တာခ်ီလိတ္၌ ျပဳလုပ္သည့္ (၉၇)ႏွစ္ေျမာက္ အမ်ဳိးအသားေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ ကဗ်ာ၊ စာစီစာကံုး ႏွင့္ ပန္းခ်ီၿပိဳင္ပြဲတို႔မွ ဆုရ ေက်ာင္းသား/သူ (၂၇)ဦးအား ဆုခ်ီးျမႇင့္

တာခ်ီလိတ္၌ ျပဳလုပ္သည့္ (၉၇)ႏွစ္ေျမာက္ အမ်ဳိးအသားေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ ကဗ်ာ၊ စာစီစာကံုး ႏွင့္ ပန္းခ်ီၿပိဳင္ပြဲတို႔မွ ဆုရ ေက်ာင္းသား/သူ (၂၇)ဦးအား ဆုခ်ီးျမႇင့္
နိုဝင်ဘာ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)တာခ်ီလိတ္ၿမဳိ႕တြင္ (၉၇)ႏွစ္ေျမာက္အမ်ဳိးသားေန႔အထိမ္းအမွတ္အခမ္းအနားကုိ ၂၀၁၇ခုႏွစ္ ႏုိ၀င္ဘာလ(၁၃)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)ရွိ ခန္းမေဆာင္၌ က်င္းပျပဳလုပ္ရာ အခမ္းအနားတြင္ ႏိုင္ငံေတာ္သမၼတမွ ေပးပို႔ေသာ သ၀ဏ္လာအား ဖတ္ၾကားၿပီး ကဗ်ာ၊ စာစီစာကံုး ႏွင့္ ပန္းခ်ီၿပိဳင္ပြဲတို႔မွ ဆုရ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၂၇)ဦးအား ဆုမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရသည္။

အခမ္းအနားတြင္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၊ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ထံမွ ေပးပုိ႔ေသာ (၉၇)ႏွစ္ေျမာက္ အမ်ဳိးသားေန႔သ၀ဏ္လႊာကုိ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ဖတ္ၾကားသည္။

ယင္းေနာက္ အမ်ဳိးသားေန႔အထိမ္းအမွတ္အျဖစ္ ကဗ်ာ၊ စာစီစာကံုး ႏွင့္ ပန္းခ်ီၿပဳိင္ပဲြမ်ားတြင္ ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စစ္ဗ်ဴဟာအဖဲြ႕ (အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

(၉၇)ႏွစ္ေျမာက္အမ်ဳိးသားေန႔အထိမ္းအမွတ္အျဖစ္ ကဗ်ာ၊ စာစီစာကံုး ႏွင့္ ပန္းခ်ီၿပိဳင္ပြဲမ်ား က်င္းပျပဳလုပ္ရာတြင္ အထက္တန္းအဆင့္ ကဗ်ာၿပိဳင္ပြဲ၌ အလက(ရန္ေအာင္ေျမ)က မေအးသူဇာက ပထမဆု၊ အလက(ခြဲ)-တာေလာ့ေက်ာင္းမွ မသရဖီသိမ့္က ဒုတိယဆု၊ အထက(ဆန္ဆိုင္း)မွ မဇင္မာေအာင္က တတိယဆုမ်ားအျဖစ္လည္းေကာင္း၊ အလယ္တန္းဆင့္ ကဗ်ာၿပိဳင္ပြဲတြင္ အလက(ခြဲ)တာေလာ့မွ မေအးခ်မ္းျဖဴ က ပထမဆု၊ အထက(မိုင္းကိုး)မွ မေဇေနာက ဒုတိယဆု၊ အထက(မုိင္းကိုး)မွ ေမာင္ေဇာ္လင္းထြဋ္ က တတိယဆုမ်ားအျဖစ္ လည္းေကာင္း၊ မူလတန္းဆင့္ ကဗ်ာၿပိဳင္ပြဲတြင္ အထက(တာခ်ီလိတ္)က ေမာင္သန္႔သုတထက္က ပထမဆု၊ အထက(ဆန္ဆိုင္း)မွ မျပည့္ျပည့္၀င္းက ဒုတိယဆု၊ အလက(ခြဲ)တာေလာ့ေက်ာင္းမွ ေမာင္စည္သူေအာင္က တတိယဆုမ်ားအျဖစ္လည္းေကာင္း အသီးသီးရရွိသြားေၾကာင္း သိရသည္။

