ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း၏ အလုပ္အမႈေဆာင္သစ္မ်ား ျပန္လည္ ေရြးခ်ယ္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း၏ အလုပ္အမႈေဆာင္သစ္မ်ား ျပန္လည္ ေရြးခ်ယ္
နိုဝင်ဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း၏ တတိယအႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အသင္းသားစံုညီ အစည္းအေ၀းႏွင့္ အလုပ္အမႈေဆာင္သစ္ ေရြးခ်ယ္တင္ေျမႇာက္ပြဲအား ႏိုဝင္ဘာလ (၅)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ရွိ ဟုတ္တက္မဂၤလာခန္းမ၌ တစ္ေန႔တာ က်င္းပၿပီး အလုပ္အမႈေဆာင္သစ္(၁၆)ဦးႏွင့္ နာယက အဖြဲ ့၀င္(၃)ဦးအား ျပန္လည္ေရြးခ်ယ္တင္ေျမႇာက္ခဲ့ေၾကာင္း သိရသည္။

အလုပ္အမႈေဆာင္သစ္ေရြးခ်ယ္ရာတြင္  နာယကအဖြဲ ့၀င္မ်ားအျဖစ္ ဦးေန၀င္း၊ ဦးအားဖာ ႏွင့္ ဦးတင္ႏြယ္တို႔အား ေရြးခ်ယ္ခဲ့ၾကၿပီး ဆက္လက္၍ အသင္း၏ ဥကၠဌအျဖစ္ ဦးျမင့္ဦး(မုတ္ဆိတ္)၊ ဒုဥကၠဌ-၁ အျဖစ္ ဦးေအာင္ခင္၊ ဒုဥကၠဌ-၂ အျဖစ္ ဦးေလာ္ဒါး၊ အေထြေထြအတြင္းေရးမွဴးအျဖစ္ ဦးထြန္း၀င္းႏွင့္ တြဲဖက္အေထြေထြအတြင္းေရးမွဴးအျဖစ္ ဦးေက်ာ္ဆန္းထြန္းတို႔ ေရြးခ်ယ္ခံခဲ့ရၿပီး ဗဟိုအလုပ္အမႈေဆာင္မ်ား အျဖစ္ ဦးေက်ာ္တင့္၊ ဦးအုန္းေမာင္၊ ဦးေအးေဆြ၊ ဦးဘုန္းႏိုင္၀င္း၊ ဦဂ်န္ရန္ေပါက္၊ အလုပ္အမႈေဆာင္မ်ားအျဖစ္ ဦးေက်ာ္လင္း၊ ဦးတင္ထြန္းႏိုင္၊ ဦးေမာင္ေမာင္ျမတ္သူ၊ ေဒၚေလးေမေယာ္၊ ေဒၚစန္းစန္းယဥ္ႏွင့္ ဦးစိုင္းမြန္ခမ္းတို႔အား  မဲေပးေရြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

"ျပီးခဲ့တဲ့ သက္တမ္းအတြင္းမွာလည္း အသင္းအတြက္ အေကာင္းဆုံး လုပ္ေပးခဲ့သလိုပဲ ဒီသက္တမ္း အတြင္းမွာလည္း အေကာင္းဆုံးလုပ္သြားမွာပါပဲ။ အေတြ ့အၾကဳံေကာင္းေတြလည္း အမ်ားႀကီးရထားၿပီးပါၿပီ။ အသင္းသူ၊အသင္းသားမ်ားအေနနဲ ့လည္း ကိစၥရိွရင္ အခ်ိန္မေရြးဆက္သြယ္ပါ တတ္ႏိုင္သေလာက္ ကူညီေဆာင္ရြက္ေပးသြားပါမယ္"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း၏ ဥကၠဌ ဦးျမင့္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။

အဆိုပါ အခမ္းအနားသို ့စစ္ဗ်ဴဟာအဖဲြ႕ (အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ျမန္မာႏုိုင္ငံ သတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴး ဦးတင္ေရႊႏွင့္ တာ၀န္ရိွသူမ်ား၊ ရွမ္းျပည္နယ္(အေရွ ့ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ တာ၀န္ရိွသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု #ဇြဲျမတ္


 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအေဝးနှင့် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲအား နိုဝင်ဘာလ (၅)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဟုတ်တက်မင်္ဂလာခန်းမ၌ တစ်နေ့တာ ကျင်းပပြီး အလုပ်အမှုဆောင်သစ်(၁၆)ဦးနှင့် နာယက အဖွဲ့ဝင်(၃)ဦးအား ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

အလုပ်အမှုဆောင်သစ်ရွေးချယ်ရာတွင် နာယကအဖွဲ့ဝင်များအဖြစ် ဦးနေဝင်း၊ ဦးအားဖာ နှင့် ဦးတင်နွယ်တို့အား ရွေးချယ်ခဲ့ကြပြီး ဆက်လက်၍ အသင်း၏ ဥက္ကဌအဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဒုဥက္ကဌ-၁ အဖြစ် ဦးအောင်ခင်၊ ဒုဥက္ကဌ-၂ အဖြစ် ဦးလော်ဒါး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးထွန်းဝင်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးကျော်ဆန်းထွန်းတို့ ရွေးချယ်ခံခဲ့ရပြီး ဗဟိုအလုပ်အမှုဆောင်များ အဖြစ် ဦးကျော်တင့်၊ ဦးအုန်းမောင်၊ ဦးအေးဆွေ၊ ဦးဘုန်းနိုင်ဝင်း၊ ဦဂျန်ရန်ပေါက်၊ အလုပ်အမှုဆောင်များအဖြစ် ဦးကျော်လင်း၊ ဦးတင်ထွန်းနိုင်၊ ဦးမောင်မောင်မြတ်သူ၊ ဒေါ်လေးမေယော်၊ ဒေါ်စန်းစန်းယဉ်နှင့် ဦးစိုင်းမွန်ခမ်းတို့အား မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ သက်တမ်းအတွင်းမှာလည်း အသင်းအတွက် အကောင်းဆုံး လုပ်ပေးခဲ့သလိုပဲ ဒီသက်တမ်း အတွင်းမှာလည်း အကောင်းဆုံးလုပ်သွားမှာပါပဲ။ အတွေ့အကြုံကောင်းတွေလည်း အများကြီးရထားပြီးပါပြီ။ အသင်းသူ၊အသင်းသားများအနေနဲ့လည်း ကိစ္စရှိရင် အချိန်မရွေးဆက်သွယ်ပါ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားပါမယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ ဦးမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ အခမ်းအနားသို့စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးတင်ရွှေနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~