မေကြးတြင္ ၈၈မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင္႔ပြင္႔လင္းလူ႔အဖဲြ႔အစည္း ပါတီျဖစ္ေျမာက္ေရးေကာ္မတီဖဲြ႔စည္း

မေကြးတြင္ ၈၈မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင္႔ပြင္႔လင္းလူ႔အဖဲြ႔အစည္း ပါတီျဖစ္ေျမာက္ေရးေကာ္မတီဖဲြ႔စည္း
နိုဝင်ဘာ 13, 2017
By Tachileik News Agency

ႏိုင္ငံေရးပါတီထူေထာင္မည့္ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင္႔ပြင္႔လင္းလူ႔အဖဲြ႔အစည္းက ႏိုင္ငံေရးပါတီ ျဖစ္ေျမာက္ေရး ေကာ္မတီကို မေကြးတိုင္းေဒသႀကီးအတြက္ ႏိုဝင္ဘာလ(၁၃)ရက္ေန႔တြင္ ဖဲြ႔စည္းလိုက္ေၾကာင္း သိရသည္။

"နိုင္ငံေရးသမားက စပါးစိုက္တာမဟုတ္ဘူး။ ပစၥည္းထုတ္လုပ္တဲ့သူ မဟုတ္ဘူး။ ဘာလုပ္သလဲ ဆုိေတာ့ ဝန္ေဆာင္မႈေပးတယ္။ ျပည္သူလူထု ဘာအခက္အခဲေတြရွိသလဲ။ ျပည္သူလူထုကုိ ဘယ္လို အကူအညီေတြ ေပးမလဲ။ ဘယ္လုိအကာအကြယ္ေပးမလဲဆုိတာေတြ ေဆာင္ရြက္တာဟာ ဝန္ေဆာင္မႈ ေပးတာပဲ။ ဒါကုိ နုိင္ငံေရးလို႔ပဲ ကၽြန္ေတာ္နားလည္တယ္။ ဒီတာဝန္ကို ယူခ်င္လို႔ ပါတီေထာင္ဖို႔စီစဥ္ တာျဖစ္ပါတယ္"ဟု ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင္႔ပြင္႔လင္းလူ႔အဖဲြ႔အစည္းမွ ဦးကိုကိုႀကီးက တာခ်ီလိတ္္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင္႔ပြင္႔လင္းလူ႔အဖဲြ႔အစည္းက ႏုိင္ငံေရးပါတီ ထူေထာင္ေရးအတြက္ ပါတီျဖစ္ေျမာက္ေရး ေကာ္မတီရံုးခြဲမ်ားကို ဖြင့္လွစ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

" ဒီမုိကေရစီရင့္က်က္တဲ့အဆင့္ကုိ ေရာက္ဖုိ႔ဆုိရင္ ဘယ္ပါတီကိုပုိႀကိဳက္သလဲဆိုတဲ့ ေရြးခ်ယ္ခြင့္ပဲ။ အဲဒီအဆင့္ကို သြားဖို႔ လိုအပ္ၿပီလို႔ ကၽြန္ေတာ္တို႔ ယူဆတယ္။ ဒါေၾကာင့္ ျပည္သူေတြၾကားထဲမွာ ေရြးခ်ယ္စရာ အခြင့္အလမ္း ဖန္တီးေပးဖို႔၊ ေနာက္ ရွစ္ေလးလံုး ေၾကြးေၾကာ္သံျဖစ္တဲ့ ဒီမိုကေရစီ ရရွိေရးဆုိတဲ့ ဗဟုဝါဒ ထြန္းကားေရး၊ တစ္ပါတီဆန္႔က်င္ေရးဝါဒ အေကာင္အထည္ ေဖာ္ႏိုင္ေရးအတြက္ ပါတီတစ္ရပ္ထူေထာင္ဖို႔ ေဆာင္ရြက္ေနတာျဖစ္ပါတယ္"ဟု ဦးကိုကိုႀကီးက ေျပာသည္။

ႏိုင္ငံေရးပါတီျဖစ္ေျမာက္ေရးေကာ္မတီရံုးခဲြမ်ားအား ဧရာဝတီတုိင္း၊ ပဲခူးတုိင္းတို႔တြင္ ဖြင္႔လွစ္ခဲ့ၿပီးေနာက္ ရန္ကုန္တုိင္းတြင္ လက္ရွိေဆာင္ရြက္ဆဲျဖစ္ေၾကာင္း သိရသည္။

မြန္ျပည္နယ္တြင္ နိုဝင္ဘာလ (၁၉) ရက္တြင္ ဆက္လက္ဖြင္႔လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံရေးပါတီထူထောင်မည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီကို မကွေးတိုင်းဒေသကြီးအတွက် နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

"နိုင်ငံရေးသမားက စပါးစိုက်တာမဟုတ်ဘူး။ ပစ္စည်းထုတ်လုပ်တဲ့သူ မဟုတ်ဘူး။ ဘာလုပ်သလဲ ဆိုတော့ ဝန်ဆောင်မှုပေးတယ်။ ပြည်သူလူထု ဘာအခက်အခဲတွေရှိသလဲ။ ပြည်သူလူထုကို ဘယ်လို အကူအညီတွေ ပေးမလဲ။ ဘယ်လိုအကာအကွယ်ပေးမလဲဆိုတာတွေ ဆောင်ရွက်တာဟာ ဝန်ဆောင်မှု ပေးတာပဲ။ ဒါကို နိုင်ငံရေးလို့ပဲ ကျွန်တော်နားလည်တယ်။ ဒီတာဝန်ကို ယူချင်လို့ ပါတီထောင်ဖို့စီစဉ် တာဖြစ်ပါတယ်"ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးပါတီ ထူထောင်ရေးအတွက် ပါတီဖြစ်မြောက်ရေး ကော်မတီရုံးခွဲများကို ဖွင့်လှစ်နခြေင်းဖြစ်ကြောင်း သိရသည်။

" ဒီမိုကရေစီရင့်ကျက်တဲ့အဆင့်ကို ရောက်ဖို့ဆိုရင် ဘယ်ပါတီကိုပိုကြိုက်သလဲဆိုတဲ့ ရွေးချယ်ခွင့်ပဲ။ အဲဒီအဆင့်ကို သွားဖို့ လိုအပ်ပြီလို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့် ပြည်သူတွကြေားထဲမှာ ရွေးချယ်စရာ အခွင့်အလမ်း ဖန်တီးပေးဖို့၊ နောက် ရှစ်လေးလုံး ကြွေးကြော်သံဖြစ်တဲ့ ဒီမိုကရေစီ ရရှိရေးဆိုတဲ့ ဗဟုဝါဒ ထွန်းကားရေး၊ တစ်ပါတီဆန့်ကျင်ရေးဝါဒ အကောင်အထည် ဖော်နိုင်ရေးအတွက် ပါတီတစ်ရပ်ထူထောင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု ဦးကိုကိုကြီးက ပြောသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရုံးခွဲများအား ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းတွင် လက်ရှိဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာလ (၁၉) ရက်တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~