ကာကြယ္ေဆးထုိးၿပီးေနာက္ ေသဆံုးခဲ့သည့္ ကေလးသံုးဦးမွာ ေလျပြန္ေရာင္ျခင္းႏွင့္ အျခားဗိုင္းရပ္စ္ပိုးဝင္ျခင္းေၾကာင့္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္

ကာကြယ္ေဆးထုိးၿပီးေနာက္ ေသဆံုးခဲ့သည့္ ကေလးသံုးဦးမွာ ေလျပြန္ေရာင္ျခင္းႏွင့္ အျခားဗိုင္းရပ္စ္ပိုးဝင္ျခင္းေၾကာင့္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္
နိုဝင်ဘာ 24, 2017
By 🌸
ဂ်ပန္ဦးေႏွာက္ေရာင္ကာကြယ္ေဆးထိုးႏွံၿပီးေနာက္ ေသဆံုးခဲ့သည့္ ကေလးသံုးဦးမွာ ေလျပြန္ေရာင္ေရာဂါ၊ အျခားဗိုင္းရပ္စ္ပိုးဝင္ျခင္းေၾကာင့္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း၊ ႏွလုံးႏွင့္ ေက်ာက္ကပ္ ထိခိုက္ျခင္းမ်ားေၾကာင့္ ေသဆံုးျခင္းျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ႏိုဝင္ဘာလ (၂၄)ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕မွ ေက်ာင္းသူတစ္ဦး၊ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ႏွင့္ သာေပါင္းၿမိဳ႕နယ္တို႔မွ ကေလးႏွစ္ဦးတို႔ ကာကြယ္ေဆးထိုးၿပီးေနာက္ ေသဆံုးခဲ့သျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား၊ ကေလးအထူးကုဆရာဝန္ႀကီးမ်ားႏွင့္ ကမၻာ့က်န္းမာေရးအဖြဲ႕၊ ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕တို႔မွ တာဝန္ရွိသူမ်ားက စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ပင္ေလာင္းၿမိဳ႕မွ ေက်ာင္းသူမွာ ငယ္စဥ္ကတည္းက ေလႁပြန္ေရာင္ေသာေရာဂါျဖစ္ပြားခဲ့ၿပီး ကာကြယ္ေဆးထိုးၿပီးေနာက္ ေလႁပြန္ ႐ုတ္တရက္က်ဥ္းေသာ လကၡဏာမ်ား ျပင္းထန္စြာျဖစ္ေပၚခဲ့သည္ကို စစ္ေဆးေတြ႔ရိွရၿပီး ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕နယ္ႏွင့္ သာေပါင္းၿမိဳ႕နယ္တို႔မွ  ကေလးႏွစ္ဦးမွာ အျခားဗိုင္းရပ္စ္ပိုးဝင္ျခင္းေၾကာင့္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း၊ ႏွလုံးႏွင့္ ေက်ာက္ကပ္ ထိခိုက္ျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

အဆိုပါျဖစ္ရပ္မ်ားေၾကာင့္ လက္ရိွကာကြယ္ေဆးထိုးအစီအစဥ္တြင္ ကာကြယ္ေဆးမထိုးသင့္သည့္ အေျခအေနႏွင့္ လကၡဏာမ်ား ရွိ၊ မရွိကို ကာကြယ္ေဆးမထိုးမီ စစ္ေဆးျခင္း၊ ကာကြယ္ေဆး မထိုးသင့္သည့္ အေျခအေနကို မိဘမ်ား ပိုမိုသိရွိရန္ ကာကြယ္ေဆး မထိုးသင့္သည့္ အခ်က္အလက္မ်ားပါဝင္ေသာ ဗီႏိုင္းပိုစတာမ်ားကို ကာကြယ္ေဆးထိုးစုရပ္တိုင္းတြင္ ခ်ိတ္ဆြဲေပးျခင္း၊ မိဘမ်ား သိရွိလိုေသာ အခ်က္အလက္မ်ားအတြက္ အေမးအေျဖက႑မ်ားကို ပိုမိုက်ယ္ျပန္႔စြာ အသိေပးထုတ္ျပန္ျခင္း၊ ကာကြယ္ေဆးထိုးၿပီး တစ္နာရီ ေစာင့္ၾကည့္ျခင္း၊ မည္သည့္လကၡဏာမ်ိဳးမဆို ေပၚေပါက္ပါက ဆရာဝန္၊ ဆရာမထံ ခ်က္ခ်င္းျပသရန္ အသိေပးျခင္းစသည့္ အစီအစဥ္မ်ားကို ထည့္သြင္းေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေက်ာင္းအေျချပဳ ကာကြယ္ေဆးထိုးအစီအစဥ္ကို ႏိုဝင္ဘာလ (၁၅)ရက္ေန႔က စတင္ခဲ့ရာ ႏိုဝင္ဘာလ (၂၃) ရက္ေန႔ ညေန (၄)နာရီအထိ ရရိွေသာသတင္းအရ  ရည္မွန္းကေလးဦးေရ (၈.၆) သန္းခန္႔အနက္ (၈) သန္းေက်ာ္ ထိုးႏွံေပးႏိုင္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရၿပီး ျပည္သူလူထုအေျချပဳ ကာကြယ္ေဆးထိုးအစီအစဥ္ကို ဒီဇင္ဘာလ (၁၁)ရက္ေန႔တြင္ စတင္ေဆာင္ရြက္မည္ျဖစ္သည္။

ေရာဂါျဖစ္ပြားလွ်င္ ေပ်ာက္ကင္းေအာင္ ကုသႏိုင္သည့္ေဆး မရွိသည့္ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ျဖစ္ပြားမႈမ်ားေသာ ကမၻာ့ႏိုင္ငံ (၂၄) ႏိုင္ငံတြင္ ပါဝင္ေနသည့္ ျမန္မာႏုိင္ငံတြင္ ေရာဂါျဖစ္ႏိုင္ေခ်ရွိၿပီး ကာကြယ္ေဆးမရရွိေသးေသာ အသက္ (၉) လမွ (၁၅) ႏွစ္အရြယ္ ကေလးမ်ားအတြက္ အစုလိုက္ကာကြယ္ေဆးထိုးအစီအစဥ္ကို ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းအတြက္ ကမၻာ့က်န္းမာေရးအဖြဲ႕၊ ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕တို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသားအဆင့္ ကာကြယ္ေဆးထိုးလုပ္ငန္းဆိုင္ရာ အႀကံေပးအဖြဲ႕၏ နည္းပညာဆိုင္ရာ အႀကံျပဳမႈျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂ်ပန္ဦးေႏွာက္ေရာင္ကာကြယ္ေဆး အစုလိုက္ထိုးႏွံျခင္းလုပ္ငန္းတြင္ သုံးစြဲလ်က္ရွိသည့္ ကာကြယ္ေဆးမွာ ကမၻာ့က်န္းမာေရးအဖြဲ႕မွ အသိအမွတ္ျပဳ Japanese Encephalitis Vaccine Live (SA 14-14-2) ကာကြယ္ေဆး ျဖစ္ၿပီး  လူေပါင္းသန္း (၄၀၀) ေက်ာ္ကို ထိုးႏွံေပးခဲ့ၿပီးျဖစ္ကာ ႏိုင္ငံေပါင္း (၁၁) ႏိုင္ငံတြင္ သုံးစြဲလ်က္ ရွိေၾကာင္း သိရသည္။

