ၿမိဳ႕သစ္ၿမိဳ႕နယ္အတြင္း စာပို႔ရထားမွ ရထားဝန္ထမ္းတစ္ဦး တြဲကူးစဥ္ ျပဳတ္က်ေသဆံုး

ၿမိဳ႕သစ္ၿမိဳ႕နယ္အတြင္း စာပို႔ရထားမွ ရထားဝန္ထမ္းတစ္ဦး တြဲကူးစဥ္ ျပဳတ္က်ေသဆံုး
အောက်တိုဘာ 19, 2017
By 🌸
မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕နယ္ တလုပ္ပင္ေက်းရြာအုပ္စု ကံႀကီးေက်းရြာအနီးတြင္ ေအာက္တိုဘာလ(၁၈) ရက္ေန႔ မြန္းလဲြ(၁)နာရီအခ်ိန္ခန္႔က မီးရထားစက္မႈစက္ျပင္ဝန္ထမ္းတစ္ဦး တြဲကူးစဥ္ ျပဳတ္က်ေသဆုံးသြားေၾကာင္း သိရသည္။

ေနျပည္ေတာ္မွ ေခ်ာက္သို ့ ေမာင္းႏွင္လာသည့္ အမွတ္ (၁၀၁) အဆန္ စာပို႔ရထားသည္ ေအာက္တိုဘာ (၁၈)ရက္ေန႔ ေန ့လယ္ (၁၂)နာရီ (၅၀)မိနစ္အခ်ိန္ခန္ ့တြင္ ၿမိဳ႕သစ္ဘူတာမွ စတင္ထြက္ခြာလာခ့ဲၿပီး မြန္းလဲြ (၁)နာရီ (၁၀)မိနစ္အခ်ိန္ခန္ ့၌ မီးရထားမိုင္တိုင္အမွတ္ (၃၁၀)-(၁၀/၁၁) ၾကားတြင္ အသက္(၅၉)ႏွစ္အရြယ္ စက္မႈစက္ျပင္ ဦးတင္ေမာင္ဦးသည္ စက္ေခါင္းတြဲဘက္မွ အထူးတန္း ခရီးသည္တင္တြဲေပၚသို ့ ျဖတ္ကူးစဥ္ ေျခေခ်ာ္ျပဳတ္က်ကာ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ ၿမိဳ႕သစ္ရဲစခန္းမွ  ဒုရဲအုပ္ဝင္းေက်ာ္သည္  တလုပ္ပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္သက္၊ ဆယ္အိမ္မွဴး ဦးခင္ေမာင္ေရႊတို႔ႏွင့္အတူ သြားေရာက္စစ္ေဆး၍ အေလာင္းအား ရဲေဆးစာျဖင့္ ၿမိဳ႕သစ္ျပည္သူ႔ေဆးရံုတြင္ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈမွာ ဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္ /မဟုတ္ စစ္ေဆးနိုင္ေရးအတြက္ ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းတြင္  ေသမႈေသခင္းအမွတ္စဥ္ ၁၀/၂၀၁၇ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္#လိႈင္ဘြား

~~~~~~~~⊰❂ unicode ~~~~~~~~
မြို့သစ်မြို့နယ်အတွင်း စာပို့ရထားမှ ရထားဝန်ထမ်းတစ်ဦး တွဲကူးစဉ် ပြုတ်ကျသေဆုံး
**************
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု ကံကြီးကျေးရွာအနီးတွင် အောက်တိုဘာလ(၁၈) ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က မီးရထားစက်မှုစက်ပြင်ဝန်ထမ်းတစ်ဦး တွဲကူးစဉ် ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

နေပြည်တော်မှ ချောက်သို ့ မောင်းနှင်လာသည့် အမှတ် (၁၀၁) အဆန် စာပို့ရထားသည် အောက်တိုဘာ (၁၈)ရက်နေ့ နေ ့လယ် (၁၂)နာရီ (၅၀)မိနစ်အချိန်ခန် ့တွင် မြို့သစ်ဘူတာမှ စတင်ထွက်ခွာလာခဲ့ပြီး မွန်းလွဲ (၁)နာရီ (၁၀)မိနစ်အချိန်ခန် ့၌ မီးရထားမိုင်တိုင်အမှတ် (၃၁၀)-(၁၀/၁၁) ကြားတွင် အသက်(၅၉)နှစ်အရွယ် စက်မှုစက်ပြင် ဦးတင်မောင်ဦးသည် စက်ခေါင်းတွဲဘက်မှ အထူးတန်း ခရီးသည်တင်တွဲပေါ်သို ့ ဖြတ်ကူးစဉ် ခြေချော်ပြုတ်ကျကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ မြို့သစ်ရဲစခန်းမှ  ဒုရဲအုပ်ဝင်းကျော်သည်  တလုပ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သက်၊ ဆယ်အိမ်မှူး ဦးခင်မောင်ရွှေတို့နှင့်အတူ သွားရောက်စစ်ဆေး၍ အလောင်းအား ရဲဆေးစာဖြင့် မြို့သစ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် /မဟုတ် စစ်ဆေးနိုင်ရေးအတွက် မြို့သစ်မြို့မရဲစခန်းတွင်  သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၇ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #ဖီးနစ်#လှိုင်ဘွား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~