မိုင္းယုၿမိဳ႕နယ္အတြင္း တရုတ္ေစ်းကြက္တင္ပို႔မည့္ တစ္သွ်ဴးငွက္ေပ်ာစိုက္ဧကတိုးလာ၍ ေဒသခံမ်ားအား စိုက္ပ်ိဳးေရးႏွင့္ က်န္းမာေရး အသိပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေန

မိုင္းယုၿမိဳ႕နယ္အတြင္း တရုတ္ေစ်းကြက္တင္ပို႔မည့္ တစ္သွ်ဴးငွက္ေပ်ာစိုက္ဧကတိုးလာ၍ ေဒသခံမ်ားအား စိုက္ပ်ိဳးေရးႏွင့္ က်န္းမာေရး အသိပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေန
အောက်တိုဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းယုၿမိဳ႕နယ္တြင္ တရုတ္သို႔ တင္ပို႔ရန္စိုက္ပ်ိဳးသည့္ တစ္သွ်ဴးငွက္ေပ်ာ စိုက္ဧက (၁၂၅၀)ခန္႔ရိွေနသျဖင့္ အဆိုပါ စိုက္ခင္းမ်ားေၾကာင့္ ေျမဆီလႊာပ်က္စီးျခင္းႏွင့္ ဓါတုေဆးမ်ားေၾကာင့္ က်န္းမာေရး မထိခုိက္ေစေရးတို႔အတြက္ သက္ဆိုင္ရာဌာနမ်ားက ေဒသခံမ်ားအား ပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

တစ္႐ႈးငွက္ေပ်ာၿခံမ်ားတြင္ အသံုးျပဳေသာ ေပါင္းသတ္ေဆး၊ ဓာတ္ေျမဩဇာႏွင့္ အပင္ႀကီးထြား ေဆးမ်ားေၾကာင့္ ေျမဆီလႊာအခ်ဥ္ဓာတ္ေဖာက္ကာ သံုးႏွစ္မွ ငါးႏွစ္အတြင္း အျခားသီးႏွံစိုက္ပ်ိဳး၍ မရႏုိင္ဘဲ ၾကာျမင့္စြာ ေျမဆီလႊာ ပ်က္စီးျခင္းမ်ားျဖစ္ေစသျဖင့္ ေဆးႏွင့္ေျမၾသဇာမ်ားကို စနစ္တက်အသုံးျပဳေစရန္ႏွင့္ အသံုးျပဳၿပီး ပိုးသတ္ေဆးဗူးခြံ၊ ပလတ္စတစ္တို႔ကို ေျမက်င္းတူးစြန္႔ပစ္ရန္တို႔ကို စိုက္ပ်ိဳးေရးဦးစီးဌာနက ကြင္းဆင္းပညာေပးျခင္းမ်ား လုပ္ေဆာင္ေပးေနသည့္အျပင္ ပိုးသတ္ေဆးမ်ားေၾကာင့္ က်န္းမာေရးႏွင့္ အသက္အႏၲရာယ္ထိခိုက္မႈမ်ားကို ႀကိဳတင္တားဆီးႏိုင္ေစေရးနည္းလမ္းမ်ားကို မိုင္းယုက်န္းမာေရး ဝန္ထမ္းမ်ားက ကြင္းဆင္းပညာေပးမႈမ်ား လုပ္ေဆာင္ေပးလွ်က္ရွိေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံသို႔ တင္ပို႔ရာတြင္ ငွက္ေပ်ာ တစ္ကီလိုလွ်င္ တ႐ုတ္ယြမ္ေငြ (၁.၅) ယြမ္မွ (၃) ယြမ္အထိ( ျမန္မာက်ပ္ေငြ ၃၀၀ က်ပ္မွ ၆၀၀ က်ပ္အထိ) ရရွိၿပီး တစ္သ်ဴးငွက္ေပ်ာတစ္ဧကလွ်င္ အျမတ္ေငြက်ပ္ (၄၈) သိန္းေက်ာ္အထိ ရရွိႏုိင္သျဖင့္ မိုင္းယုၿမိဳ႕တြင္ လုပ္ငန္းရွင္မ်ားႏွင့္ ေဒသခံမ်ား တစ္သွ်ဴးငွက္ေပ်ာ အက်ဳိးတူ ပူးေပါင္းစိုက္ပ်ိဳးမႈ မ်ားလာေနေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံမွ တစ္သွ်ဴးနည္းျဖင့္ မ်ဳိးပြားထားေသာ ငွက္ေပ်ာမ်ိဳးပင္မ်ားကို ဝယ္ယူစိုက္ပ်ိဳးၾကျခင္းျဖစ္ၿပီး ပ်ိဳးပင္မ်ားကို တစ္ပင္ႏွင့္တစ္ပင္ (၇) ေပ ပတ္လည္စိုက္ပ်ိဳးရာ တစ္ဧကလ်င္ အပင္ (၉၀၀) ခန္႔ စိုက္ပ်ဳိး ႏိုင္ေၾကာင္း သိရသည္။

