ေရႊတြင္းၿပိဳ၍ ပိတ္မိေနသူ (၄)ဦးအနက္ (၃)ဦး ေသဆံုး၊ (၁)ဦးအသက္ရွင္လြတ္ေျမာက္

ေရႊတြင္းၿပိဳ၍ ပိတ္မိေနသူ (၄)ဦးအနက္ (၃)ဦး ေသဆံုး၊ (၁)ဦးအသက္ရွင္လြတ္ေျမာက္
နိုဝင်ဘာ 16, 2017
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ခရိုင္၊ စဥ့္ကူးၿမိဳ႕နယ္၊ ငါးျပားေပးေက်းရြာရိွ ျပည္သာနိုင္ ေရႊသတၱဳ တူးေဖာ္ေရး ကုမၸဏီ၏ အင္းအတြင္း ေရႊခိုးတူးစဥ္ ႏိုဝင္ဘာလ (၁၄)ရက္ေန႔က အင္းနံရံၿပိဳက်၍ ပိတ္မိေနသူ(၄)ဦးအား တူးေဖာ္ကယ္ဆယ္ရာ ႏိုဝင္ဘာလ (၁၅)ရက္ေန႔တြင္ (၄)ဦးအနက္ (၁)ဦးကို အသက္ရွင္လ်က္ ျပန္လည္ေတြ႔ရိွရေၾကာင္း သိရသည္။

အမ်ိဳးသား (၄)ဦးက အင္းအတြင္း ေရႊခိုးတူးေနစဥ္ ႏိုဝင္ဘာလ (၁၄)ရက္ေန႔ နံနက္ (၉)နာရီခြဲခန္႔က အင္းနံရံၿပိဳက်ကာ ပိတ္မိေနေၾကာင္း သတင္းအရ ေန႔လယ္ (၁၁)နာရီ မိနစ္ (၂၀)ခန္႔တြင္ စဥ့္ကူးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၾကည္သက္ေမာင္ႏွင့္ စဥ့္ကူးၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးဦးစီးအဖြဲ႔မွ ေရအနက္ေပ (၁၈၀)ခန္႔ရိွသည့္ေရမ်ားအား ေရစုပ္စက္သံုးလံုးျဖင့္ စုပ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔ ညေန (၄)နာရီ (၄၅)မိနစ္ခန္႔တြင္ ေရအနက္(၄၅)ေပခန္႔ က်န္ရွိခ်ိန္မွစ၍ ဒုရဲအုပ္ သန္႔ဇင္ဦး ဦးစီးအဖြဲ႕တို႔မွ ကယ္ဆယ္ေရးလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ခဲ့ရာ ႏိုဝင္ဘာလ (၁၅)ရက္ေန႔ နံနက္ (၄)နာရီ (၃၅)မိနစ္ခန္႔ အင္းအတြင္း ေရအနက္(၁၀)ေပခန္႔ က်န္သည့္အခ်ိန္တြင္ ေသဆံုးေနသူ(၃)ဦးႏွင့္ အသက္ရွင္လ်က္ (၁)ဦးအား ေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ရွင္လ်က္ ေတြ႔ရိွခဲ့ရသည့္ ဇင္ဝိုင္းႏွင့္ ေသဆုံးသူ(၃)ဦးတို႔အား က်ည္ေတာက္ေပါက္ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ရာ ဇင္ဝိုင္းမွာ စိုးရိမ္ဖြယ္ မရွိသျဖင့္ ေဆး႐ုံမွ ဆင္းေပးခဲ့ၿပီး ေသဆံုးသူ (၃)ဦးအား လက္ပန္လွ ရဲကင္းစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁၅/၂၀၁၇ ႏွင့္ ေသမႈသခင္းအမွတ္စဥ္ ၁၆/၂၀၁၇ တို႔ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ငါးပြားပေးကျေးရွာရှိ ပြည်သာနိုင် ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီ၏ အင်းအတွင်း ရွှေခိုးတူးစဉ် နိုဝင်ဘာလ (၁၄)ရက်နေ့က အင်းနံရံပြိုကျ၍ ပိတ်မိနေသူ(၄)ဦးအား တူးဖော်ကယ်ဆယ်ရာ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် (၄)ဦးအနက် (၁)ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

အမျိုးသား (၄)ဦးက အင်းအတွင်း ရွှေခိုးတူးနေစဉ် နိုဝင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီခွဲခန့်က အင်းနံရံပြိုကျကာ ပိတ်မိနေကြောင်း သတင်းအရ နေ့လယ် (၁၁)နာရီ မိနစ် (၂၀)ခန့်တွင် စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်နှင့် စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ ရေအနက်ပေ (၁၈၀)ခန့်ရှိသည့်ရေများအား ရေစုပ်စက်သုံးလုံးဖြင့် စုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ ညနေ (၄)နာရီ (၄၅)မိနစ်ခန့်တွင် ရေအနက်(၄၅)ပေခန့် ကျန်ရှိချိန်မှစ၍ ဒုရဲအုပ် သန့်ဇင်ဦး ဦးစီးအဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက် (၄)နာရီ (၃၅)မိနစ်ခန့် အင်းအတွင်း ရေအနက်(၁၀)ပေခန့် ကျန်သည့်အချိန်တွင် သေဆုံးနေသူ(၃)ဦးနှင့် အသက်ရှင်လျက် (၁)ဦးအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်ရှင်လျက် တွေ့ရှိခဲ့ရသည့် ဇင်ဝိုင်းနှင့် သေဆုံးသူ(၃)ဦးတို့အား ကျည်တောက်ပေါက်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ဇင်ဝိုင်းမှာ စိုးရိမ်ဖွယ် မရှိသဖြင့် ဆေးရုံမှ ဆင်းပေးခဲ့ပြီး သေဆုံးသူ (၃)ဦးအား လက်ပန်လှ ရဲကင်းစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၇ နှင့် သေမှုသခင်းအမှတ်စဉ် ၁၆/၂၀၁၇ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~