တာခ်ီလိတ္တြင္ လွ်ပ္စစ္မီးတစ္ေနကုန္ပ်က္ေနခ်ိန္ ၿမိဳ႕မီးလင္းေရးအဖြဲ႔မွ Transformer မ်ားအား လိုက္လံ ဆီျဖည့္

တာခ်ီလိတ္တြင္ လွ်ပ္စစ္မီးတစ္ေနကုန္ပ်က္ေနခ်ိန္ ၿမိဳ႕မီးလင္းေရးအဖြဲ႔မွ Transformer မ်ားအား လိုက္လံ ဆီျဖည့္
အောက်တိုဘာ 10, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ PEA ( Provincial Electricity Authority )လွ်ပ္စစ္ဌာနခြဲမွ လွ်ပ္စစ္မီးႏွင့္ ပတ္သက္၍ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၀)ရက္ေန႔တြင္ ျပဳျပင္ထိန္းသိမ္းမႈမ်ား ျပဳလုပ္ရန္ရွိသည့္ အတြက္ တာခ်ီလိတ္ၿမိဳ႕ တစ္ၿမိဳ႕လံုးတြင္ တစ္ေနကုန္ လွ်ပ္စစ္မီးျဖတ္ေတာက္ထားခ်ိန္၌ တာခ်ီလိတ္ၿမိဳ႕ တြင္း၌ လွ်ပ္စစ္မီးႏွင့္ ပတ္သက္၍ ျပဳုျပင္မႈမ်ား ေဆာင္ရြက္ေၾကာင္း မီးလင္းေရးရံုးမွ သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ PEA ( Provincial Electricity Authority )လွ်ပ္စစ္ဌာနခြဲမွ 115kv လိုင္း ျပဳျပင္ေနစဥ္တြင္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုးမွ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ၿမိဳ႕တြင္းရွိ 400v လိုင္း Transformer မ်ားအား ဆီျဖည့္ျခင္း၊ Drop-Out လဲလွယ္ျခင္းအျပင္ ပါ၀ါလိုင္းမ်ားျဖင့္ မလြတ္ကင္းသည့္ သစ္ပင္မ်ား ခုတ္ထြင္ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

"ဗယ္လင္တိုင္းနားက Transformer ကို Transformerဆီ (၃)လီတာျဖည့္ရတယ္၊ ေနာက္ၿပီး ေဆးရံုေရွ႕မွာလည္း Transformer ဆီ(၇)လီတာ ျဖည့္ရတယ္။ မီးႀကိဳးနဲ႔ မလြတ္တဲ့ သစ္ပင္သစ္ကိုင္း ေတြကိုေတာ့ ေရႊတိဂံုနားရယ္၊ ၀မ္ေကာင္းရပ္ကြက္ ရတနာလမ္းထဲရယ္ ခုတ္ထြင္ရွင္းလင္းခဲ့ပါတယ္ "ဟု တာခ်ီလိတ္ ေရႊတိဂံု အဆင္းလမ္းရွိ မီးလင္းေရးရံုးမွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးစိုင္းခမ္းမြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ဆိုင္ဘက္တြင္ လွ်ပ္စစ္မီးျပဳျပင္မႈမ်ား ျပဳလုပ္ေနစဥ္ တာခ်ီလိတ္ၿမိဳ႕၏ ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္ေက်းရြာမ်ား အထိ တစ္ၿမိဳ႕လံုးသို႔ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၀)ရက္ေန႔ နံနက္(၇)နာရီမွ ညေန(၃)နာရီခြဲ၀န္းက်င္ အထိ တစ္ေနကုန္ ျဖတ္ေထာက္ထားမည္ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးရံုးမွ အသိေပးထားေသာ္လည္း ညေန(၄)နာရီခြဲ၀န္းက်င္မွ မီးလႊတ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ဓာတ္ပံု - Maesai PEA၊ မီးလင္းေရးရံုး


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ လျှပ်စစ်မီးနှင့် ပတ်သက်၍ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်ရှိသည့် အတွက် တာချီလိတ်မြို့ တစ်မြို့လုံးတွင် တစ်နေကုန် လျှပ်စစ်မီးဖြတ်တောက်ထားချိန်၌ တာချီလိတ်မြို့ တွင်း၌ လျှပ်စစ်မီးနှင့် ပတ်သက်၍ ပြုပြင်မှုများ ဆောင်ရွက်ကြောင်း မီးလင်းရေးရုံးမှ သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ 115kv လိုင်း ပြုပြင်နေစဉ်တွင် တာချီလိတ်မြို့မီးလင်းရေးရုံးမှ တာဝန်ရှိသူများက တာချီလိတ်မြို့တွင်းရှိ 400v လိုင်း Transformer များအား ဆီဖြည့်ခြင်း၊ Drop-Out လဲလှယ်ခြင်းအပြင် ပါဝါလိုင်းများဖြင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

"ဗယ်လင်တိုင်းနားက Transformer ကို Transformerဆီ (၃)လီတာဖြည့်ရတယ်၊ နောက်ပြီး ဆေးရုံရှေ့မှာလည်း Transformer ဆီ(၇)လီတာ ဖြည့်ရတယ်။ မီးကြိုးနဲ့ မလွတ်တဲ့ သစ်ပင်သစ်ကိုင်း တွေကိုတော့ ရွှေတိဂုံနားရယ်၊ ဝမ်ကောင်းရပ်ကွက် ရတနာလမ်းထဲရယ် ခုတ်ထွင်ရှင်းလင်းခဲ့ပါတယ် "ဟု တာချီလိတ် ရွှေတိဂုံ အဆင်းလမ်းရှိ မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်တွင် လျှပ်စစ်မီးပြုပြင်မှုများ ပြုလုပ်နေစဉ် တာချီလိတ်မြို့၏ မြို့တွင်း၊ မြို့ပြင်ကျေးရွာများ အထိ တစ်မြို့လုံးသို့ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၇)နာရီမှ ညနေ(၃)နာရီခွဲဝန်းကျင် အထိ တစ်နေကုန် ဖြတ်ထောက်ထားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ အသိပေးထားသော်လည်း ညနေ(၄)နာရီခွဲဝန်းကျင်မှ မီးလွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Maesai PEA၊ မီးလင်းရေးရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~