရက်နေ့က မိုးများစွာ ရွာသွန်းပြီး တောင်ကျချောင်းရေ ဝင်မှုကြောင့် ရကြေီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် ယင်းကဲ့သို့ ကွင်းဆင်း စစ်ဆေးမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ - အောင်မြင်ပါစေ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~