ဝန္ႀကီးဌာနအသစ္ႏွစ္ခု တိုးခ်ဲ႕ဖြဲ႕စည္းေရး ႏိုဝင္ဘာလ ၂၃ ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္၌ ေဆြးေႏြးမည္

ဝန္ႀကီးဌာနအသစ္ႏွစ္ခု တိုးခ်ဲ႕ဖြဲ႕စည္းေရး ႏိုဝင္ဘာလ ၂၃ ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္၌ ေဆြးေႏြးမည္
နိုဝင်ဘာ 20, 2017
By Tachileik News Agency

ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုးဝန္ႀကီးဌာနႏွင့္ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီးဌာန ႏွစ္ခုအား တိုးခ်ဲ႕ဖြဲ႕စည္းရန္ႏွင့္ ႏိုင္ငံေတာ္သမၼတမွ အမည္စာရင္းတင္သြင္းသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ား ခန္႔ထားေရးတို႔အား ႏိုဝင္ဘာလ (၂၃)ရက္ေန႔တြင္ က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေဆြးေႏြးမည္ျဖစ္သည္။

ႏုိင္ငံေတာ္သမၼတက တိုးခ်ဲ႕ဖြဲ႔စည္းလိုသည့္ ဝန္ႀကီးဌာန (၂)ခုႏွင့္ အဆုိပါ ဝန္ႀကီးဌာနမ်ားအတြက္ ျပည္ေထာင္စုဝန္ႀကီးမ်ား အမည္စာရင္းေပးပို႔သည့္ သဝဏ္လႊာအား ႏိုဝင္ဘာလ (၂၀)ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ဆဌမပံုမွန္အစည္းအေဝး နဝမေန႔ အစည္းအေဝးတြင္ တင္ျပခဲ့ျခင္းျဖစ္သည္။

“ယခုအစိုးရလက္ထက္မွာ ဝန္ႀကီးဌာန (၂၂)ခု ဖြဲ႕စည္းေဆာင္ရြက္ခဲ့ရာမွာ လိုအပ္ခ်က္အရ ဝန္ႀကီးဌာန (၂)ခုျဖည့္စြက္ဖြဲ႕စည္းႏိုင္ေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္၏ သေဘာတူညီခ်က္ရရိွရန္ ႏိုင္ငံေတာ္ သမၼတက ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပျခင္းျဖစ္ပါတယ္။ ျဖည့္စြက္ဖြဲ႕စည္းလိုတဲ့ ဝန္ႀကီးဌာနတစ္ခုမွာ ျပည္ေထာင္စုအစိုးရ အဖြဲ႔ရံုးဝန္ႀကီးဌာနျဖစ္ပါတယ္။ ျပည္ေထာင္စုအစိုးရအဖြဲ႔၏ လုပ္ငန္းတာဝန္မ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ျဖစ္သူ ျပည္ေထာင္စုအစိုးရအဖြဲ႔ အတြင္းေရးမွဴးက ႏုိင္ငံေတာ္သမၼတ ထံတင္ျပ၍ ေဆာင္ရြက္လ်က္ရိွပါတယ္။ ျပည္ေထာင္စု၏ အုပ္ခ်ဳပ္မႈဆိုင္ရာ ကိစၥရပ္မ်ား၊ စီမံကိန္းနွင့္ ဘ႑ာေရးဆိုင္ရာ ကိစၥရပ္မ်ား၊ စီးပြားေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ဥပေဒျပဳေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ အျခားကိစၥရပ္မ်ားအပါအဝင္ မ်ားျပားသည့္လုပ္ငန္းတာဝန္မ်ားကို ေဆာင္ရြက္လ်က္ရိွပါတယ္။ ယင္းသို႔ ေဆာင္ရြက္ရာတြင္ ႏုိင္ငံေတာ္သမၼတအား တာဝန္ခံ၍ ျပည္ေထာင္စုအစိုးရအဖြဲ႔ဝင္ ျပည္ေထာင္စုဝန္ႀကီးတစ္ဦးကိုခန္႔အပ္၍ ေဆာင္ရြက္ေစမည္ဆုိလွ်င္ ပိုမိုထိေရာက္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏုိ္င္မွာျဖစ္သျဖင့္ ယင္းဌာနကို ထပ္မံဖြဲ႕စည္းလိုျခင္းျဖစ္ပါတယ္”ဟု ႏိုင္ငံေတာ္သမၼတ၏ တာဝန္ေပးခ်က္အရ ႏိုင္ငံေတာ္သမၼတရံုး၏ သဝဏ္လႊာအား ျပည္ေထာင္စုအဆင့္အဖြဲ႔အစည္းဝင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက ျပည္ေထာင္စုလႊတ္ေတာ္တြင္ ရွင္းလင္းတင္ျပသည္။

