ပထမဆံုးအျဖစ္ ဓႏုအမ်ိဳးသားညီလာခံကို ပင္းတယၿမိဳ႕တြင္ ႏွစ္ရက္တာ က်င္းပမည္

ပထမဆံုးအျဖစ္ ဓႏုအမ်ိဳးသားညီလာခံကို ပင္းတယၿမိဳ႕တြင္ ႏွစ္ရက္တာ က်င္းပမည္
နိုဝင်ဘာ 13, 2017
By Tachileik News Agency

ဓႏုတိုင္းရင္းသားမ်ား၏ ပထမဆံုး ဓႏုအမ်ိဳးသားညီလာခံကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္းတယၿမိဳ႕တြင္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသခန္းမ၌ ႏိုဝင္ဘာလ (၂၆)ရက္ေန႔မွ (၂၇)ရက္ေန႔အထိ ေဒသအသီးသီးမွ ဓႏုတုိင္းရင္းသားကိုယ္စားလွယ္မ်ားျဖင့္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ညီလာခံတြင္ အေျခခံမူ (၅)ခ်က္ျဖစ္သည့္ ဓႏုတိုင္းရင္းသားမ်ား၏ ကိုယ္စားျပဳအဖြဲ႔ ဖြဲ႕စည္းရန္၊ ဓႏုအမ်ိဳးသားေန႔၊ ဓႏုအမ်ိဳးသားအလံ၊ ဓႏုအမ်ိဳးသားသီခ်င္းႏွင့္ ဓႏုအမ်ိဳးသားဝတ္စံုမ်ားကို အမ်ား သေဘာတူ စိစစ္ေရြးခ်ယ္ သတ္မွတ္ျခင္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ညီလာခံက်င္းပေရးအတြက္  ပင္းတယၿမိဳ႕နယ္၊ ရြာငံၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္မဲၿမိဳ႕နယ္၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ မိုးကုတ္ၿမိဳ႕နယ္၊ သာစည္ၿမိဳ႕နယ္၊ ပင္ေလာင္းၿမိဳ႕နယ္မ်ားတြင္ ရပ္/ေက်းကိုယ္စားျပဳ ကိုယ္စားလွယ္မ်ားကို ေရြးခ်ယ္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

အေျခခံမူ(၅)ခ်က္အား ဆံုးျဖတ္ရန္အတြက္ ေဒသအသီးသီးမွ ညီလာခံကိုယ္စားလွယ္မ်ားအျဖစ္ ပင္းတယၿမိဳ႕နယ္၊ ရြာငံၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္မွ (၁၀၀)ဦးစီ၊ ေတာင္ႀကီးၿမိဳ႕နယ္မွ (၄၀)ဦး၊ ေက်ာက္မဲႏွင့္ ရန္ကုန္မွ (၃၀)ဦးစီႏွင့္ ဆက္စပ္ၿမိဳ႕နယ္မ်ားမွ (၅၀)ဦးတို႔က ညီလာခံတက္ေရာက္ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ စီရင္စုရရိွသည့္ ေဒသ (၆)ခုသတ္မွတ္ေပးထားၿပီး ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရိွ ႐ြာငံၿမိဳ႕နယ္ႏွင့္ ပင္းတယၿမိဳ႕နယ္တို႔ကို ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ သတ္မွတ္ထားျခင္းျဖစ္သည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ဓနုတိုင်းရင်းသားများ၏ ပထမဆုံး ဓနုအမျိုးသားညီလာခံကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဒေသအသီးသီးမှ ဓနုတိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် အခြေခံမူ (၅)ချက်ဖြစ်သည့် ဓနုတိုင်းရင်းသားများ၏ ကိုယ်စားပြုအဖွဲ့ ဖွဲ့စည်းရန်၊ ဓနုအမျိုးသားနေ့၊ ဓနုအမျိုးသားအလံ၊ ဓနုအမျိုးသားသီချင်းနှင့် ဓနုအမျိုးသားဝတ်စုံများကို အများ သဘောတူ စိစစ်ရွေးချယ် သတ်မှတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံကျင်းပရေးအတွက် ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ ရပ်စောက်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်မဲမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ သာစည်မြို့နယ်၊ ပင်လောင်းမြို့နယ်များတွင် ရပ်/ကျေးကိုယ်စားပြု ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အခြေခံမူ(၅)ချက်အား ဆုံးဖြတ်ရန်အတွက် ဒေသအသီးသီးမှ ညီလာခံကိုယ်စားလှယ်များအဖြစ် ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချိုမြို့နယ်မှ (၁၀၀)ဦးစီ၊ တောင်ကြီးမြို့နယ်မှ (၄၀)ဦး၊ ကျောက်မဲနှင့် ရန်ကုန်မှ (၃၀)ဦးစီနှင့် ဆက်စပ်မြို့နယ်များမှ (၅၀)ဦးတို့က ညီလာခံတက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိသည့် ဒေသ (၆)ခုသတ်မှတ်ပေးထားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~