ေတာင္ႀကီးၿမိဳ႕မရဲစခန္း၌ အခ်ဳပ္တရားခံ(၅)ဦးက ကင္းတာဝန္က် ရဲတပ္ဖြဲ႕ဝင္မ်ားအား တိုက္ခိုက္၍ ထြက္ေျပး

ေတာင္ႀကီးၿမိဳ႕မရဲစခန္း၌ အခ်ဳပ္တရားခံ(၅)ဦးက ကင္းတာဝန္က် ရဲတပ္ဖြဲ႕ဝင္မ်ားအား တိုက္ခိုက္၍ ထြက္ေျပး
အောက်တိုဘာ 1, 2017
By 🌸

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ အခ်ဳပ္တရားခံ(၅)ဦးက စက္တင္ဘာလ (၃၀)ရက္ေန႔ ညေန (၃)နာရီခန္႔တြင္ တာဝန္က်ရဲတပ္ဖြဲ႕ဝင္(၅)ဦးအား တိုက္ခုိက္၍ ထြက္ေျပးသျဖင့္ အခ်ဳပ္မွထြက္ေျပးရန္ ႀကံစည္မႈ၊ ျပည္သူ႔ဝန္ထမ္းအား တာဝန္ထမ္းေဆာင္ျခင္းမွ ဟန္႔တားရန္ နာက်င္ေစမႈႏွင့္ အားေပးကူညီမႈတို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္း အမွတ္(၁)ရွိ အမ်ိဳးသား အခ်ဳပ္သားမ်ား၏ အိပ္ယာထုပ္မ်ားအား ကင္းမွဴး ရဲတပ္ၾကပ္ႏွင့္ ကင္းသားမ်ားျဖစ္သည့္ ရဲဒုတပ္ၾကပ္၊ ရဲတပ္သားႏွစ္ဦး စုစုေပါင္း(၄)ဦးက အခ်ဳပ္ခန္း ဗူးတံခါးအားဖြင့္၍ သြင္းေနစဥ္ အဆိုပါ အခ်ဳပ္ခန္းအတြင္းရွိ မူးယစ္ေဆးဝါးမႈျဖင့္ တရားရံုး စစ္ေဆးဆဲျဖစ္သည့္ စိုင္းျပည့္စံုသူက ရဲတပ္ၾကပ္ စိုးဦးအား အခ်ဳပ္သားမ်ား၏ စားႂကြင္းစားက်န္ ငါးပိရည္ျဖင့္ပက္၍ လက္သီးျဖင့္ထိုးၿပီး မူးယစ္ေဆးဝါးမႈမ်ားျဖင့္ အမႈရင္ဆုိင္ေနရသူမ်ားျဖစ္သည့္ ေမာင္ေမာင္သိန္း၊ ႏုိင္ထူး၊ ေမာင္ေမာင္ၿဖိဳး(ခ)အင္းသားႏွင့္ ျမင့္ေမာင္ေမာင္(ခ) စမန္တို႔ ေလးဦးက အမွတ္(၁)ဗူးတံခါးအား ဆြဲဖြင့္ကာ အိပ္ယာထုပ္မ်ား ထည့္ေနသည့္ ရဲတပ္ၾကပ္ စိုးဦးပါ တပ္ဖြဲ႕ဝင္(၄)ဦးအား ဝိုင္းဝန္းထိုးႀကိတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထြက္ေျပးရန္ႀကိဳးစားသည့္ တရားခံ(၅)ဦးအား တားဆီးသည့္ တာဝန္က်ရဲတပ္ဖြဲ႕ဝင္ (၄)ဦးႏွင့္ စခန္း အုပ္ခ်ဳပ္ ရဲတပ္ၾကပ္ႀကီးတို႔အား အခ်ဳပ္ခန္းဗူးတံခါး ခ်ည္ေႏွာင္ထားသည့္ သံႀကိဳး၊ ကင္းသံေခ်ာင္းမ်ားျဖင့္ တုိက္ခိုက္ခဲ့သျဖင့္ ရဲတပ္ၾကပ္ႀကီး ေက်ာ္ထြန္း၊ ရဲတပ္ၾကပ္ စိုးဦး၊ ရဲတပ္သား စိုင္းေနာ္ဆိုင္ဖ၊ ရဲတပ္သား ရဲေက်ာ္ေက်ာ္၊ ရဲဒုတပ္ၾကပ္ ေဝမင္းေအာင္ႏွင့္ ရဲတပ္ၾကပ္ စိုးဦးတို႔တြင္ ဒဏ္ရာအသီးသီးရသြားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္(၅)ဦးအား ဝိုင္းဝန္းထိုးႀကိတ္၍ အခ်ဳပ္ခန္းတြင္းမွ ထြက္ေျပးရန္ အခ်ဳပ္ခန္း ေလၽွာက္လမ္း အတြင္းသို႔ ေရာက္ရွိလာသည့္ အခ်ဳပ္တရားခံ(၅)ဦးအား ရဲအုပ္ထြန္းထြန္းဝင္းပါ ရဲတပ္ဖြဲ႕ဝင္(၄)ဦးႏွင့္ စခန္းသို႔ ေရာက္ရွိေနသည့္ အရပ္သား(၂)ဦးတို႔က ပူးေပါင္း၍ထိန္းသိမ္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခ်ဳပ္တရားခံမ်ား တုိက္ခိုက္မႈေၾကာင့္ ဒဏ္ရာရရဲတပ္ဖြဲ႕ဝင္မ်ားအနက္ ရဲတပ္ၾကပ္ႀကီး ေက်ာ္ထြန္း ပါ(၃)ဦးအား စဝ္စံထြန္းေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

