သတၱဳတူးေဖာ္ေရးလုပ္ငန္းအတြင္ အသံုးျပဳသည့္ ဆာရာႏိုက္ဓာတုပစၥည္းဓာတုပစၥည္းမ်ား က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ

သတၱဳတူးေဖာ္ေရးလုပ္ငန္းအတြင္ အသံုးျပဳသည့္ ဆာရာႏိုက္ဓာတုပစၥည္းဓာတုပစၥည္းမ်ား က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ
နိုဝင်ဘာ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕ ေလာက္ဝိုးရြာရိွ ဂိုေဒါင္တစ္ခုအား ႏို၀င္ဘာလ (၇)ရက္ေန႔ ညပိုင္းက ပူးေပါင္းအဖြဲ႔ျဖင့္ ဝင္ေရာက္စစ္ေဆးရာ တရုတ္ႏိုင္ငံမွ တရားမဝင္ တင္သြင္းလာသည့္ ဆာရာႏိုက္ဓာတုပစၥည္း (၈၀၀၀)ကီလိုအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

"သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြမွာ သုံးတဲ့ ဆာရာႏိုက္ဓာတုပစၥည္းေတြကို တရား၀င္လိုင္စင္ပါတဲ့ တျခားပစၥည္းေတြနဲ ့ အတူေရာၿပီး မိုင္းလားကေနတစ္ဆင့္ မိုင္းယန္း-မိုင္းခတ္လမ္းကေန က်ိဳင္းတုံကို သယ္လာတယ္ဆိုၿပီးေတာ့ ကၽြန္ေတာ္တို ့ဆီကို သတင္းေပးတိုင္ၾကားလာတဲ့အတြက္ ခ်က္ခ်င္းပဲ စစ္ေဆးမႈေတြလုပ္ခဲ့တာျဖစ္ပါတယ္"ဟု က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။

က်ဳိင္းတံုခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕၊ မူးယစ္တပ္ဖြဲ႔၊ နယ္ထိန္း၊ က်ိဳင္းတံုၿမိဳ႕နယ္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ အေကာက္ခြန္မွဴး၊ စရဖ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ ့သည္ သတင္းအရ ေလာက္၀ိုးရြာရိွ ဦးစိုင္းစြမ္ဖြမ္း၏ ဂိုေဒါင္အတြင္းေတြ႔ရသည့္ (၆)ဘီးယာဥ္အား စစ္ေဆးရာ တရားဝင္ တင္သြင္းခြင့္ျပဳထားသည့္ ကုန္ပစၥည္းမ်ားႏွင့္အတူ ဆာရာႏိုက္ဟု ယူဆရေသာ အျဖဴေရာင္အခဲ(၅၀)ကီလိုပါ (၁၆၀)အိတ္အား စစ္ေဆးေတြ ့ရိွခဲ့ျပီး အဆိုပါ ဆာရာႏိုက္ဓာတုပစၥည္းမ်ား တင္သြင္းရန္ တရား၀င္ေထာက္ခံခ်က္ႏွင့္လိုင္စင္မပါရိွေၾကာင္း စစ္ေဆးေတြ ့ရိွခဲ့သျဖင့္ က်ိဳင္းတုံၿမိဳ႕မရဲစခန္းသို ့ ပို႔ေဆာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

" လက္ရိွမွာ ဆာရာႏိုက္နဲ ့ ပတ္သက္ၿပီး တရား၀င္လိုင္စင္က ရွမ္း(အေရွ ့)မွာ ဘယ္သူကမွ မရထားဘူး။ တိုင္တဲ့လူကလည္း ဒါကိုသိလို ့ ကၽြန္ေတာ္တို ့ကို တိုင္တာပါ။ ေနာက္တစ္စီးကိုေတာ့ ရပ္ကြက္(၄)ထဲမွာ ေတြ ့တယ္။ ဒါေပမဲ့ အဲဒီကားေပၚမွာေတာ့ ဆာရာႏိုက္မပါဘူး။ တရား၀င္လိုင္စင္ပါတဲ့ တျခားပစၥည္းေတြကိုပဲ စစ္ေဆးေတြ ့ခဲ့တယ္"ဟု က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