“ပ်ဳိးပင္ေတြ ေျမခ်စိုက္ပ်ဳိးရင္ စိုက္က်င္းထဲမွာ ေျမေဆြးနဲ႔ အေပၚယံေျမ အနည္းငယ္ ေရာစပ္ ထည့္သြင္းရတယ္။ တစ္ဧကမွာ ကြန္ေပါင္းေျမၾသဇာ (၅) ဂရမ္ကေန (၁၀) ဂရမ္အထိ ထည့္သြင္း ေပးရတယ္။ ပ်ိဳးပင္ေတြ ေျမခ်စိုက္ပ်ဳိးရင္ ယူရီးယားေျမၾသဇာ တစ္ဧကမွာ တစ္အိတ္ႏႈန္းနဲ႔ သုံးလခြဲသား အရြယ္မွာ ေျမၾသဇာေကၽြးတာ၊ ဆာလဖာ မႈိသတ္ေဆး ဖ်န္းတာေတြ လုပ္ေပးရပါတယ္"ဟု ေတာင္သူ ဦးအိုက္က်င္က ေျပာသည္။

တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးရာတြင္ အေအးလြန္ကဲျခင္းႏွင့္ မိုးမ်ားသည့္ အခ်ိန္မ်ားကို ေရွာင္ရၿပီး ေျမအခ်ဥ္အငံဓါတ္ ၄.၅ မွ ၆.၅ အဆင့္ရွိေသာ သဲႏႈန္းေျမမ်ားတြင္ ပိုမိုျဖစ္ထြန္းေၾကာင္း သိရသည္။

မိုင္းယုတြင္ မတ္လႏွင့္ ဧၿပီလတြင္ ေျမျပဳျပင္ကာ ေမလတြင္ စတင္စိုက္ပ်ဳိးၾကၿပီး သီးႏွံခုတ္ယူခ်ိန္ထိ (၁၀) လၾကာျမင့္ေၾကာင္း သိရသည္။

တစ္သွ်ဴးငွက္ေပ်ာၿခံအား ေနရာတစ္ေနရာတြင္ (၄)ႏွစ္မွ (၅)ႏွစ္အထိသာ စိုက္ပ်ိဳးနုိင္ၿပီး ႏွင္းက်ျခင္း၊ အခ်ိန္အခါ မဟုတ္ မိုးရြာျခင္းမ်ား ျဖစ္ပါက မိႈသတ္ေဆးမ်ား အသံုးျပဳရေၾကာင္း သိရသည္။

မိုင္းယုေဒသမွ ထြက္ေသာ တစ္သွ်ဴးငွက္ေပ်ာမ်ားကို တရုတ္ႏုိင္ငံေစ်းကြက္တင္ပို႔ရာတြင္ (၂၀) ကီလို ဝင္ဆန္႔ေသာ ကဒ္ထူဖာအတြင္း ေဖာ့ခံ၍ ထိခိုက္မႈမရွိေစရန္ ထုပ္ပိုး၍ ပို႔ေဆာင္ေရာင္းခ်ေပးရေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုနိုင္(MYu)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နယ်တွင် တရုတ်သို့ တင်ပို့ရန်စိုက်ပျိုးသည့် တစ်သျှူးငှက်ပျော စိုက်ဧက (၁၂၅၀)ခန့်ရှိနေသဖြင့် အဆိုပါ စိုက်ခင်းများကြောင့် မြေဆီလွှာပျက်စီးခြင်းနှင့် ဓာတုဆေးများကြောင့် ကျန်းမာရေး မထိခိုက်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ဒေသခံများအား ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

