မ်က္စိေဝဒနာရွင္၏ (၆၀) ရာခိုင္ႏႈန္းတြင္ အတြင္းတိမ္ေရာဂါျဖစ္ပြားေန

မ်က္စိေဝဒနာရွင္၏ (၆၀) ရာခိုင္ႏႈန္းတြင္ အတြင္းတိမ္ေရာဂါျဖစ္ပြားေန
အောက်တိုဘာ 12, 2017
By 🌸
မ်က္မျမင္ေရာဂါျဖစ္ပြားေစသည့္ အတြင္းတိမ္ေရာဂါျဖစ္ပြားမႈမွာ ျမန္မာႏုိင္ငံရိွ မ်က္စိေဝဒနာရွင္မ်ား၏ (၆၀)ရာခိုင္ႏႈန္းတြင္ ေတြ႔ရိွေနရေၾကာင္း သိရသည္။

“ ကာကြယ္ကုသလို႔ရတဲ့ မ်က္စိေဝဒနာေတြအထဲမွာ မ်က္စိမျမင္ျခင္းကို အဓိကျဖစ္ေစတဲ့ေရာဂါ ေတြကေတာ့ အတြင္းတိမ္၊ ေရတိမ္၊ မ်က္မွန္လိုအပ္ျခင္း၊ ထိခိုက္ဒဏ္ရာရျခင္း၊ ဆီးခ်ဳိ၊ ေသြးတိုးေရာဂါေတြ ေၾကာင့္ ျဖစ္ရတဲ့မ်က္စိေရာဂါေတြျဖစ္ပါတယ္။ အတြင္းတိမ္ေရာဂါကေတာ့ ျမန္မာႏိုင္ငံက မ်က္စိေဝဒနာရွင္ေတြ ရဲ့ (၆၀)ရာခိုင္ႏႈန္းမွာ ျဖစ္ပြားေနတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္ မ်က္စိအတြင္းတိမ္ ေရာဂါကို ထိထိ ေရာက္ေရာက္ ကာကြယ္ကုသမႈ ျပဳလုပ္ေပးျခင္းနဲ႔ မ်က္မျမင္ေရာဂါကို ေလ်ာ့က် ပေပ်ာက္သြားေအာင္ ကူညီေပးႏိုင္မွာျဖစ္ပါတယ္”ဟု လားရိႈးခရိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာျမင့္ေက်ာ္က ေအာက္တိုဘာလ (၁၂)ရက္ေန႔တြင္ လားရိႈးၿမိဳ႕၌က်င္းပသည့္  ၂၀၁၇ ခုႏွစ္ ကမၻာ့မ်က္မျမင္ပေပ်ာက္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ေျပာၾကားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ မ်က္စိအထူးကုဆရာဝန္ဦးေရ (၃၅၀)ဦးခန္႔သာရိွသျဖင့္ လူဦးေရ တစ္သိန္းခြဲလွ်င္ မ်က္စိဆရာဝန္တစ္ဦးႏႈန္းျဖင့္ ေစာင့္ေရွာက္မႈေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပည္သူလူထုအတြက္ ပဏာမမ်က္စိေစာင့္ေရွာက္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေပးႏိုင္ဖို႔အတြက္ မ်က္စိ ဆရာဝန္မ်ားႏွင့္ မ်က္မွန္ကြ်မ္းက်င္ဝန္ထမ္းမ်ားကိုလည္း ပိုမိုေမြးထုတ္ေပးႏိုင္ေအာင္ ေဆာင္ရြက္ေပးလ်ွက္ ရွိပါတယ္” ဟု လားရိႈးခရိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာျမင့္ေက်ာ္က ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ (၁)ႏွစ္မွ(၉)ႏွစ္အတြင္း ကေလးမ်ားတြင္ မ်က္ခမ္းစပ္ေရာဂါျဖစ္ပြားမႈႏႈန္း (၅) ရာခိုင္ ႏႈန္း က်ဆင္းေရးႏွင့္ မ်က္ေတာင္ကိုက္ မ်က္ေတာင္ေမႊးစူး ေရာဂါျဖစ္ပြားမႈႏႈန္း ( ၀.၁) ရာခိုင္ ႏႈန္းေလ်ာ့က်ေစေရးတို႔ကို လုပ္ေဆာင္ေနၿပီး ၂၀၂၀ ခုႏွစ္တြင္ ကူးစက္မ်က္ခမ္း စပ္ေရာဂါကင္းစင္ေၾကာင္း ေၾကညာႏိုင္ေရး စစ္တမ္း ေကာက္ယူႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ေအာက္တိုဘာလ၏ ဒုတိယပတ္ ၾကာသာပေတးေန႔ကို ကမၻာ့မ်က္မျမင္ပေပ်ာက္ေရးေန႔အျဖစ္ သတ္မွတ္ထားၿပီး ကမၻာ့ က်န္းမာေရး အဖြဲ႔ဝင္ႏိုင္ငံမ်ားတြင္ ႏွစ္စဥ္က်င္းပေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မျက်စိဝေဒနာရှင်၏ (၆၀) ရာခိုင်နှုန်းတွင် အတွင်းတိမ်ရောဂါဖြစ်ပွားနေ
