တာခ်ီလိတ္ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းမဟာဘံုကထိန္ လွည့္လည္ပြဲ ႏွင့္ ကထိန္ပေဒသာပင္ (၉၇)ပင္အား ေတာင္တန္းသာသနာျပဳ (၁၂)ေက်ာင္းသို႔ ခြဲေ၀ လွဴဒါန္း

တာခ်ီလိတ္ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းမဟာဘံုကထိန္ လွည့္လည္ပြဲ ႏွင့္ ကထိန္ပေဒသာပင္ (၉၇)ပင္အား ေတာင္တန္းသာသနာျပဳ (၁၂)ေက်ာင္းသို႔ ခြဲေ၀ လွဴဒါန္း
နိုဝင်ဘာ 3, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၏(၂၂)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္ ပေဒသာပင္ စုစုေပါင္း (၉၇)ပင္အား ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၃)ရက္ နံနက္ပိုင္းက ၿမိဳ႕တြင္းလွည့္လည္ျပသၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္းရွိ ေတာင္တန္းသာသနာျပဳေက်ာင္း (၁၂)ေက်ာင္းသို႔ ခြဲေ၀လွဴဒါန္းရန္အတြက္ ဘံုကထိန္ လွဴဒါန္းပြဲအား ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္တြင္ ျပဳလုပ္သည္။

ပေဒသာပင္မ်ား၏ ပစၥည္းႏွင့္ေငြသားေရာရာ တန္ဖိုး ျမန္မာေငြ (၃၈,၁၃၀,၁၃၅)က်ပ္ ႏွင့္ ထိုင္းဘတ္ေငြ (၆၀၀၆၀၉)ဘတ္ရိွၿပီး အဆိုပါ ပေဒသာပင္မ်ား ထားရွိရာ ရွမ္းရိုးမကြင္းမွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)ထိပ္ရွိ အ၀ိုင္းပတ္၊ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)ထိပ္တို႔မွ လွည့္လည္ကာ ၀မ္ေကာင္းရပ္ကြက္ရွိ ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္သို႔ ပို႔ေဆာင္ကာ ေရစက္ခ်လွဴဒါန္း ခဲ့ေၾကာင္း သိရသည္။

မဟာဘံုကထိန္ဆက္ကပ္လွဴဒါန္းပြဲသို႔ စစ္ဗ်ဴဟာအဖဲြ႕ (အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား စသည္တို႔မွ တက္ေရာက္ကာ တရားေတာ္မ်ား နာယူေၾကာင္း သိရသည္။

စုေပါင္းမဟာဘံုကထိန္တြင္ တာခ်ီလိတ္တပ္နယ္အပါအ၀င္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား စုေပါင္း ပါ၀င္ၾကၿပီး ယခင္ႏွစ္မ်ားက မဟာဘံုကထိန္ပေဒသာပင္မ်ားအား ေအာင္ျမတ္ခန္းမတြင္ ထားရွိျပသခဲ့ေသာ္လည္း ယခုႏွစ္တြင္ တာခ်ီလိတ္ရွိ လူမႈေရးအသင္းအဖြဲ႔မ်ား၏ စုေပါင္း ပါ၀င္မႈျဖင့္ ရွမ္းရိုးမကြင္းတြင္ ပေဒသာပင္ ျပသပြဲႏွင့္အတူ ဆုခ်ီးျမႇင့္ပြဲ အပါအ၀င္ နိဗၺာန္ေစ်းပြဲေတာ္အား ႏို၀င္ဘာလ(၂)ရက္ေန႔ ညေနပိုင္းက က်င္းပႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မဟာဘံုကထိန္ပေဒသာပင္အား ႏို၀င္ဘာလ(၂)ရက္ေန႔ ညပိုင္းက ဆုေရြးခ်ယ္ရာတြင္ ပေဒသာပင္ (၉၇)ပင္အနက္ အလင္းေရာင္ပရဟိတအသင္း၏ ပေဒသာပင္က ပထမဆု၊ စစ္ဘက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႔(စရဖ)၏ ပေဒသာပင္က ဒုတိယဆုႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာန၏ ပေဒသာပင္က တတိယဆု အသီးသီးရရိွသြားေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္က မဟာဘံုကထိန္ပြဲက်င္းပခဲ့ရာတြင္ စုေပါင္းလွဴဒါန္းၾကသည့္ ပေဒသာပင္မ်ားမွာ ဥတ္မႀကီးပေဒသာပင္ အပါအ၀င္ (၈၃)ပင္ရွိၿပီး ပစၥည္းေငြသား စုစုေပါင္းမွာ ထိုင္းဘတ္(၇၁၇,၉၉၄)ဘတ္ ႏွင့္ ျမန္မာက်ပ္ေငြ (၂၆,၅၉၆,၄၀၆)က်ပ္ ရွိေၾကာင္း သိရသည္။

