တာခ်ီလိတ္တြင္ ျမန္မာႏုိင္ငံသို႔ ခုိးဝင္လာသည့္ ထုိင္းႏုိင္ငံသားတစ္ဦးအား ျပည္ႏွင္ဒဏ္ေပး

တာခ်ီလိတ္တြင္ ျမန္မာႏုိင္ငံသို႔ ခုိးဝင္လာသည့္ ထုိင္းႏုိင္ငံသားတစ္ဦးအား ျပည္ႏွင္ဒဏ္ေပး
အောက်တိုဘာ 3, 2017
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ - မိုင္းတြမ္းလမ္းမွတစ္ဆင့္ ျမန္မာႏုိင္ငံသုိ႔ ခိုးဝင္လာသည့္ ထိုင္းႏုိင္ငံသားအား ျပည္ႏွင္ဒဏ္ေပးလုိက္ၿပီးေနာက္ ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ တာခ်ီလိတ္ရိွ ခ်စ္ၾကည္ေရးတံတား(၁)၌ ထိုင္းႏိုင္ငံမွတာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇြန္လ (၂၂)ရက္ေန႔က ခိုးဝင္လာစဥ္ လြယ္ဆန္ဆံုစခန္းအနီးတြင္ ဖမ္းဆီးခံခဲ့ရသည့္ အဆိုပါ ထုိင္းႏုိင္ငံသား Mr.Ekarpote ( Kamalarchboochar)သည္ ၾသဂုတ္လ (၈)ရက္ေန႔တြင္ ေငြဒဏ္က်ပ္ ငါးသိန္းေပးေဆာင္ခဲ့ၿပီး ျဖစ္သျဖင့္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးရံုး၏ စက္တင္ဘာလ (၂၅)ရက္ေန႔ရက္စြဲပါ စာအရ ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ ျပည္ႏွင္ဒဏ္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ားအဖြဲ႕က ထုိင္းႏုိင္ငံမွ သက္ဆိုိင္ရာ တာဝန္ရိွသူမ်ားထံ ထုိင္းႏုိင္ငံသားအား လႊဲေျပာင္းေပးလိုက္ၿပီး ၎အား အမည္ပ်က္စာရင္း သြင္းထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓာတ္ပံု - ခရိုင္ ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - မိုင်းတွမ်းလမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားအား ပြည်နှင်ဒဏ်ပေးလိုက်ပြီးနောက် အောက်တိုဘာလ (၃)ရက်နေ့တွင် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)၌ ထိုင်းနိုင်ငံမှတာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇွန်လ (၂၂)ရက်နေ့က ခိုးဝင်လာစဉ် လွယ်ဆန်ဆုံစခန်းအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် အဆိုပါ ထိုင်းနိုင်ငံသား Mr.Ekarpote ( Kamalarchboochar)သည် သြဂုတ်လ (၈)ရက်နေ့တွင် ငွေဒဏ်ကျပ် ငါးသိန်းပေးဆောင်ခဲ့ပြီး ဖြစ်သဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ စက်တင်ဘာလ (၂၅)ရက်နေ့ရက်စွဲပါ စာအရ အောက်တိုဘာလ (၃)ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအဖွဲ့က ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထိုင်းနိုင်ငံသားအား လွှဲပြောင်းပေးလိုက်ပြီး၎င်းအား အမည်ပျက်စာရင်း သွင်းထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ခရိုင် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~