 ကာကြယ္ေဆးမ်ား၏ ေဘးကင္းလုံျခဳံမႈဆိုင္ရာ ကမၻာ့အႀကံေပးေကာ္မတီ (Global Advisory Committee on Vaccine Safety) က အလြန္ေဘးကင္းေသာ ကာကြယ္ေဆးအျဖစ္ (WHO, Weekly Epidemiological Record, No.28, 2005, 80, 241–248) တြင္ အသိအမွတ္ျပဳ ေဖာ္ျပထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးခဲ့သည့် ကလေးသုံးဦးမှာ လေပြွန်ရောင်ခြင်းနှင့် အခြားဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်
***********
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးခဲ့သည့် ကလေးသုံးဦးမှာ လေပြွန်ရောင်ရောဂါ၊ အခြားဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း၊ နှလုံးနှင့် ကျောက်ကပ် ထိခိုက်ခြင်းများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာလ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့မှ ကျောင်းသူတစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့မှ ကလေးနှစ်ဦးတို့ ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးခဲ့သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကလေးအထူးကုဆရာဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့မှ တာဝန်ရှိသူများက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပင်လောင်းမြို့မှ ကျောင်းသူမှာ ငယ်စဉ်ကတည်းက လေပြွန်ရောင်သောရောဂါဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးထိုးပြီးနောက် လေပြွန် ရုတ်တရက်ကျဉ်းသော လက္ခဏာများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့မှ  ကလေးနှစ်ဦးမှာ အခြားဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း၊ နှလုံးနှင့် ကျောက်ကပ် ထိခိုက်ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါဖြစ်ရပ်များကြောင့် လက်ရှိကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးမထိုးသင့်သည့် အခြေအနေနှင့် လက္ခဏာများ ရှိ၊ မရှိကို ကာကွယ်ဆေးမထိုးမီ စစ်ဆေးခြင်း၊ ကာကွယ်ဆေး မထိုးသင့်သည့် အခြေအနေကို မိဘများ ပိုမိုသိရှိရန် ကာကွယ်ဆေး မထိုးသင့်သည့် အချက်အလက်များပါဝင်သော ဗီနိုင်းပိုစတာများကို ကာကွယ်ဆေးထိုးစုရပ်တိုင်းတွင် ချိတ်ဆွဲပေးခြင်း၊ မိဘများ သိရှိလိုသော အချက်အလက်များအတွက် အမေးအဖြေကဏ္ဍများကို ပိုမိုကျယ်ပြန့်စွာ အသိပေးထုတ်ပြန်ခြင်း၊ ကာကွယ်ဆေးထိုးပြီး တစ်နာရီ စောင့်ကြည့်ခြင်း၊ မည်သည့်လက္ခဏာမျိုးမဆို ပေါ်ပေါက်ပါက ဆရာဝန်၊ ဆရာမထံ ချက်ချင်းပြသရန် အသိပေးခြင်းစသည့် အစီအစဉ်များကို ထည့်သွင်းဆောင်ရွက်ထားကြောင်း သိရသည်။

ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို နိုဝင်ဘာလ (၁၅)ရက်နေ့က စတင်ခဲ့ရာ နိုဝင်ဘာလ (၂၃) ရက်နေ့ ညနေ (၄)နာရီအထိ ရရှိသောသတင်းအရ  ရည်မှန်းကလေးဦးရေ (၈.၆) သန်းခန့်အနက် (၈) သန်းကျော် ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရပြီး ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။

ရောဂါဖြစ်ပွားလျှင် ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေး မရှိသည့် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုများသော ကမ္ဘာ့နိုင်ငံ (၂၄) နိုင်ငံတွင် ပါဝင်နေသည့် မြန်မာနိုင်ငံတွင် ရောဂါဖြစ်နိုင်ချေရှိပြီး ကာကွယ်ဆေးမရရှိသေးသော အသက် (၉) လမှ (၁၅) နှစ်အရွယ် ကလေးများအတွက် အစုလိုက်ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့၏ နည်းပညာဆိုင်ရာ အကြံပြုမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းတွင် သုံးစွဲလျက်ရှိသည့် ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြု Japanese Encephalitis Vaccine Live (SA 14-14-2) ကာကွယ်ဆေး ဖြစ်ပြီး  လူပေါင်းသန်း (၄၀၀) ကျော်ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကာ နိုင်ငံပေါင်း (၁၁) နိုင်ငံတွင် သုံးစွဲလျက် ရှိကြောင်း သိရသည်။

 ကာကွယ်ဆေးများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကမ္ဘာ့အကြံပေးကော်မတီ (Global Advisory Committee on Vaccine Safety) က အလွန်ဘေးကင်းသော ကာကွယ်ဆေးအဖြစ် (WHO, Weekly Epidemiological Record, No.28, 2005, 80, 241–248) တွင် အသိအမှတ်ပြု ဖော်ပြထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~