ကာကြယ္ေဆးထိုးႏွံေပးမည့္ ကေလးမ်ားအား ေဆးမထိုးမီ အစာေကၽြးထားရန္ႏွင့္ ေရာဂါအခံရိွပါက က်န္းမာေရးဝန္ထမ္းမ်ားထံ ႀကိဳတင္အသိေပးရန္ လိုအပ္

ကာကြယ္ေဆးထိုးႏွံေပးမည့္ ကေလးမ်ားအား ေဆးမထိုးမီ အစာေကၽြးထားရန္ႏွင့္ ေရာဂါအခံရိွပါက က်န္းမာေရးဝန္ထမ္းမ်ားထံ ႀကိဳတင္အသိေပးရန္ လိုအပ္
နိုဝင်ဘာ 20, 2017
By Tachileik News Agency

ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆးထိုးႏွံေပးမည့္ ကေလးမ်ားအား ကာကြယ္ေဆးမထိုးမီ အစာေကၽြးထားေပးရန္ႏွင့္ မိမိကေလးတြင္ ေရာဂါအခံ တစ္ခုခုရိွပါက က်န္းမာေရး ဝန္ထမ္းမ်ားထံ ႀကိဳတင္အသိေပးၾကရန္ ကာကြယ္ေဆးထိုးလုပ္ငန္းက တုိက္တြန္းသတိေပးထားသည္။

“မိဘေတြကို သတင္းစကားပါးလိုတာက ကေလးေတြ ကာကြယ္ေဆးမထိုးခင္မွာ အစာအရင္ ေကၽြးထားေပးပါ။ ကေလးမွာ ေရာဂါအခံတစ္ခုခု ရွိေနတယ္ဆိုရင္ က်န္းမာေရး ဝန္ထမ္းေတြကို ႀကိဳတင္ေျပာျပထားပါ။ ကာကြယ္ေဆးထိုးၿပီးတဲ့ ကေလးကိုေတာ့ ဂက္စ္မပါတဲ့ အခ်ိဳရည္ ဒါမွမဟုတ္ ေရတိုက္ေကၽြးႏိုင္ပါတယ္။ ကာကြယ္ေဆးထိုးၿပီးရင္ ခ်က္ခ်င္း အိမ္ကို တန္းမျပန္ဘဲ ကာကြယ္ေဆး ထိုးစုရပ္မွာ အနည္းဆံုး နာရီဝက္ေလာက္ ေစာင့္ေနေပးပါ။ ေက်ာင္းဆရာ၊ ဆရာမေတြ အေနနဲ႔ကေတာ့ ကေလးေတြကို ေနပူက်ဲက်ဲေအာက္မွာ အၾကာႀကီး တန္းစီေစာင့္ဆိုင္းေနရတာမ်ိဳး မျဖစ္ေအာင္လို႔ ကူညီေပးေစလိုပါတယ္”ဟု တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းက သတိေပးတိုက္တြန္းထားျခင္းျဖစ္သည္။

ကာကြယ္ေဆးထိုးၿပီးပါက ေဆးထိုးထားသည့္ေနရာတြင္ ေရာင္ျခင္း၊ နီရဲျခင္း၊ နာျခင္း၊ အနည္းငယ္ဖ်ားျခင္း၊ ပ်ိဳ႕အန္မူးေဝျခင္းစသည့္ မျပင္းထန္သည့္ လကၡဏာမ်ား ျဖစ္ႏုိင္ေခ်ရိွၿပီး ႏွစ္ရက္ခန္႔အတြင္း အလိုအေလ်ာက္ ေပ်ာက္ကင္းသြားေလ့ရိွသည္ဟု အသိေပးထားသည္။

ဂ်ပန္ဦးေနွာက္ေရာင္ ကာကြယ္ေဆးအစုလိုက္ထိုးနွံျခင္းလုပ္ငန္း ေက်ာင္းအေျချပဳအစီအစဥ္အား ႏိုဝင္ဘာလ (၁၅)ရက္ေန႔က တစ္ႏိုင္ငံလံုးအတုိင္းအတာျဖင့္ စတင္ထိုးႏွံေပးခဲ့ရာ ႏိုဝင္ဘာလ (၁၉)ရက္ေန႔အထိ ကေလး (၅) သန္းေက်ာ္အနက္ (၃) ဦးတြင္ ေနာက္ဆက္တြဲ ျပင္းထန္သည့္ လကၡဏာမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မႏၱေလးတိုင္းေဒသႀကီး ေတာင္သာမွ (၁) ဦး၊ ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဒဂံုၿမိဳ႕နယ္မွ (၁) ဦးနဲ႔ ရွမ္းျပည္နယ္ ပင္ေလာင္းၿမိဳ႕မွ (၁) ဦးတို႔ ျပင္းထန္သည့္ လကၡဏာမ်ားျဖစ္ပြားခဲ့ရာ ေတာင္သာႏွင့္ ေျမာက္ဒဂံုမွ ကေလးႏွစ္ဦးမွာ ကနဦး ျပဳစုမႈေပးၿပီးေနာက္ ပကတိျပန္ေကာင္းသြားခဲ့ေၾကာင္း သိရသည္။
ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါအား ေပ်ာက္ကင္းရန္ ကုသႏုိင္သည့္ေဆးမရိွသျဖင့္ ကေလးမ်ားအား ကာကြယ္ေဆးမျဖစ္မေန ထိုးႏွံေပးၾကရန္ က်န္းမာေရးဌာနက တုိက္တြန္းထားသည္။

