ေရေဘးကယ္ဆယ္ေရးပစၥည္းမ်ား ခိုးထုတ္သည္ဟု သံသယရွိသူ ခရိုင္ေထြ/အုပ္ဝန္ထမ္းႏွစ္ဦးပါ ေလးဦးအား အမႈဖြင့္စစ္ေဆးေန

ေရေဘးကယ္ဆယ္ေရးပစၥည္းမ်ား ခိုးထုတ္သည္ဟု သံသယရွိသူ ခရိုင္ေထြ/အုပ္ဝန္ထမ္းႏွစ္ဦးပါ ေလးဦးအား အမႈဖြင့္စစ္ေဆးေန
နိုဝင်ဘာ 2, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ဂိုေဒါင္မွ ေရေဘးကယ္ဆယ္ေရး ပစၥည္းမ်ားအား ကားျဖင့္ခိုးထုတ္သည္ဟု သံသယရိွသည့္ အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ ဝန္ထမ္းႏွစ္ဦးပါ (၄)ဦးကို မင္းဘူးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

"ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သက္ဆုိင္ရာတုိင္းေဒသႀကီးကို report (အစီရင္ခံစာ) တက္ၿပီးၿပီ။ အမႈျဖစ္စဥ္မွာ ပါဝင္ ပတ္သက္ေနတဲ့ ကၽြန္ေတာ့္ဌာနကဝန္ထမ္းေတြကိုလည္း ဖမ္းဆီးခ်ဳပ္ေနွာင္ခြင့္တင္ျပၿပီး ခ်ဳပ္ေနွာင္ခြင့္လည္း ေပးၿပီးၿပီ " ဟု မင္းဘူးခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရေဘးကယ္ဆယ္ေရးပစၥည္းမ်ား ထုတ္ေရာင္းေနသည္ဟု သတင္းရသည့္ ေဒသခံမ်ားက ေစာင့္ၾကည့္ေနစဥ္ မင္းဘူးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ဂိုေဒါင္အတြင္းမွ ေရေဘးကယ္ဆယ္ေရး ပစၥည္းမ်ားဟု ယူဆရသည့္ အထုပ္မ်ားကို ေအာက္တုိဘာလ (၃၁)ရက္ေန႔ ည(၇)နာရီခြဲအခ်ိန္ခန္႔က လိုက္ထရပ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည္ကို ေတြ႔ရသျဖင့္ ေဒသခံတစ္ဦးက ရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

" ၿမိဳ႕နယ္ေထြ/အုပ္ဂုိေဒါင္ထဲက ပစၥည္းေတြ ကားနဲ႔သယ္ထုတ္သြားတာကို မသကၤာလုိ႔ တာဝန္သိျပည္သူ တစ္ဦးအေနနဲ႔ အဲဒီကားကို ရပ္တန္႔ေစၿပီး ကၽြန္ေတာ္တို႔ကို အေၾကာင္းၾကားတဲ့အတြက္ သြားေရာက္ စစ္ေဆးခဲ့ရာမွာ ယာဥ္ေမာင္းက ကၽြန္ေတာ္တို႔မေရာက္ခင္မွာ ထြက္ေျပးသြားတယ္လုိ႔ ေျပာပါတယ္။ ယာဥ္ေပၚပါ ပစၥည္းေတြနဲ႔ပတ္သက္ၿပီး ခုိင္ခုိင္လံုလံုမေျပာနိုင္တာေၾကာင့္ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္" ဟု မင္းဘူးၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ၿငိမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဂိုေဒါင္မွာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အသံုးမျပဳဘဲပစ္ထားသည့္ ဂုိေဒါင္ျဖစ္ၿပီး ဂိုေဒါင္အတြင္းမွ ပစၥည္းမ်ားမွာ ခရုိင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ ဝန္ထမ္းတစ္ဦးျဖစ္သူက သိုေလွာင္ထားရိွျခင္းျဖစ္ေၾကာင္း မင္းဘူးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

"ကၽြန္ေတာ္သြားစစ္ေတာ့ ဆန္ေတြနဲ႔ အဝတ္အထည္ေဟာင္းေတြ အေတာ္မ်ားတာကို ေတြ႔ရၿပီး ဆန္ေတြဆိုရင္ ပိုးက်ေနၿပီး ၿပီးခဲ့တဲ့(၂)နွစ္ေက်ာ္ေလာက္က အေနအထားမ်ိဳးေတြပါ။ သူက ပြင့္ျဖဴကေျပာင္းလာတာဆိုေတာ့ ေရေဘးအတြက္ လွဴဒါန္းထားတာေတြ သူလက္ခံထားၿပီးေတာ့ ေဝငွလို႔က်န္တာေတြကို သက္ဆုိင္ရာကို မအပ္ေတာ့ဘဲ ဘာလုပ္ရမွန္းမသိလုိ႔ ခုလိုျဖစ္သလားေပါ့။ ကၽြန္ေတာ့္အေနနဲ႔ေတာ့ ဒီလိုပဲ မွန္းဆမိတယ္ " ဟု မင္းဘူးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီဝင္းက ေျပာသည္။

ဂိုေဒါင္တြင္ ပစၥည္းမ်ား သိုေလွာင္ထားသည့္ ခရုိင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ ဝန္ထမ္းတစ္ဦးသည္ ၂၀၁၅ ခုနွစ္ ေရႀကီးစဥ္က ပြင့္ျဖဴၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ တာဝန္ ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၁၇ ခုႏွစ္တြင္ မင္းဘူးခရုိင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ေၾကာင္း သိရသည္။

