ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္ မူလလ်ာထားရက္ထက္ တစ္ရက္ေစာ၍ က်င္းပမည္

ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္ မူလလ်ာထားရက္ထက္ တစ္ရက္ေစာ၍ က်င္းပမည္
အောက်တိုဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္အား မူလလ်ာထားသည့္ရက္ထက္ တစ္ရက္တိုးၿပီး ေအာက္တုိဘာလ (၂၆)ရက္ေန႔တြင္ စတင္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ပံုမွန္လုပ္တဲ့ရက္အတုိင္းတြက္မယ္ဆိုရင္ေတာ့ ေအာက္တိုဘာလ (၂၇)ရက္ေန႔ က်တာေပါ့ေနာ္။ ဒါေပမဲ့ မီးပံုးပ်ံၿပိဳင္မယ့္အေရအတြက္ေတြ မ်ားလို႔ တစ္ရက္တိုးေပးပါဆိုေတာ့ (၂၆)ရက္ေန႔ကို တိုးေပးလုိက္တယ္”ဟု တန္ေဆာင္တုိင္ပြဲေတာ္ ဦးစီးေကာ္မတီ ဥကၠဌအျဖစ္တာဝန္ယူထားသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေအာက္တိုဘာလ (၂၆)ရက္ေန႔မွ ႏိုဝင္ဘာလ (၄)ရက္အထိက်င္းပမည့္ တန္ေဆာင္တုိင္ပြဲေတာ္အား ေအာက္တိုဘာလ (၃)ရက္ေန႔က ေလလံတင္ရာ က်ပ္သိန္းေပါင္း (၂၈၀၂)ရရိွထားၿပီး အဆိုပါ ေလလံရရိွေငြျဖင့္ တန္ေဆာင္တုိင္ပြဲေတာ္က်င္းပေရး လုပ္ငန္းေကာ္မတီ (၁၃)ခု၏ ပြဲေတာ္ျပင္ဆင္ေရး အသံုးစရိတ္နွင့္ ဆုခ်ီးျမႇင့္ေငြတို႔ကို သံုးစြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

“လုပ္ငန္းေကာ္မတီ (၁၃)ခုရဲ႕ အသံုးစရိတ္ေတြ သူတို႔စီမံခ်က္ေတြ တင္ထားၾကပါၿပီ။ အမ်ားဆံုးကေတာ့ ဆုခ်ီးျမႇင့္ေရး ေကာ္မတီေပါ့။ ဆုခ်ီးျမႇင့္တာက မီးပံုးပ်ံၿပိဳင္တာရိွမယ္။ မသိုးသကၤန္းရက္လုပ္တဲ့ၿပိဳင္ပြဲရိွမယ္။ မီးပေဒသာလွည့္တာကို ေပးတာရိွမယ္။ ေနာက္ ဓါတ္ပံုၿပိဳင္ပြဲေတြ ေပးတာရိွမယ္။ အားလံုးေပါင္း ဆုေပးတာကို သံုးရမယ့္ေငြကေတာ့ သိန္း (၉၀၀)နီးနီးေတာ့ ရိွမယ္။ လုပ္ငန္းေကာ္မတီအားလံုးရဲ႕ အသံုးစရိတ္ကလည္း ဆုေၾကးနီးနီးေလာက္ရိွမယ္ဆိုေတာ့ (၂၈၀၀)ေလာက္ေတာ့ အသံုးျပန္ျဖစ္မယ္ထင္ပါတယ္”ဟု တန္ေဆာင္တုိင္ပြဲေတာ္ ဦးစီးေကာ္မတီ ဥကၠဌအျဖစ္တာဝန္ယူထားသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

တန္ေဆာင္တုိင္ပြဲေတာ္ လံုၿခံဳေရးအတြက္ လံုၿခံဳေရးေကာ္မတီက စီမံခန္႔ခြဲေနၿပီး ပြဲေတာ္လံုၿခံဳေရး၊ မီးလံုၿခံဳေရး၊ လူပုဂၢိဳလ္လံုၿခံဳေရးအပိုင္းလိုက္ခြဲကာ ယာဥ္ထိန္းတပ္ဖြဲ႔အပါအဝင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔မွ အင္အား (၇၀၀)ေက်ာ္၊ မီးသတ္တပ္ဖြဲ႔ဝင္အင္အား (၁၃၀)အျပင္ နယ္ေျခခံတပ္ကလည္း လံုၿခံဳေရးအတြက္ ပူးေပါင္းေဆာင္ရြက္ေပးမည္ ျဖစ္ၿပီး Iron Cross အဖြဲ႔လည္း လာေရာက္ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း  ေဖ်ာ္ေျဖေရးေကာ္မတီက တင္ျပထားေၾကာင္း သိရသည္။

