ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုျဖင့္ ေငြစကၠဴမ်ား ျပန္လည္ရိုက္ႏွိပ္ထုတ္ေဝေတာ့မည္

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုျဖင့္ ေငြစကၠဴမ်ား ျပန္လည္ရိုက္ႏွိပ္ထုတ္ေဝေတာ့မည္
နိုဝင်ဘာ 17, 2017
By Tachileik News Agency

ျမန္မာႏုိင္ငံေတာ္  ဗဟုိဘဏ္မွ ဆက္လက္ထုတ္ေဝမည့္ ေငြစကၠဴမ်ားတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုမ်ားျဖင့္ ရိုက္ႏွိပ္ထုတ္ေဝသြားရန္ ႏိုဝင္ဘာလ (၁၇)ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဆ႒မ ပုံမွန္အစည္းအေဝး (၁၃) ရက္ေျမာက္ေန႔ တြင္ အတည္ျပဳလိုက္သည္။

ယင္းအဆိုအား လႊတ္ေတာ္တြင္း မဲခြဲဆံုးျဖတ္ရာ ေထာက္ခံမဲ (၂၈၆ )မဲ ၊ ကန္႔ကြက္မဲ ( ၁၀၉  )မဲ၊ ၾကားေနမဲမရိွျဖင့္ အတည္ျပဳလိုက္ႏုိင္ျခင္းျဖစ္သည္။

“ျမန္မာႏုိင္ငံ ဗဟိုဘဏ္အေနနဲ႔ ေရွ႕ဆက္ရိုက္ႏွိပ္ထုတ္ေဝမယ့္ ေငြစကၠဴမ်ားမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံု မ်ားျဖင့္ ရိုက္ႏွိပ္ထုတ္ေဝရန္ဆိုတာဟာ ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္ရဲ႕ သေဘာထားလည္းျဖစ္ပါတယ္။ အျပစ္မဲ့ အဆိုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအဆိုကို ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္အေနနဲ႔ ေထာက္ခံပါတယ္။ အဆိုရွင္ရဲ႕ တင္ျပခ်က္ဟာ ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္ရဲ႕ သေဘာထားနဲ႔ ခံယူခ်က္နဲ႔ တစ္သေဘာတည္း ျဖစ္တဲ့အတြက္ ေထာက္ခံတင္ျပပါတယ္"ဟု ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးမင္းက ျပည္သူ႔လႊတ္ေတာ္တြင္ တင္သြင္းေဆြးေႏြးၾကသည့္ အဆိုအား ယင္းကဲ့သို႔ ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ၿမိဳင္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ခင္ဝင္း တင္သြင္းသည့္ ေရွ႕အနာဂတ္ ကာလတြင္ ႐ိုက္ႏွိပ္ထုတ္ေဝရန္ ရွိလာမည့္ ေငြစကၠဴမ်ားေပၚတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံမ်ားျဖင့္ ႐ိုက္ႏွိပ္ထုတ္ေဝရန္ ျပည္ေထာင္စုအစိုးရအား တိုက္တြန္းေၾကာင္းအဆိုကို တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးအပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ (၉)ဦးက ယေန႔အစည္းအေဝးတြင္ ေဆြးေႏြး တင္ျပၾကၿပီးေနာက္ ယင္းအဆိုအား အတည္ျပဳရန္ တပ္မေတာ္သားကိုယ္စားလွယ္မ်ားက ကန္႔ကြက္သျဖင့္ မဲခြဲဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ျပည္သူ႔ဘဏ္၊ ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္အမည္မ်ားျဖင့္ ေငြစကၠဴမ်ား ရိုက္ႏွိပ္ထုတ္ေဝခဲ့ရာတြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပံုမ်ား အသံုးျပဳခဲ့ေသာ္လည္း  လက္ရိွအသံုးျပဳေနသည့္ ေငြစကၠဴမ်ားတြင္ ျခေသၤ့ပံုမ်ားျဖင့္ ရိုက္ႏွွိပ္ ထုတ္ေဝေနျခင္းျဖစ္သျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုမ်ားျဖင့္ ျပန္လည္ရိုက္ႏွိပ္ထုတ္ေဝရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လႊတ္ေတာ္တြင္ အႀကိမ္ႀကိမ္ အဆိုတင္သြင္းခဲ့ၾကျခင္းျဖစ္ၿပီး ယခုတစ္ႀကိမ္တြင္ အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ ျပည္ေထာင္စု ျမန္မာႏုိင္ငံေတာ္ႀကီး က်က္သေရမဂၤလာႏွင့္ ျပည့္စံုေစရန္ အဆိုကို အတည္ျပဳေပးပါရန္ တင္ျပလိုပါတယ္"ဟု အဆိုတင္သြင္းသည့္ ၿမိဳင္မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ခင္ဝင္းက အဆိုအား အတည္ျပဳေပးရန္ တင္ျပရာတြင္ ေျပာၾကားခဲ့သည္။

