Update News

Ethnic Youth Tachileik က (၄)လၾကာမည့္ သက္ေမြးမႈပညာသင္တန္းႏွင့္ ကာလတိုသင္တန္းမ်ား ဖြင့္လွစ္မည္


ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ Ethnic Youth Tachileik က (၄)လၾကာမည့္ သက္ေမြးမႈပညာ သင္တန္းႏွင့္ ကာလတိုသင္တန္းမ်ားအား ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

(၄)လၾကာမည့္ သက္ေမြးမႈပညာသင္တန္းကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး လူဦးေရကန္႔သတ္ထားေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလမွ ဒီဇင္ဘာလအထိ ဖြင့္လွစ္မည့္ ကာလတိုသင္တန္းမ်ားျဖစ္သည့္ ရပ္ရြာအက်ိဳးျပဳ ဆရာျဖစ္သင္တန္း၊ အခ်ဳပ္အလုပ္ႏွင့္ လက္မႈပညာသင္တန္း၊ အပတ္စဥ္စေနေန႔တုိင္း လူငယ္အတြက္ ဘဝပိုင္းဆိုင္ရာအသိပညာေပးျခင္း သင္တန္း၊ ကြန္ပ်ဳတာအေျခခံသင္တန္း၊ ညေနပိုင္း ထုိင္းဘာသာရပ္သင္တန္း၊ ေကာ္ဖီႏွင့္ ေဖ်ာ္ရည္ယမကာသင္တန္းမ်ားကို သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကာလတိုသင္တန္းမ်ားအနက္ ထိုင္းဘာသာစကားသင္တန္းအတြက္ သင္တန္းေၾကး ဘတ္ (၃၀၀)၊ အေျခခံအခ်ဳပ္အလုပ္သင္တန္းအတြက္ ဘတ္ (၃၀၀)ႏွင့္ က်န္သင္တန္းမ်ားမွာ အခမဲ့သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရၿပီး လူဦးေရကန္႔သတ္ထားေၾကာင္း သိရသည္။

ေလးလၾကာသင္တန္းမွာ အခမဲ့သင္တန္းျဖစ္ၿပီး စားစရိတ္သာေပးေဆာင္ရန္လိုအပ္ေၾကာင္း သိရသည္။
အဆိုပါသင္တန္းသည္ သင္တန္းသားမ်ားအား အလုပ္အကိုင္ရရိွေရးကိုပါ ကူညီေဆာင္ရြက္ ေပးေနျခင္းျဖစ္ေၾကာင္း သိရၿပီး စာအေရးအသား၊ အတြက္အခ်က္၊ ဘဝပိုင္းဆုိင္ရာ အသိပညာ၊ ေကာ္ဖီေဖ်ာ္နည္းႏွင့္ လက္မႈပညာမ်ားအတြက္ နည္းျပ ဆရာ၊ဆရာမမ်ား၊ အဂၤလိပ္မွ ျမန္မာဘာသာျပန္သူတစ္ဦးႏွင့္ အလုပ္အကိုင္ရွာေဖြမႈ ကူညီေဆာင္ရြက္ေပးမည့္ ေစတနာ့ဝန္ထမ္းမ်ား လိုအပ္ေနေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္ရန္ႏွင့္ ေစတနာ့ဝန္ထမ္းေဆာင္ရြက္လိုသူမ်ား၊ အေသးစိတ္သိရိွလိုသူမ်ားအေနျဖင့္ Ethnic Youth Tachileik ျမန္မာ ဖုန္း ၀၉ ၄၅၀၄၈၀၀၇၇ ႏွင့္ ထုိင္းဖုန္း (+၆၆) ၈၀၈၄၃၂၈၅၅ တို႔သို႔ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Ethnic Youth Tachileik က (၄)လကြာမည့် သက်မွေးမှုပညာ သင်တန်းနှင့် ကာလတိုသင်တန်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

(၄)လကြာမည့် သက်မွေးမှုပညာသင်တန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူဦးရေကန့်သတ်ထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ဖွင့်လှစ်မည့် ကာလတိုသင်တန်းများဖြစ်သည့် ရပ်ရွာအကျိုးပြု ဆရာဖြစ်သင်တန်း၊ အချုပ်အလုပ်နှင့် လက်မှုပညာသင်တန်း၊ အပတ်စဉ်စနေနေ့တိုင်း လူငယ်အတွက် ဘဝပိုင်းဆိုင်ရာအသိပညာပေးခြင်း သင်တန်း၊ ကွန်ပျုတာအခြေခံသင်တန်း၊ ညနေပိုင်း ထိုင်းဘာသာရပ်သင်တန်း၊ ကော်ဖီနှင့် ဖျော်ရည်ယမကာသင်တန်းများကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာလတိုသင်တန်းများအနက် ထိုင်းဘာသာစကားသင်တန်းအတွက် သင်တန်းကြေး ဘတ် (၃၀၀)၊ အခြေခံအချုပ်အလုပ်သင်တန်းအတွက် ဘတ် (၃၀၀)နှင့် ကျန်သင်တန်းများမှာ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရပြီး လူဦးရေကန့်သတ်ထားကြောင်း သိရသည်။

လေးလကြာသင်တန်းမှာ အခမဲ့သင်တန်းဖြစ်ပြီး စားစရိတ်သာပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသည် သင်တန်းသားများအား အလုပ်အကိုင်ရရှိရေးကိုပါ ကူညီဆောင်ရွက် ပေးနခြေင်းဖြစ်ကြောင်း သိရပြီး စာအရေးအသား၊ အတွက်အချက်၊ ဘဝပိုင်းဆိုင်ရာ အသိပညာ၊ ကော်ဖီဖျော်နည်းနှင့် လက်မှုပညာများအတွက် နည်းပြ ဆရာ၊ဆရာမများ၊ အင်္ဂလိပ်မှ မြန်မာဘာသာပြန်သူတစ်ဦးနှင့် အလုပ်အကိုင်ရှာဖွေမှု ကူညီဆောင်ရွက်ပေးမည့် စေတနာ့ဝန်ထမ်းများ လိုအပ်နေကြောင်း သိရသည်။

သင်တန်းတက်ရောက်ရန်နှင့် စေတနာ့ဝန်ထမ်းဆောင်ရွက်လိုသူများ၊ အသေးစိတ်သိရှိလိုသူများအနဖြေင့် Ethnic Youth Tachileik မြန်မာ ဖုန်း ဝ၉ ၄၅၀၄၈၀၀၇၇ နှင့် ထိုင်းဖုန်း (+၆၆) ၈၀၈၄၃၂၈၅၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::