“Iron Cross က လာျဖစ္မယ္လို႔ေတာ့ သိရတယ္။ ဘယ္ေန႔လဲေတာ့ မသိေသးပါဘူး။ သူတို႔အတြက္ သီးသန္႔ေနရာတစ္ခုေတာ့ ေဖ်ာ္ေျဖေရးေကာ္မတီက သတ္မွတ္ေပးထားပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ ေျမေနရာအခမဲ့ေပးထားတယ္။ စင္ေတြဘာေတြကေတာ့ သူတို႔ဘာသာပဲ လာေဆာက္မယ္ေပါ့။ ကုန္က်စရိတ္ကေတာ့ ကၽြန္ေတာ္တို႔ဘက္က မေပးရပါဘူး”ဟု တန္ေဆာင္တုိင္ပြဲေတာ္ ဦးစီးေကာ္မတီ ဥကၠဌ ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

တန္ေဆာင္တိုင္ပြဲေတာ္အတြက္ မီးပံုးပ်ံၿပိဳင္ပြဲစာရင္းေပးသြင္းျခင္းကို ေအာက္တိုဘာလ (၁၃)ရက္ေန႔တြင္ စာရင္းပိတ္မည္ျဖစ္ၿပီး ေအာက္တိုဘာလ (၂)ရက္ေန႔အထိ စာရင္းမ်ားအရ ညမီးႀကီးအလံုး (၆၇)လံုး၊  စိန္နားပန္ (၁၅)လံုး၊ ေန႔လႊတ္အရုပ္ (၁၀၇)လံုး စာရင္းေပးသြင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

ယမန္ႏွစ္က တန္ေဆာင္တိုင္ပြဲေတာ္တြင္ ညမီးႀကီး အလံုး (၈၀)၊ စိန္နားပန္ (၃၆)လံုးႏွင့္ ေန႔လႊတ္အရုပ္ (၂၈၇)လံုး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

တန္ေဆာင္တုိင္ပြဲေတာ္ ဦးစီးေကာ္မတီ ဥကၠဌအျဖစ္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ဒုတိယဥကၠဌအျဖစ္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းမွ လည္းေကာင္း၊ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက ဘ႑ာေရး ေကာ္မတီ အျဖစ္လည္းေကာင္း၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေဖ်ာ္ေျဖေရးေကာ္မတီ အျဖစ္လည္းေကာင္း အသီးသီး တာဝန္ယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီိထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မူလလျာထားရက်ထက် တစ်ရက်စော၍ ကျင်းပမည်
**********
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား မူလလျာထားသည့်ရက်ထက် တစ်ရက်တိုးပြီး အောက်တိုဘာလ (၂၆)ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ပုံမှန်လုပ်တဲ့ရက်အတိုင်းတွက်မယ်ဆိုရင်တော့ အောက်တိုဘာလ (၂၇)ရက်နေ့ ကျတာပေါ့နော်။ ဒါပေမဲ့ မီးပုံးပျံပြိုင်မယ့်အရေအတွက်တွေ များလို့ တစ်ရက်တိုးပေးပါဆိုတော့ (၂၆)ရက်နေ့ကို တိုးပေးလိုက်တယ်”ဟု တန်ဆောင်တိုင်ပွဲတော် ဦးစီးကော်မတီ ဥက္ကဌအဖြစ်တာဝန်ယူထားသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ််သတင်းအေဂျင်စီသို့ ပြောသည်။