အသက္ (၉)လမွ (၁၅)ႏွစ္အတြင္း ကေလးငယ္ (၁၄)သန္းေက်ာ္အား ကာကြယ္ေဆးထိုးႏွံေရးအတြက္ ေက်ာင္းအေျချပဳ ကာကြယ္ေဆးထိုးအစီအစဥ္ျဖင့္ ႏို၀င္ဘာလ (၁၅)ရက္မွ (၂၃)ရက္ေန ့၊ ျပည္သူလူထု အေျချပဳ ကာကြယ္ေဆးထိုး အစီအစဥ္ျဖင့္ ဒီဇင္ဘာလ(၁၁)ရက္မွ (၂၀)ရက္ေန႔အထိႏွင့္ သြားလာရန္ ခက္ခဲေသာ ေ၀းလံေခါင္းပါးသည့္ ေဒသမ်ားတြင္ ႏို္၀င္ဘာလ(၁၅)ရက္ေန႔မွ ဒီဇင္ဘာလ (၂၁)ရက္ေန႔အထိ ထိုးႏွံေပးေနျခင္းျဖစ္သည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေးမည့် ကလေးများအား ကာကွယ်ဆေးမထိုးမီ အစာကျွေးထားပေးရန်နှင့် မိမိကလေးတွင် ရောဂါအခံ တစ်ခုခုရှိပါက ကျန်းမာရေး ဝန်ထမ်းများထံ ကြိုတင်အသိပေးကြရန် ကာကွယ်ဆေးထိုးလုပ်ငန်းက တိုက်တွန်းသတိပေးထားသည်။

“မိဘတွေကို သတင်းစကားပါးလိုတာက ကလေးတွေ ကာကွယ်ဆေးမထိုးခင်မှာ အစာအရင် ကျွေးထားပေးပါ။ ကလေးမှာ ရောဂါအခံတစ်ခုခု ရှိနေတယ်ဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေကို ကြိုတင်ပြောပြထားပါ။ ကာကွယ်ဆေးထိုးပြီးတဲ့ ကလေးကိုတော့ ဂက်စ်မပါတဲ့ အချိုရည် ဒါမှမဟုတ် ရေတိုက်ကျွေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် ချက်ချင်း အိမ်ကို တန်းမပြန်ဘဲ ကာကွယ်ဆေး ထိုးစုရပ်မှာ အနည်းဆုံး နာရီဝက်လောက် စောင့်နေပေးပါ။ ကျောင်းဆရာ၊ ဆရာမတွေ အနေနဲ့ကတော့ ကလေးတွေကို နေပူကျဲကျဲအောက်မှာ အကြာကြီး တန်းစီစောင့်ဆိုင်းနေရတာမျိုး မဖြစ်အောင်လို့ ကူညီပေးစေလိုပါတယ်”ဟု တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက သတိပေးတိုက်တွန်းထားခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးထားသည့်နေရာတွင် ရောင်ခြင်း၊ နီရဲခြင်း၊ နာခြင်း၊ အနည်းငယ်ဖျားခြင်း၊ ပျို့အန်မူးဝခြေင်းစသည့် မပြင်းထန်သည့် လက္ခဏာများ ဖြစ်နိုင်ချေရှိပြီး နှစ်ရက်ခန့်အတွင်း အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိသည်ဟု အသိပေးထားသည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း ကျောင်းအခြပြေုအစီအစဉ်အား နိုဝင်ဘာလ (၁၅)ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးခဲ့ရာ နိုဝင်ဘာလ (၁၉)ရက်နေ့အထိ ကလေး (၅) သန်းကျော်အနက် (၃) ဦးတွင် နောက်ဆက်တွဲ ပြင်းထန်သည့် လက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး တောင်သာမှ (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ (၁) ဦးနဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့မှ (၁) ဦးတို့ ပြင်းထန်သည့် လက္ခဏာများဖြစ်ပွားခဲ့ရာ တောင်သာနှင့် မြောက်ဒဂုံမှ ကလေးနှစ်ဦးမှာ ကနဦး ပြုစုမှုပေးပြီးနောက် ပကတိပြန်ကောင်းသွားခဲ့ကြောင်း သိရသည်။
ဂျပန်ဦးနှောက်ရောင်ရောဂါအား ပျောက်ကင်းရန် ကုသနိုင်သည့်ဆေးမရှိသဖြင့် ကလေးများအား ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံပေးကြရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

အသက် (၉)လမှ (၁၅)နှစ်အတွင်း ကလေးငယ် (၁၄)သန်းကျော်အား ကာကွယ်ဆေးထိုးနှံရေးအတွက် ကျောင်းအခြပြေု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့၊ ပြည်သူလူထု အခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိနှင့် သွားလာရန် ခက်ခဲသောေဝးလံခေါင်းပါးသည့် ဒေသများတွင် နို်ဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ ထိုးနှံပေးနခြေင်းဖြစ်သည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~