ပူးေပါင္းအဖြဲ ့မွ ဖမ္းဆီးရမိခဲ့သည့္ ဆာရာႏိုက္(၁၆၀)အိတ္ႏွင့္ ယာဥ္ပိုင္ရွင္ ဦးစိုင္းစြမ္ဖြမ္းတို ့ကို ႏိုဝင္ဘာလ (၇)ရက္ေန႔ ည(၈)နာရီခန္ ့တြင္ က်ိဳင္းတုံမူးယစ္ရဲတပ္ဖြဲ ့သို ့ လႊဲေျပာင္းေပးထားၿပီး အေရးယူ ေဆာင္ရြက္ေရးအတြက္ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု - က်ိဳင္းတံုခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ လောက်ဝိုးရွာရှိ ဂိုဒေါင်တစ်ခုအား နိုဝင်ဘာလ (၇)ရက်နေ့ ညပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ဆာရာနိုက်ဓာတုပစ္စည်း (၈၀၀၀)ကီလိုအား ဖမ်းဆီးရမိကြောင်း သိရသည်။

"သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ သုံးတဲ့ ဆာရာနိုက်ဓာတုပစ္စည်းတွေကို တရားဝင်လိုင်စင်ပါတဲ့ တခြားပစ္စည်းတွေနဲ့ အတူရောပြီး မိုင်းလားကနေတစ်ဆင့် မိုင်းယန်း-မိုင်းခတ်လမ်းကနေ ကျိုင်းတုံကို သယ်လာတယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီကို သတင်းပေးတိုင်ကြားလာတဲ့အတွက် ချက်ချင်းပဲ စစ်ဆေးမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ နယ်ထိန်း၊ ကျိုင်းတုံမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ အကောက်ခွန်မှူး၊ စရဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ လောက်ဝိုးရွာရှိ ဦးစိုင်းစွမ်ဖွမ်း၏ ဂိုဒေါင်အတွင်းတွေ့ရသည့် (၆)ဘီးယာဉ်အား စစ်ဆေးရာ တရားဝင် တင်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများနှင့်အတူ ဆာရာနိုက်ဟု ယူဆရသော အဖြူရောင်အခဲ(၅၀)ကီလိုပါ (၁၆၀)အိတ်အား စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ ဆာရာနိုက်ဓာတုပစ္စည်းများ တင်သွင်းရန် တရားဝင်ထောက်ခံချက်နှင့်လိုင်စင်မပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်းသို့ ပို့ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

" လက်ရှိမှာ ဆာရာနိုက်နဲ့ ပတ်သက်ပြီး တရားဝင်လိုင်စင်က ရှမ်း(အရှေ့)မှာ ဘယ်သူကမှ မရထားဘူး။ တိုင်တဲ့လူကလည်း ဒါကိုသိလို့ ကျွန်တော်တို့ကို တိုင်တာပါ။ နောက်တစ်စီးကိုတော့ ရပ်ကွက်(၄)ထဲမှာ တွေ့တယ်။ ဒါပေမဲ့ အဲဒီကားပေါ်မှာတော့ ဆာရာနိုက်မပါဘူး။ တရားဝင်လိုင်စင်ပါတဲ့ တခြားပစ္စည်းတွေကိုပဲ စစ်ဆေးတွေ့ခဲ့တယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် ဆာရာနိုက်(၁၆၀)အိတ်နှင့် ယာဉ်ပိုင်ရှင် ဦးစိုင်းစွမ်ဖွမ်းတို့ကို နိုဝင်ဘာလ (၇)ရက်နေ့ ည(၈)နာရီခန့်တွင် ကျိုင်းတုံမူးယစ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားပြီး အရေးယူ ဆောင်ရွက်ရေးအတွက် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ - ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~