ဆက္လက္၍ အထက္တန္းအဆင့္ စာစီစာကံုးၿပိဳင္ပြဲတြင္ အထက(တာခ်ီလိတ္)မွ မရႊန္းလဲ့ၿဖဳိးက ပထမဆု၊ အလက(ခြဲ)တာေလာ့မွ မခင္ယုလႈိင္က ဒုတိယဆု၊ အထက(မိုင္းကိုး)မွ မနန္း၀ိုးဟြမ္က တတိယဆုမ်ားအျဖစ္ လည္းေကာင္း၊ အလယ္တန္းအဆင့္ စာစီစာကံုးၿပိဳင္ပြဲတြင္ အလက(ခြဲ)တာေလာ့ေက်ာင္းမွ မနန္းဆု၀တီႏြယ္က ပထမဆု၊ အလက(ခြဲ)တာေလာ့ေက်ာင္းမွ မေအးသြယ္သြယ္ေအာင္က ဒုတိယဆု၊ အထက(တာခ်ီလိတ္)မွ မေမစႏၵာမ်ဳိးက တတိယဆုမ်ားအျဖစ္ လည္းေကာင္း၊ မူလတန္းအဆင့္ စာစီစာကံုးၿပိဳင္ပြဲတြင္ မူလြန္(ပုန္းထြန္)မွ မမီမီခင္က ပထမဆု၊ အထက(တာခ်ီလိတ္)မွ မသႏၱာေအးက ဒုတိယဆု၊ အထက(ဆန္ဆိုင္း)မွ မနန္းေလာင္ဟိန္းက တတိယဆုမ်ားအျဖစ္လည္းေကာင္း အသီးသီး ရရွိသြားေၾကာင္း သိရသည္။

ဆက္လက္၍ ပန္းခ်ီၿပိဳင္ပြဲ၏ အထက္တန္းအဆင့္ ၿပိဳင္ပြဲတြင္ အထက(ဆန္ဆိုင္း)မွ မနန္းဘိုက်န္က ပထမဆု၊ အထက(ဆန္ဆိုင္း)မွ မနန္းသီရိရွင္းသန္႔က ဒုတိယဆု၊ အထက(မိုင္းကိုး)မွ မနန္းရွဲန္ဟြမ္က တတိယဆုအျဖစ္လည္းေကာင္း၊ အလယ္တန္းအဆင့္ ပန္းခ်ီၿပိဳင္ပြဲတြင္ အထက(ဆန္ဆိုင္း)မွ မနန္းဟြမ္ႏြန္းက ပထမဆု၊ အလက(ခြဲ)တာေလာ့ေက်ာင္းမွ ေမာင္စိုင္းမိုးတိမ္ က ဒုတိယဆု၊ အထက(ဆန္ဆိုင္း)တြင္ မနန္းႏြံက တတိယဆုမ်ားအျဖစ္လည္းေကာင္း၊ မူလတန္းအဆင့္ ပန္းခ်ီၿပိဳင္ပြဲတြင္ အထက(ဆန္ဆိုင္း)မွ မဆုျပည့္စံုက ပထမဆု၊ အထက(ဆန္ဆိုင္း)မွ မႏွင္းေဟမာန္ေအာင္က ဒုတိယဆု ႏွင့္ အထက(တာခ်ီလိတ္)မွ မနန္းအိမ္ဖြန္ က တတိယဆုမ်ားအျဖစ္ လည္းေကာင္း အသီးသီးရရွိသြားေၾကာင္း သိရသည္။

အမ်ဳိးသားေန႔ အျဖစ္ စတင္သတ္မွတ္ျခင္းႏွင့္ ပတ္သက္၍ ၁၉၂၁ခုႏွစ္ ေအာက္တိုဘာလ(၂၁)ရက္ေန႔မွ (၂၄)ရက္ေန႔အထိ မႏၱေလးၿမိဳ႕တြင္ က်င္းပသည့္ န၀မအႀကိမ္ေျမာက္ ဂ်ီစီဘီေအ ညီလာခံတြင္ ပထမေက်ာင္းသား သပိတ္စတင္ခဲ့သည့္ ျမန္မာသကၠရာဇ္ ၁၂၈၂ခုႏွစ္၊ တန္ေဆာင္မုန္းလျပည့္ေက်ာ္(၁၀)ရက္ေန႔အား အမ်ဳိးသားေန႔အျဖစ္ သတ္မွတ္ျပဌာန္းရန္ စတင္ေဆြးေႏြးကာ ၁၉၂၂ခုႏွစ္ ဇြန္လ(၁၇)ရက္ေန႔က ရန္ကုန္ၿမိဳ႕တြင္း စတင္က်င္းပခဲ့သည့္ ဂ်ီစီဘီေအအထူးညီလာခံံတြင္ ၎ေန႔အား အမ်ဳိးသားေန႔အျဖစ္ သတ္မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - #ေအာင္ေက်ာ္၀င္းစိန္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် (၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)ရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် နိုင်ငံတော်သမ္မတမှ ပေးပို့သော သဝဏ်လာအား ဖတ်ကြားပြီး ကဗျာ၊ စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲတို့မှ ဆုရ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇)ဦးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော (၉၇)နှစ်မြောက် အမျိုးသားနေ့သဝဏ်လွှာကို တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။