ဦးေအာင္ခင္ဝင္းတင္သြင္းသည့္အဆိုအား မင္းတပ္ မဲဆႏၵနယ္မွ ဦးေနလင္းေအာင္၊ ေစတုတၱရာ မဲဆႏၵနယ္မွ ဦးေက်ာ္ေအာင္လြင္၊ မေကြး မဲဆႏၵနယ္မွ ဦးျမင့္ဦး၊ လယ္ေဝး မဲဆႏၵနယ္မွ  ဦးမ်ိဳးေဇာ္ဦး၊ ျမစ္ႀကီးနား မဲဆႏၵနယ္မွ ဦးအင္ထုံးခါးေနာ္ဆမ္၊ တပ္မေတာ္သားကိုယ္စားလွယ္ ဒုတိယဗိုလ္မွဴးႀကီး ေက်ာ္မင္းလႈိင္၊ ေရနံေခ်ာင္း မဲဆႏၵနယ္မွ ဦးသာခ်ိဳ၊ မင္းဘူး မဲဆႏၵနယ္မွ  ဦးဝင္းဝင္း၊ ရွားေတာ မဲဆႏၵနယ္မွ ေဒၚဝင့္ဝါထြန္းတို႔က ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

ေငြစကၠဴအမ်ိဳးအစား ေျပာင္းလဲသံုးစြဲျခင္းႏွင့္ ပတ္သက္၍ ပုဒ္မ (၆၆) တြင္ ဗဟိုဘဏ္သည္ မည္သည့္ေငြစကၠဴ အမ်ိဳးအစားကိုမဆို ေျပာင္းလဲသံုးစြဲရန္ လိုအပ္ပါက အစိုးရအဖြဲ႔၏ သေဘာ တူညီခ်က္ျဖင့္ ေဆာင္ရြက္ႏိုင္ၿပီး ယင္းေဆာင္ရြက္ခ်က္ အေျခအေနကို အနီးစပ္ဆံုး က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးသို႔ တင္ျပ၍ အတည္ျပဳခ်က္ရယူရမည္ဟု ျပ႒ာန္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဆက်လက်ထုတ်ဝေမည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေသွားရန် နိုဝင်ဘာလ (၁၇)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ တွင် အတည်ပြုလိုက်သည်။

ယင်းအဆိုအား လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၂၈၆ )မဲ၊ ကန့်ကွက်မဲ ( ၁၀၉ )မဲ၊ ကြားနေမဲမရှိဖြင့် အတည်ပြုလိုက်နိုင်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ရှေ့ဆက်ရိုက်နှိပ်ထုတ်ဝေမယ့် ငွေစက္ကူများမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ များဖြင့် ရိုက်နှိပ်ထုတ်ဝေရန်ဆိုတာဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ သဘောထားလည်းဖြစ်ပါတယ်။ အပြစ်မဲ့ အဆိုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ထောက်ခံပါတယ်။ အဆိုရှင်ရဲ့ တင်ပြချက်ဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ သဘောထားနဲ့ ခံယူချက်နဲ့ တစ်သဘောတည်း ဖြစ်တဲ့အတွက် ထောက်ခံတင်ပြပါတယ်"ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြည်သူ့လွှတ်တော်တွင် တင်သွင်းဆွေးနွေးကြသည့် အဆိုအား ယင်းကဲ့သို့ ပြန်လည် ဖြကြေားခဲ့ခြင်းဖြစ်သည်။

မြိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း တင်သွင်းသည့် ရှေ့အနာဂတ် ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက ယနေ့အစည်းအဝေးတွင် ဆွေးနွေး တင်ပြကြပြီးနောက် ယင်းအဆိုအား အတည်ပြုရန် တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အမည်များဖြင့် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ရာတွင် ဗိုလ်ချုပ် အောင်ဆန်းပုံများ အသုံးပြုခဲ့သော်လည်း လက်ရှိအသုံးပြုနေသည့် ငွေစက္ကူများတွင် ခြင်္သေ့ပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေနခြေင်းဖြစ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ပြန်လည်ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် အကြိမ်ကြိမ် အဆိုတင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေရန် အဆိုကို အတည်ပြုပေးပါရန် တင်ပြလိုပါတယ်"ဟု အဆိုတင်သွင်းသည့် မြိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက အဆိုအား အတည်ပြုပေးရန် တင်ပြရာတွင် ပြောကြားခဲ့သည်။

ဦးအောင်ခင်ဝင်းတင်သွင်းသည့်အဆိုအား မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ မကွေး မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ လယ်ဝေး မဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင်၊ ရေနံချောင်း မဲဆန္ဒနယ်မှ ဦးသာချို၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ငွေစက္ကူအမျိုးအစား ပြောင်းလဲသုံးစွဲခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၆၆) တွင် ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူ အမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဆောင်ရွက်နိုင်ပြီး ယင်းဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~