**********
မျက်မမြင်ရောဂါဖြစ်ပွားစေသည့် အတွင်းတိမ်ရောဂါဖြစ်ပွားမှုမှာ မြန်မာနိုင်ငံရှိ မျက်စိဝေဒနာရှင်များ၏ (၆၀)ရာခိုင်နှုန်းတွင် တွေ့ရှိနေရကြောင်း သိရသည်။
“ ကာကွယ်ကုသလို့ရတဲ့ မျက်စိဝေဒနာတွေအထဲမှာ မျက်စိမမြင်ခြင်းကို အဓိကဖြစ်စေတဲ့ရောဂါ တွေကတော့ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဆီးချို၊ သွေးတိုးရောဂါတွေ ကြောင့် ဖြစ်ရတဲ့မျက်စိရောဂါတွေဖြစ်ပါတယ်။ အတွင်းတိမ်ရောဂါကတော့ မြန်မာနိုင်ငံက မျက်စိဝေဒနာရှင်တွေ ရဲ့ (၆၀)ရာခိုင်နှုန်းမှာ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မျက်စိအတွင်းတိမ် ရောဂါကို ထိထိ ရောက်ရောက် ကာကွယ်ကုသမှု ပြုလုပ်ပေးခြင်းနဲ့ မျက်မမြင်ရောဂါကို လျော့ကျ ပပျောက်သွားအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်”ဟု လားရှိုးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အောက်တိုဘာလ (၁၂)ရက်နေ့တွင် လားရှိုးမြို့၌ကျင်းပသည့်  ၂၀၁၇ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မျက်စိအထူးကုဆရာဝန်ဦးရေ (၃၅၀)ဦးခန့်သာရှိသဖြင့် လူဦးရေ တစ်သိန်းခွဲလျှင် မျက်စိဆရာဝန်တစ်ဦးနှုန်းဖြင့် စောင့်ရှောက်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူလူထုအတွက် ပဏာမမျက်စိစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ဖို့အတွက် မျက်စိ ဆရာဝန်များနှင့် မျက်မှန်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း ပိုမိုမွေးထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးလျှက် ရှိပါတယ်” ဟု လားရှိုးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် (၁)နှစ်မှ(၉)နှစ်အတွင်း ကလေးများတွင် မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှုနှုန်း (၅) ရာခိုင် နှုန်း ကျဆင်းရေးနှင့် မျက်တောင်ကိုက် မျက်တောင်မွှေးစူး ရောဂါဖြစ်ပွားမှုနှုန်း ( ၀.၁) ရာခိုင် နှုန်းလျော့ကျစေရေးတို့ကို လုပ်ဆောင်နေပြီး ၂၀၂၀ ခုနှစ်တွင် ကူးစက်မျက်ခမ်း စပ်ရောဂါကင်းစင်ကြောင်း ကြေညာနိုင်ရေး စစ်တမ်း ကောက်ယူနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
အောက်တိုဘာလ၏ ဒုတိယပတ် ကြာသာပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓါတ်ပုံ #နေဖြိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~