လုိက္ထရပ္ယာဥ္ေပၚတြင္ သကၤန္း(၁၀)စံုပါ ပီနန္အိတ္(၁)လံုး၊ ေစာင္နွင့္အဝတ္အထည္မ်ားပါ ပီနန္အိတ္ (၁၄)လံုး၊ ဆန္ေခါက္ဆြဲထုပ္နွင့္ ဘီစကစ္ထုပ္မ်ားပါ ပီနန္အိတ္(၂)လံုး၊ ေကာ္ေရပံုးနွင့္ ဒန္အုိး ဖံုးမ်ားပါ အိတ္(၁)လံုး၊ ဆန္(၁)တင္းခြဲဝင္အိတ္(၁၅)လံုးတို႔ ေတြ႔ရေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင္႔ပတ္သက္၍ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္းနွစ္ဦးပါ (၄)ဦးကို မင္းဘူးၿမိဳ႕မရဲစခန္းတြင္ (ပ)၂၃၈၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၁၁၄ ျဖင့္ အမႈဖြင့္အေရးယူ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဂိုဒေါင်မှ ရေဘေးကယ်ဆယ်ရေး ပစ္စည်းများအား ကားဖြင့်ခိုးထုတ်သည်ဟု သံသယရှိသည့် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းနှစ်ဦးပါ (၄)ဦးကို မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

"ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးကို report (အစီရင်ခံစာ) တက်ပြီးပြီ။ အမှုဖြစ်စဉ်မှာ ပါဝင် ပတ်သက်နေတဲ့ ကျွန်တော့်ဌာနကဝန်ထမ်းတွေကိုလည်း ဖမ်းဆီးချုပ်နှောင်ခွင့်တင်ပြပြီး ချုပ်နှောင်ခွင့်လည်း ပေးပြီးပြီ " ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထုတ်ရောင်းနေသည်ဟု သတင်းရသည့် ဒေသခံများက စောင့်ကြည့်နေစဉ် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဂိုဒေါင်အတွင်းမှ ရေဘေးကယ်ဆယ်ရေး ပစ္စည်းများဟု ယူဆရသည့် အထုပ်များကို အောက်တိုဘာလ (၃၁)ရက်နေ့ ည(၇)နာရီခွဲအချိန်ခန့်က လိုက်ထရပ်ယာဉ်ဖြင့် သယ်ဆောင်လာသည်ကို တွေ့ရသဖြင့် ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" မြို့နယ်ထွေ/အုပ်ဂိုဒေါင်ထဲက ပစ္စည်းတွေ ကားနဲ့သယ်ထုတ်သွားတာကို မသင်္ကာလို့ တာဝန်သိပြည်သူ တစ်ဦးအနေနဲ့ အဲဒီကားကို ရပ်တန့်စပြေီး ကျွန်တော်တို့ကို အကြောင်းကြားတဲ့အတွက် သွားရောက် စစ်ဆေးခဲ့ရာမှာ ယာဉ်မောင်းက ကျွန်တော်တို့မရောက်ခင်မှာ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။ ယာဉ်ပေါ်ပါ ပစ္စည်းတွေနဲ့ပတ်သက်ပြီး ခိုင်ခိုင်လုံလုံမပြောနိုင်တာကြောင့် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်" ဟု မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဂိုဒေါင်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အသုံးမပြုဘဲပစ်ထားသည့် ဂိုဒေါင်ဖြစ်ပြီး ဂိုဒေါင်အတွင်းမှ ပစ္စည်းများမှာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူက သိုလှောင်ထားရှိခြင်းဖြစ်ကြောင်း မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"ကျွန်တော်သွားစစ်တော့ ဆန်တွေနဲ့ အဝတ်အထည်ဟောင်းတွေ အတော်များတာကို တွေ့ရပြီး ဆန်တွေဆိုရင် ပိုးကျနပြေီး ပြီးခဲ့တဲ့(၂)နှစ်ကျော်လောက်က အနေအထားမျိုးတွေပါ။ သူက ပွင့်ဖြူကပြောင်းလာတာဆိုတော့ ရေဘေးအတွက် လှူဒါန်းထားတာတွေ သူလက်ခံထားပြီးတော့ ဝေငှလို့ကျန်တာတွေကို သက်ဆိုင်ရာကို မအပ်တော့ဘဲ ဘာလုပ်ရမှန်းမသိလို့ ခုလိုဖြစ်သလားပေါ့။ ကျွန်တော့်အနေနဲ့တော့ ဒီလိုပဲ မှန်းဆမိတယ် " ဟု မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောသည်။

ဂိုဒေါင်တွင် ပစ္စည်းများ သိုလှောင်ထားသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးသည် ၂၀၁၅ ခုနှစ် ရကြေီးစဉ်က ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ကြောင်း သိရသည်။

လိုက်ထရပ်ယာဉ်ပေါ်တွင် သင်္ကန်း(၁၀)စုံပါ ပီနန်အိတ်(၁)လုံး၊ စောင်နှင့်အဝတ်အထည်များပါ ပီနန်အိတ် (၁၄)လုံး၊ ဆန်ခေါက်ဆွဲထုပ်နှင့် ဘီစကစ်ထုပ်များပါ ပီနန်အိတ်(၂)လုံး၊ ကော်ရေပုံးနှင့် ဒန်အိုး ဖုံးများပါ အိတ်(၁)လုံး၊ ဆန်(၁)တင်းခွဲဝင်အိတ်(၁၅)လုံးတို့ တွေ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးပါ (၄)ဦးကို မင်းဘူးမြို့မရဲစခန်းတွင် (ပ)၂၃၈၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~