အဆိုပါ ဝန္ႀကီးဌာနႏွစ္ခုအား ျဖည့္စြက္ ဖြဲ႕စည္းေဆာင္ရြက္ရာတြင္ ႏုိင္ငံေတာ္ဘ႑ာေငြ ထပ္မံသံုးစြဲမည္ မဟုတ္ဘဲ လက္ရိွျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး၏ ဝန္ထမ္းအင္အားျဖင့္ ျပည္ေထာင္စုအစိုးရ အဖြဲ႔ရံုးဝန္ႀကီးဌာနအား ဖြဲ႔စည္းေဆာင္ရြက္မည္ျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာနကိုလည္း လက္ရိွ ႏုိင္ငံျခားေရးဝန္ႀကီးဌာနရိွ အျပည္ျပည္ဆုိင္ရာအဖြဲ႔အစည္းမ်ားႏွင့္ စီးပြားေရးဦးစီးဌာနမွ ဝန္ထမ္းမ်ားျဖင့္ ဖြဲ႔စည္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္သည္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီး လုပ္ငန္းတာဝန္မ်ားကို ထမ္းေဆာင္လ်က္ရိွရာ အခ်ိဳ႕ေသာ ႏုိင္ငံတကာအစည္းအေဝးမ်ားတြင္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး တက္ေရာက္ၿပီး အခ်ိဳ႕ေသာ ႏုိင္ငံတကာ အစည္းအေဝးမ်ားတြင္ ယခုဖြဲ႔စည္းမည့္ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက တက္ေရာက္မွာ ျဖစ္ပါတယ္။ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာန၏ ရံုးဌာနကိုလည္း ႏို္င္ငံျခားေရးဝန္ႀကီးဌာနရံုး အေဆာက္အဦတြင္ထားမည္ျဖစ္ရာ ဝန္ႀကီးဌာနႏွစ္ခု နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ႏုိင္မည္ ျဖစ္ပါတယ္။ ယခုအခါတြင္ ႏုိင္ငံျခား သံတမန္ေရးရာ ကိစၥရပ္မ်ားကို ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေဆာင္ရြက္ၿပီး ႏုိင္ငံတကာ အဖြဲ႔အစည္းမ်ားႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ားကို စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ေဆာင္ရြက္လ်က္ရိွပါတယ္။ ယင္းႏုိင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ားကို ယခုဖြဲ႕စည္းမည့္ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာနက ေဆာင္ရြက္ျခင္းအားျဖင့္ ႏုိင္ငံတကာဆက္ဆံေရးကို ပိုမုိအဆင္ေျပေစရန္ ပူးေပါင္းေဆာင္ရြက္သြားႏုိင္မည္ျဖစ္ပါေၾကာင္း ရွင္းလင္းတင္ျပအပ္ပါတယ္”ဟု ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက ရွင္းလင္းတင္ျပသည္။

အဆိုပါ ဝန္ႀကီးဌာနဖြဲ႔စည္းရျခင္းမွာ ႏုိင္ငံတကာအေရးကိစၥမ်ားတြင္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ႏွင့္ ႏုိင္ငံတကာေရးရာကိစၥရပ္မ်ားတြင္ ႏိုင္ငံေရးရႈေထာင့္၊ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ရႈေထာင့္မ်ားမွ သံုးသပ္ၿပီး ႏုိင္ငံေတာ္သမၼတအား တာဝန္ခံေဆာင္ရြက္မည့္ ဝန္ႀကီးဌာနတစ္ခု လိုအပ္လာသည့္အတြက္ တိုးခ်ဲ႕ဖြဲ႕စည္းရန္ လိုအပ္ျခင္းျဖစ္ေၾကာင္း ရွင္းလင္း တင္ျပထားသည္။