တစ်ရှုးငှက်ပျောခြံများတွင် အသုံးပြုသော ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာနှင့် အပင်ကြီးထွား ဆေးများကြောင့် မြေဆီလွှာအချဉ်ဓာတ်ဖောက်ကာ သုံးနှစ်မှ ငါးနှစ်အတွင်း အခြားသီးနှံစိုက်ပျိုး၍ မရနိုင်ဘဲ ကြာမြင့်စွာ မြေဆီလွှာ ပျက်စီးခြင်းများဖြစ်စေသဖြင့် ဆေးနှင့်မြသြေဇာများကို စနစ်တကျအသုံးပြုစေရန်နှင့် အသုံးပြုပြီး ပိုးသတ်ဆေးဗူးခွံ၊ ပလတ်စတစ်တို့ကို မြေကျင်းတူးစွန့်ပစ်ရန်တို့ကို စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းပညာပေးခြင်းများ လုပ်ဆောင်ပေးနေသည့်အပြင် ပိုးသတ်ဆေးများကြောင့် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်မှုများကို ကြိုတင်တားဆီးနိုင်စေရေးနည်းလမ်းများကို မိုင်းယုကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းပညာပေးမှုများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ငှက်ပျော တစ်ကီလိုလျှင် တရုတ်ယွမ်ငွေ (၁.၅) ယွမ်မှ (၃) ယွမ်အထိ( မြန်မာကျပ်ငွေ ၃၀၀ ကျပ်မှ ၆၀၀ ကျပ်အထိ) ရရှိပြီး တစ်သျူးငှက်ပျောတစ်ဧကလျှင် အမြတ်ငွေကျပ် (၄၈) သိန်းကျော်အထိ ရရှိနိုင်သဖြင့် မိုင်းယုမြို့တွင် လုပ်ငန်းရှင်များနှင့် ဒေသခံများ တစ်သျှူးငှက်ပျော အကျိုးတူ ပူးပေါင်းစိုက်ပျိုးမှု များလာနေကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တစ်သျှူးနည်းဖြင့် မျိုးပွားထားသော ငှက်ပျောမျိုးပင်များကို ဝယ်ယူစိုက်ပျိုးကြခြင်းဖြစ်ပြီး ပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် (၇) ပေ ပတ်လည်စိုက်ပျိုးရာ တစ်ဧကလျင် အပင် (၉၀၀) ခန့် စိုက်ပျိုး နိုင်ကြောင်း သိရသည်။

“ပျိုးပင်တွေ မြေချစိုက်ပျိုးရင် စိုက်ကျင်းထဲမှာ မြေဆွေးနဲ့ အပေါ်ယံမြေ အနည်းငယ် ရောစပ် ထည့်သွင်းရတယ်။ တစ်ဧကမှာ ကွန်ပေါင်းမြသြေဇာ (၅) ဂရမ်ကနေ (၁၀) ဂရမ်အထိ ထည့်သွင်း ပေးရတယ်။ ပျိုးပင်တွေ မြေချစိုက်ပျိုးရင် ယူရီးယားမြသြေဇာ တစ်ဧကမှာ တစ်အိတ်နှုန်းနဲ့ သုံးလခွဲသား အရွယ်မှာ မြသြေဇာကျွေးတာ၊ ဆာလဖာ မှိုသတ်ဆေး ဖျန်းတာတွေ လုပ်ပေးရပါတယ်"ဟု တောင်သူ ဦးအိုက်ကျင်က ပြောသည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးရာတွင် အအေးလွန်ကဲခြင်းနှင့် မိုးများသည့် အချိန်များကို ရှောင်ရပြီး မြေအချဉ်အငံဓာတ် ၄.၅ မှ ၆.၅ အဆင့်ရှိသော သဲနှုန်းမြေများတွင် ပိုမိုဖြစ်ထွန်းကြောင်း သိရသည်။

မိုင်းယုတွင် မတ်လနှင့် ဧပြီလတွင် မြပြေုပြင်ကာ မေလတွင် စတင်စိုက်ပျိုးကြပြီး သီးနှံခုတ်ယူချိန်ထိ (၁၀) လကြာမြင့်ကြောင်း သိရသည်။

တစ်သျှူးငှက်ပျောခြံအား နေရာတစ်နေရာတွင် (၄)နှစ်မှ (၅)နှစ်အထိသာ စိုက်ပျိုးနိုင်ပြီး နှင်းကျခြင်း၊ အချိန်အခါ မဟုတ် မိုးရွာခြင်းများ ဖြစ်ပါက မှိုသတ်ဆေးများ အသုံးပြုရကြောင်း သိရသည်။

မိုင်းယုဒေသမှ ထွက်သော တစ်သျှူးငှက်ပျောများကို တရုတ်နိုင်ငံဈေးကွက်တင်ပို့ရာတွင် (၂၀) ကီလို ဝင်ဆန့်သော ကဒ်ထူဖာအတွင်း ဖော့ခံ၍ ထိခိုက်မှုမရှိစေရန် ထုပ်ပိုး၍ ပို့ဆောင်ရောင်းချပေးရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုနိုင်(MYu) 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~