၂၀၁၅ခုႏွစ္က က်င္းပခဲ့သည့္ အႀကိမ္(၂၀)ေျမာက္ စုေပါင္း မဟာဘံုကထိန္တြင္ စာရင္းအရ (၇၈)ခုရွိၿပီး စာရင္းမဲ့မ်ား အပါအ၀င္ ပေဒသာပင္ (၁၀၀)၀န္းက်င္ရွိၿပီး ပစၥည္းႏွင့္ေငြသား စုစုေပါင္း တန္ဖိုးမွာ ေငြက်ပ္ (၂၀,၆၂၈,၃၃၂) ႏွင့္ ထိုင္းဘတ္ေငြျဖင့္ (၆၈၀,၉၄၉)ရွိခဲ့ေၾကာင္း သိရသည္။

ဓာတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၏(၂၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် စုစုပေါင်း (၉၇)ပင်အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၃)ရက် နံနက်ပိုင်းက မြို့တွင်းလှည့်လည်ပြသပြီးနောက် တာချီလိတ်မြို့နယ် အတွင်းရှိ တောင်တန်းသာသနာပြုကျောင်း (၁၂)ကျောင်းသို့ ခွေဲဝလှူဒါန်းရန်အတွက် ဘုံကထိန် လှူဒါန်းပွဲအား တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်တွင် ပြုလုပ်သည်။

ပဒေသာပင်များ၏ ပစ္စည်းနှင့်ငွေသားရောရာ တန်ဖိုး မြန်မာငွေ (၃၈,၁၃၀,၁၃၅)ကျပ် နှင့် ထိုင်းဘတ်ငွေ (၆၀၀၆၀၉)ဘတ်ရှိပြီး အဆိုပါ ပဒေသာပင်များ ထားရှိရာ ရှမ်းရိုးမကွင်းမှ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)ထိပ်ရှိ အဝိုင်းပတ်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)ထိပ်တို့မှ လှည့်လည်ကာ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်သို့ ပို့ဆောင်ကာ ရေစက်ချလှူဒါန်း ခဲ့ကြောင်း သိရသည်။

မဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည်တို့မှ တက်ရောက်ကာ တရားတော်များ နာယူကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန်တွင် တာချီလိတ်တပ်နယ်အပါအဝင် တာချီလိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်း ပါဝင်ကြပြီး ယခင်နှစ်များက မဟာဘုံကထိန်ပဒေသာပင်များအား အောင်မြတ်ခန်းမတွင် ထားရှိပြသခဲ့သော်လည်း ယခုနှစ်တွင် တာချီလိတ်ရှိ လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်း ပါဝင်မှုဖြင့် ရှမ်းရိုးမကွင်းတွင် ပဒေသာပင် ပြသပွဲနှင့်အတူ ဆုချီးမြှင့်ပွဲ အပါအဝင် နိဗ္ဗာန်ဈေးပွဲတော်အား နိုဝင်ဘာလ(၂)ရက်နေ့ ညနေပိုင်းက ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဟာဘုံကထိန်ပဒေသာပင်အား နိုဝင်ဘာလ(၂)ရက်နေ့ ညပိုင်းက ဆုရွေးချယ်ရာတွင် ပဒေသာပင် (၉၇)ပင်အနက် အလင်းရောင်ပရဟိတအသင်း၏ ပဒေသာပင်က ပထမဆု၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၏ ပဒေသာပင်က ဒုတိယဆုနှင့် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာန၏ ပဒေသာပင်က တတိယဆု အသီးသီးရရှိသွားကြောင်း သိရသည်။

၂၀၁၆ခုနှစ်က မဟာဘုံကထိန်ပွဲကျင်းပခဲ့ရာတွင် စုပေါင်းလှူဒါန်းကြသည့် ပဒေသာပင်များမှာ ဥတ်မကြီးပဒေသာပင် အပါအဝင် (၈၃)ပင်ရှိပြီး ပစ္စည်းငွေသား စုစုပေါင်းမှာ ထိုင်းဘတ်(၇၁၇,၉၉၄)ဘတ် နှင့် မြန်မာကျပ်ငွေ (၂၆,၅၉၆,၄၀၆)ကျပ် ရှိကြောင်း သိရသည်။

၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်တွင် စာရင်းအရ (၇၈)ခုရှိပြီး စာရင်းမဲ့များ အပါအဝင် ပဒေသာပင် (၁၀၀)ဝန်းကျင်ရှိပြီး ပစ္စည်းနှင့်ငွေသား စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် (၂၀,၆၂၈,၃၃၂) နှင့် ထိုင်းဘတ်ငွဖြေင့် (၆၈၀,၉၄၉)ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~