ဟိုပုံးၿမိဳ႕နယ္တြင္ ဘိန္းစိမ္းမ်ား သယ္ေဆာင္လာသူအား ဖမ္းဆီးရမိ

ဟိုပုံးၿမိဳ႕နယ္တြင္ ဘိန္းစိမ္းမ်ား သယ္ေဆာင္လာသူအား ဖမ္းဆီးရမိ
နိုဝင်ဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဟိုပုံးၿမိဳ႕နယ္ ေပါင္းလင္းေက်းရြာအုပ္စုတြင္ ႏိုဝင္ဘာလ (၁၇)ရက္ေန႔က ဘိန္းစိမ္းသယ္ေဆာင္လာသူ တစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဟိုပုံးၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဟိုပုံးၿမိဳ႕နယ္၊ ေပါင္းလင္းေက်းရြာအုပ္စု၊ နမ့္ပါခ်ီး - ဒုံမီးခိုးေက်းရြာ ကားလမ္းတြင္ ႏိုဝင္ဘာလ (၁၇)ရက္ေန႔ နံနက္ (၄)နာရီခန္႔၌ စစ္ေဆးေနစဥ္ ဆိုင္ကယ္ေမာင္းႏွင္လာသူတစ္ဦးထံမွ ဘိန္းစိမ္း ၁၅ ဒသမ ၅၁၃၄ ကီလို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

ဘိန္းစိမ္းမ်ား သယ္ေဆာင္လာသည့္ စိုင္းပိအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် ပေါင်းလင်းကျေးရွာအုပ်စုတွင် နိုဝင်ဘာလ (၁၇)ရက်နေ့က ဘိန်းစိမ်းသယ်ဆောင်လာသူ တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဟိုပုံးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ပေါင်းလင်းကျေးရွာအုပ်စု၊ နမ့်ပါချီး - ဒုံမီးခိုးကျေးရွာ ကားလမ်းတွင် နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် (၄)နာရီခန့်၌ စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးထံမှ ဘိန်းစိမ်း ၁၅ ဒသမ ၅၁၃၄ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်

ဘိန်းစိမ်းများ သယ်ဆောင်လာသည့် စိုင်းပိအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~