ေအာက်တိုဘာလ (၂၆)ရက်နေ့မှ နိုဝင်ဘာလ (၄)ရက်အထိကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ (၃)ရက်နေ့က လေလံတင်ရာ ကျပ်သိန်းပေါင်း (၂၈၀၂)ရရှိထားပြီး အဆိုပါ လေလံရရှိငွေဖြင့် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ (၁၃)ခု၏ ပွဲတော်ပြင်ဆင်ရေး အသုံးစရိတ်နှင့် ဆုချီးမြှင့်ငွေတို့ကို သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းကော်မတီ (၁၃)ခုရဲ့ အသုံးစရိတ်တွေ သူတို့စီမံချက်တွေ တင်ထားကြပါပြီ။ အများဆုံးကတော့ ဆုချီးမြှင့်ရေး ကော်မတီပေါ့။ ဆုချီးမြှင့်တာက မီးပုံးပျံပြိုင်တာရှိမယ်။ မသိုးသင်္ကန်းရက်လုပ်တဲ့ပြိုင်ပွဲရှိမယ်။ မီးပဒေသာလှည့်တာကို ပေးတာရှိမယ်။ နောက် ဓါတ်ပုံပြိုင်ပွဲတွေ ပေးတာရှိမယ်။ အားလုံးပေါင်း ဆုပေးတာကို သုံးရမယ့်ငွေကတော့ သိန်း (၉၀၀)နီးနီးတော့ ရှိမယ်။ လုပ်ငန်းကော်မတီအားလုံးရဲ့ အသုံးစရိတ်ကလည်း ဆုကြေးနီးနီးလောက်ရှိမယ်ဆိုတော့ (၂၈၀၀)လောက်တော့ အသုံးပြန်ဖြစ်မယ်ထင်ပါတယ်”ဟု တန်ဆောင်တိုင်ပွဲတော် ဦးစီးကော်မတီ ဥက္ကဌအဖြစ်တာဝန်ယူထားသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် လုံခြံုရေးကော်မတီက စီမံခန့်ခွဲနေပြီး ပွဲတော်လုံခြံုရေး၊ မီးလုံခြံုရေး၊ လူပုဂ္ဂိုလ်လုံခြံုရေးအပိုင်းလိုက်ခွဲကာ ယာဉ်ထိန်းတပ်ဖွဲ့အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား (၇၀၀)ကျော်၊ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၃၀)အပြင် နယ်ခြေခံတပ်ကလည်း လုံခြံုရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပြီး Iron Cross အဖွဲ့လည်း လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း  ဖျော်ဖြေရေးကော်မတီက တင်ပြထားကြောင်း သိရသည်။

“Iron Cross က လာဖြစ်မယ်လို့တော့ သိရတယ်။ ဘယ်နေ့လဲတော့ မသိသေးပါဘူး။ သူတို့အတွက် သီးသန့်နေရာတစ်ခုတော့ ဖျော်ဖြေရေးကော်မတီက သတ်မှတ်ပေးထားပါတယ်။ ကျွန်တော်တို့ကတော့ မြေနေရာအခမဲ့ပေးထားတယ်။ စင်တွေဘာတွေကတော့ သူတို့ဘာသာပဲ လာဆောက်မယ်ပေါ့။ ကုန်ကျစရိတ်ကတော့ ကျွန်တော်တို့ဘက်က မပေးရပါဘူး”ဟု တန်ဆောင်တိုင်ပွဲတော် ဦးစီးကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းက ပြောသည်။

တန်ဆောင်တိုင်ပွဲတော်အတွက် မီးပုံးပျံပြိုင်ပွဲစာရင်းပေးသွင်းခြင်းကို အောက်တိုဘာလ (၁၃)ရက်နေ့တွင် စာရင်းပိတ်မည်ဖြစ်ပြီး အောက်တိုဘာလ (၂)ရက်နေ့အထိ စာရင်းများအရ ညမီးကြီးအလုံး (၆၇)လုံး၊  စိန်နားပန် (၁၅)လုံး၊ နေ့လွှတ်အရုပ် (၁၀၇)လုံး စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က တန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး အလုံး (၈၀)၊ စိန်နားပန် (၃၆)လုံးနှင့် နေ့လွှတ်အရုပ် (၂၈၇)လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော် ဦးစီးကော်မတီ ဥက္ကဌအဖြစ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဒုတိယဥက္ကဌအဖြစ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လည်းကောင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဘဏ္ဍာရေး ကော်မတီ အဖြစ်လည်းကောင်း၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဖျော်ဖြေရေးကော်မတီ အဖြစ်လည်းကောင်း အသီးသီး တာဝန်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီိထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~