ႏိုင္ငံေတာ္သမၼတ တင္ျပထားသည့္ ဝန္ႀကီးဌာနႏွစ္ခုဖြဲ႔စည္းေရးကို လႊတ္ေတာ္တြင္ ေဆြးေႏြး၍ အတည္ျပဳမႈရရိွပါက ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးေသာင္းထြန္းႏွင့္ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးေက်ာ္တင္တို႔အား အမည္စာရင္း တင္သြင္းထားမႈမ်ားကို ဆက္လက္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန နှစ်ခုအား တိုးချဲ့ဖွဲ့စည်းရန်နှင့် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးများ ခန့်ထားရေးတို့အား နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတက တိုးချဲ့ဖွဲ့စည်းလိုသည့် ဝန်ကြီးဌာန (၂)ခုနှင့် အဆိုပါ ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်းပေးပို့သည့် သဝဏ်လွှာအား နိုဝင်ဘာလ (၂၀)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။

“ယခုအစိုးရလက်ထက်မှာ ဝန်ကြီးဌာန (၂၂)ခု ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ လိုအပ်ချက်အရ ဝန်ကြီးဌာန (၂)ခုဖြည့်စွက်ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းဖြစ်ပါတယ်။ ဖြည့်စွက်ဖွဲ့စည်းလိုတဲ့ ဝန်ကြီးဌာနတစ်ခုမှာ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်သမ္မတ ထံတင်ပြ၍ ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စု၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒပြေုရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအပါအဝင် များပြားသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတအား တာဝန်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးကိုခန့်အပ်၍ ဆောင်ရွက်စေမည်ဆိုလျှင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နို်င်မှာဖြစ်သဖြင့် ယင်းဌာနကို ထပ်မံဖွဲ့စည်းလိုခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရ နိုင်ငံတော်သမ္မတရုံး၏ သဝဏ်လွှာအား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြသည်။

အဆိုပါ ဝန်ကြီးဌာနနှစ်ခုအား ဖြည့်စွက် ဖွဲ့စည်းဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေ ထပ်မံသုံးစွဲမည် မဟုတ်ဘဲ လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ဝန်ထမ်းအင်အားဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအား ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကိုလည်း လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိရာ အချို့သော နိုင်ငံတကာအစည်းအဝေးများတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး တက်ရောက်ပြီး အချို့သော နိုင်ငံတကာ အစည်းအဝေးများတွင် ယခုဖွဲ့စည်းမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တက်ရောက်မှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ရုံးဌာနကိုလည်း နို်င်ငံခြားရေးဝန်ကြီးဌာနရုံး အဆောက်အဦတွင်ထားမည်ဖြစ်ရာ ဝန်ကြီးဌာနနှစ်ခု နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။ ယခုအခါတွင် နိုင်ငံခြား သံတမန်ရေးရာ ကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ယခုဖွဲ့စည်းမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာဆက်ဆံရေးကို ပိုမိုအဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်”ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြသည်။

အဆိုပါ ဝန်ကြီးဌာနဖွဲ့စည်းရခြင်းမှာ နိုင်ငံတကာအရေးကိစ္စများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် နိုင်ငံရေးရှုထောင့်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှုထောင့်များမှ သုံးသပ်ပြီး နိုင်ငံတော်သမ္မတအား တာဝန်ခံဆောင်ရွက်မည့် ဝန်ကြီးဌာနတစ်ခု လိုအပ်လာသည့်အတွက် တိုးချဲ့ဖွဲ့စည်းရန် လိုအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြထားသည်။

နိုင်ငံတော်သမ္မတ တင်ပြထားသည့် ဝန်ကြီးဌာနနှစ်ခုဖွဲ့စည်းရေးကို လွှတ်တော်တွင် ဆွေးနွေး၍ အတည်ပြုမှုရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်တင်တို့အား အမည်စာရင်း တင်သွင်းထားမှုများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~