ယင်းနောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကဗျာ၊ စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကဗျာ၊ စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၌ အလက(ရန်အောင်မြေ)က မအေးသူဇာက ပထမဆု၊ အလက(ခွဲ)-တာလော့ကျောင်းမှ မသရဖီသိမ့်က ဒုတိယဆု၊ အထက(ဆန်ဆိုင်း)မှ မဇင်မာအောင်က တတိယဆုများအဖြစ်လည်းကောင်း၊ အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင် အလက(ခွဲ)တာလော့မှ မအေးချမ်းဖြူ က ပထမဆု၊ အထက(မိုင်းကိုး)မှ မဇေနောက ဒုတိယဆု၊ အထက(မိုင်းကိုး)မှ မောင်ဇော်လင်းထွဋ် က တတိယဆုများအဖြစ် လည်းကောင်း၊ မူလတန်းဆင့် ကဗျာပြိုင်ပွဲတွင် အထက(တာချီလိတ်)က မောင်သန့်သုတထက်က ပထမဆု၊ အထက(ဆန်ဆိုင်း)မှ မပြည့်ပြည့်ဝင်းက ဒုတိယဆု၊ အလက(ခွဲ)တာလော့ကျောင်းမှ မောင်စည်သူအောင်က တတိယဆုများအဖြစ်လည်းကောင်း အသီးသီးရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အထက(တာချီလိတ်)မှ မရွှန်းလဲ့ဖြိုးက ပထမဆု၊ အလက(ခွဲ)တာလော့မှ မခင်ယုလှိုင်က ဒုတိယဆု၊ အထက(မိုင်းကိုး)မှ မနန်းဝိုးဟွမ်က တတိယဆုများအဖြစ် လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အလက(ခွဲ)တာလော့ကျောင်းမှ မနန်းဆုဝတီနွယ်က ပထမဆု၊ အလက(ခွဲ)တာလော့ကျောင်းမှ မအေးသွယ်သွယ်အောင်က ဒုတိယဆု၊ အထက(တာချီလိတ်)မှ မမေစန္ဒါမျိုးက တတိယဆုများအဖြစ် လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် မူလွန်(ပုန်းထွန်)မှ မမီမီခင်က ပထမဆု၊ အထက(တာချီလိတ်)မှ မသန္တာအေးက ဒုတိယဆု၊ အထက(ဆန်ဆိုင်း)မှ မနန်းလောင်ဟိန်းက တတိယဆုများအဖြစ်လည်းကောင်း အသီးသီး ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ ပန်းချီပြိုင်ပွဲ၏ အထက်တန်းအဆင့် ပြိုင်ပွဲတွင် အထက(ဆန်ဆိုင်း)မှ မနန်းဘိုကျန်က ပထမဆု၊ အထက(ဆန်ဆိုင်း)မှ မနန်းသီရိရှင်းသန့်က ဒုတိယဆု၊ အထက(မိုင်းကိုး)မှ မနန်းရှဲန်ဟွမ်က တတိယဆုအဖြစ်လည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် အထက(ဆန်ဆိုင်း)မှ မနန်းဟွမ်နွန်းက ပထမဆု၊ အလက(ခွဲ)တာလော့ကျောင်းမှ မောင်စိုင်းမိုးတိမ် က ဒုတိယဆု၊ အထက(ဆန်ဆိုင်း)တွင် မနန်းနွံက တတိယဆုများအဖြစ်လည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် အထက(ဆန်ဆိုင်း)မှ မဆုပြည့်စုံက ပထမဆု၊ အထက(ဆန်ဆိုင်း)မှ မနှင်းဟေမာန်အောင်က ဒုတိယဆု နှင့် အထက(တာချီလိတ်)မှ မနန်းအိမ်ဖွန် က တတိယဆုများအဖြစ် လည်းကောင်း အသီးသီးရရှိသွားကြောင်း သိရသည်။

အမျိုးသားနေ့ အဖြစ် စတင်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ၁၉၂၁ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပသည့် နဝမအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံတွင် ပထမကျောင်းသား သပိတ်စတင်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ပြဌာန်းရန် စတင်ဆွေးနွေးကာ ၁၉၂၂ခုနှစ် ဇွန်လ(၁၇)ရက်နေ့က ရန်ကုန်မြို့တွင်း စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေအထူးညီလာခံတွင်၎င်းနေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - #အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~