အခ်ဳပ္ခန္းမွထြက္ေျပးရန္ႀကိဳးစားသည့္ တရားခံ ေမာင္ေမာင္သိန္း ပါ(၅)ဦးအား ေတာင္ႀကီးၿမိဳ႕မ ရဲစခန္းတြင္ (ပ)၈၇၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၂၄/ ၃၃၂/၁၁၄ (အခ်ဳပ္မွ ထြက္ေျပးရန္ ႀကံစည္မႈု/ျပည္သူ႔ဝန္ထမ္းအား တာဝန္ထမ္းေဆာင္ျခင္းမွ ဟန္႔တားရန္ နာက်င္ေစမႈ/အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အခ်ဳပ္ခန္းမွ ထြက္ေျပးရန္ႀကံစည္သူ(၅)ဦးမွာ ပင္းေလာင္ၿမိဳ႕မ ရဲစခန္း မယ (ပ)၃၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အမႈမွ တရား႐ုံးစစ္ေဆးဆဲ တရားခံ စိုင္းျပည့္စုံသူ၊ ေတာင္ႀကီးၿမိဳ႕မရဲစခန္း မယ(ပ)၃၂/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) တရား႐ုံး စစ္ေဆးဆဲ တရားခံ ေမာင္ေမာင္သိန္း၊ ေတာင္ႀကီး နယ္ေျမရဲစခန္း မယ(ပ)၉၀/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အမႈျဖင့္ စက္တင္ဘာလ ၂၉ ရက္ေန႔တြင္ တရား႐ုံးမွ ေထာင္ဒဏ္(၁၁)ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခဲ့သည့္ တရားခံ နိုင္ထူး၊ ေတာင္ႀကီးၿမိဳ႕မ ရဲစခန္း မယ(ပ) ၃၀/၂၀၁၇၊မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အမႈျဖင့္ တရား႐ုံးစစ္ေဆးဆဲ တရားခံ ေမာင္ေမာင္ၿဖိဳး (ခ)အင္းသားႏွင့္ ပင္ေလာင္းၿမိဳ႕မရဲစခန္း မယ(ပ)၃၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အမႈျဖင့္ တရား႐ုံးစစ္ေဆးဆဲ တရားခံ ျမင့္ေမာင္ေမာင္(ခ)စမန္ တို႔ျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့မရဲစခန်းမှ အချုပ်တရားခံ(၅)ဦးက စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ (၃)နာရီခန့်တွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်(၅)ဦးအား တိုက်ခိုက်၍ ထွက်ပြေးသဖြင့် အချုပ်မှထွက်ပြေးရန် ကြံစည်မှု၊ ပြည်သူ့ဝန်ထမ်းအား တာဝန်ထမ်းဆောင်ခြင်းမှ ဟန့်တားရန် နာကျင်စေမှုနှင့် အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မြို့မရဲစခန်း အချုပ်ခန်း အမှတ်(၁)ရှိ အမျိုးသား အချုပ်သားများ၏ အိပ်ယာထုပ်များအား ကင်းမှူး ရဲတပ်ကြပ်နှင့် ကင်းသားများဖြစ်သည့် ရဲဒုတပ်ကြပ်၊ ရဲတပ်သားနှစ်ဦး စုစုပေါင်း(၄)ဦးက အချုပ်ခန်း ဗူးတံခါးအားဖွင့်၍ သွင်းနေစဉ် အဆိုပါ အချုပ်ခန်းအတွင်းရှိ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံး စစ်ဆေးဆဲဖြစ်သည့် စိုင်းပြည့်စုံသူက ရဲတပ်ကြပ် စိုးဦးအား အချုပ်သားများ၏ စားကြွင်းစားကျန် ငါးပိရည်ဖြင့်ပက်၍ လက်သီးဖြင့်ထိုးပြီး မူးယစ်ဆေးဝါးမှုများဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်သည့် မောင်မောင်သိန်း၊ နိုင်ထူး၊ မောင်မောင်ဖြိုး(ခ)အင်းသားနှင့် မြင့်မောင်မောင်(ခ) စမန်တို့ လေးဦးက အမှတ်(၁)ဗူးတံခါးအား ဆွဲဖွင့်ကာ အိပ်ယာထုပ်များ ထည့်နေသည့် ရဲတပ်ကြပ် စိုးဦးပါ တပ်ဖွဲ့ဝင်(၄)ဦးအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးရန်ကြိုးစားသည့် တရားခံ(၅)ဦးအား တားဆီးသည့် တာဝန်ကျရဲတပ်ဖွဲ့ဝင် (၄)ဦးနှင့် စခန်း အုပ်ချုပ် ရဲတပ်ကြပ်ကြီးတို့အား အချုပ်ခန်းဗူးတံခါး ချည်နှောင်ထားသည့် သံကြိုး၊ ကင်းသံချောင်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ကြပ်ကြီး ကျော်ထွန်း၊ ရဲတပ်ကြပ် စိုးဦး၊ ရဲတပ်သား စိုင်းနော်ဆိုင်ဖ၊ ရဲတပ်သား ရဲကျော်ကျော်၊ ရဲဒုတပ်ကြပ် ဝေမင်းအောင်နှင့် ရဲတပ်ကြပ် စိုးဦးတို့တွင် ဒဏ်ရာအသီးသီးရသွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်(၅)ဦးအား ဝိုင်းဝန်းထိုးကြိတ်၍ အချုပ်ခန်းတွင်းမှ ထွက်ပြေးရန် အချုပ်ခန်း လျှောက်လမ်း အတွင်းသို့ ရောက်ရှိလာသည့် အချုပ်တရားခံ(၅)ဦးအား ရဲအုပ်ထွန်းထွန်းဝင်းပါ ရဲတပ်ဖွဲ့ဝင်(၄)ဦးနှင့် စခန်းသို့ ရောက်ရှိနေသည့် အရပ်သား(၂)ဦးတို့က ပူးပေါင်း၍ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အချုပ်တရားခံများ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်ကြပ်ကြီး ကျော်ထွန်း ပါ(၃)ဦးအား စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အချုပ်ခန်းမှထွက်ပြေးရန်ကြိုးစားသည့် တရားခံ မောင်မောင်သိန်း ပါ(၅)ဦးအား တောင်ကြီးမြို့မ ရဲစခန်းတွင် (ပ)၈၇၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄/ ၃၃၂/၁၁၄ (အချုပ်မှ ထွက်ပြေးရန် ကြံစည်မှု/ပြည်သူ့ဝန်ထမ်းအား တာဝန်ထမ်းဆောင်ခြင်းမှ ဟန့်တားရန် နာကျင်စေမှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အချုပ်ခန်းမှ ထွက်ပြေးရန်ကြံစည်သူ(၅)ဦးမှာ ပင်းလောင်မြို့မ ရဲစခန်း မယ (ပ)၃၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အမှုမှ တရားရုံးစစ်ဆေးဆဲ တရားခံ စိုင်းပြည့်စုံသူ၊ တောင်ကြီးမြို့မရဲစခန်း မယ(ပ)၃၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) တရားရုံး စစ်ဆေးဆဲ တရားခံ မောင်မောင်သိန်း၊ တောင်ကြီး နယ်မြေရဲစခန်း မယ(ပ)၉၀/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အမှုဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရားရုံးမှ ထောင်ဒဏ်(၁၁)နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည့် တရားခံ နိုင်ထူး၊ တောင်ကြီးမြို့မ ရဲစခန်း မယ(ပ) ၃၀/၂၀၁၇၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အမှုဖြင့် တရားရုံးစစ်ဆေးဆဲ တရားခံ မောင်မောင်ဖြိုး (ခ)အင်းသားနှင့် ပင်လောင်းမြို့မရဲစခန်း မယ(ပ)၃၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အမှုဖြင့် တရားရုံးစစ်ဆေးဆဲ တရားခံ မြင့်မောင်မောင်(ခ)စမန် တို့ဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~