ထန်းတောများ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများ တိုးတက်ရေးအတွက် နည်းပညာများ ပံ့ပိုးပေးမည်

ထန်းတောများ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများ တိုးတက်ရေးအတွက် နည်းပညာများ ပံ့ပိုးပေးမည်
နိုဝငျဘာ 6, 2017
By Tachileik News Agency


“ထန်းတောများ လျော့နည်းပပျောက်ခြင်းမှ ကာကွယ်ရန်နှင့် ထန်းတောင်သူများဘဝ တိုးတက် မြင့်မားစေရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထန်းပင် အသစ်များ စိုက်ပျိုးခြင်း၊ ထန်းသားမှ ကုန်ချောထုတ်လုပ်ခြင်းနှင့် ထန်းရည်မှ ထန်းလျက်ထုတ်လုပ်မှု တွင် နည်းပညာများကို ပံ့ပိုးပေးခြင်း၊ ခေတ်မီထန်းတက်နည်းပညာများ အသုံးပြုနိုင်ရေး ကူညီပေးခြင်းများကို ထန်းပိုင်ရှင်နှင့် ထန်းလုပ်သားများကို ပညာပေးစည်းရုံး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော် က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာ လှမိုးက မြန်မာနိုင်ငံအလယ်ပိုင်း ထန်းပင်နှင့် ထန်းတောများ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများဘ၀ တိုးတက်မြင့်မားစေရန်အတွက် အလေးထား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံအလယ်ပိုင်းမှ ထန်းတောများ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများဘဝ တိုးတက်ရေးအတွက် ထုတ်လုပ်မှု နည်းပညာများ ပံ့ပိုးပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပုဂ္ဂလိကကုမ္ပဏီများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထန်းတောများ လျော့နည်းပပျောက်ခြင်းမှ ကာကွယ်ရန်နှင့် ထန်းတောင်သူများဘဝ တိုးတက် မြင့်မားစေရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထန်းပင် အသစ်များ စိုက်ပျိုးခြင်း၊ ထန်းသားမှ ကုန်ချောထုတ်လုပ်ခြင်းနှင့် ထန်းရည်မှ ထန်းလျက်ထုတ်လုပ်မှု တွင် နည်းပညာများကို ပံ့ပိုးပေးခြင်း၊ ခေတ်မီထန်းတက်နည်းပညာများ အသုံးပြုနိုင်ရေး ကူညီပေးခြင်းများကို ထန်းပိုင်ရှင်နှင့် ထန်းလုပ်သားများကို ပညာပေးစည်းရုံး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော် က လွှတ်တော်တွင် ဖြကြေားခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာ လှမိုးက မြန်မာနိုင်ငံအလယ်ပိုင်း ထန်းပင်နှင့် ထန်းတောများ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများဘဝ တိုးတက်မြင့်မားစေရန်အတွက် အလေးထား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~