ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ကာလတြင္ ၿမိဳ႕ပတ္ကားမ်ား ယာဥ္စီးခႏႈန္းထား တိုးျမႇင့္ခြင့္ျပဳ

ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ကာလတြင္ ၿမိဳ႕ပတ္ကားမ်ား ယာဥ္စီးခႏႈန္းထား တိုးျမႇင့္ခြင့္ျပဳ
အောက်တိုဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ကာလတြင္ ၿမိဳ႕ပတ္ကားမ်ား ယာဥ္စီးခကို ပံုမွန္အခ်ိန္ထက္ တိုးျမႇင့္သတ္မွတ္ေပးထားေၾကာင္း ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရး ေကာ္မတီထံမွ သိရသည္။

“ၿမိဳ႕ပတ္ကားေတြ ၿမိဳ႕တြင္းမွာဆြဲတဲ့လိုင္းေတြက ေန႔ (၂၀၀)က်ပ္နဲ႔ ည (၃၀၀)က်ပ္။ ၿမိဳ႕ေပၚက စက္မႈဇုန္ ေအးသာယာဆိုရင္ေတာ့ ေန႔ဆို (၃၀၀)က်ပ္ ညဆို (၄၀၀)က်ပ္အထိ ေကာက္ခံခြင့္ျပဳထားပါတယ္။ ခရီးသည္ေတြနဲ႔လည္း စကားမမ်ားဖို႕ အဆင္ေျပေျပဆက္ဆံဖို႕ကို ယာဥ္ဝန္ထမ္းေတြကို ေျပာထားပါတယ္။ ပြဲအတြင္းကိုလည္း ျပႆနာေတြမျဖစ္ဖို႕ ေကာ္မတီဥကၠဌေတြနဲ႕ အစည္းအေ၀းေခၚၿပီး ေျပာထားပါတယ္။ စည္းကမ္းခ်က္ေတြလည္း ထုတ္ထားတယ္။ မူးရူးၿပီး ကိုယ့္ယာဥ္လိုင္းေတြေၾကာင့္ သူမ်ားေတြအတြက္ ယာဥ္ေၾကာေတြမပိတ္ဆို႔ဖို႔ စည္းကမ္းတက် ေမာင္းႏွင္ဖို႔ကို ထုတ္ျပန္ထားပါတယ္။ ပြဲအတြင္းမွာလည္း သတ္မွတ္ေပးထားတဲ့ ေစ်းႏႈန္းအတိုင္း ေကာက္ခံရမယ္။ ဒီထက္ပိုၿပီးေတာ့ မတရား ေတာင္းခံတာေတြ ရွိရင္ေတာ့ ယာဥ္စည္းကမ္း ဥပေဒအတိုင္း အေရးယူေဆာင္ရြက္သြားမွာပါ” ဟု ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရးေကာ္မတီ ဥကၠဌ ဦးသန္းေက်ာ္က ေျပာသည္။

ၿမိဳ႕ပတ္ကားမ်ား၏ ပံုမွန္ယာဥ္စီးခႏႈန္းထားမွာ (၁၅၀) က်ပ္မွ (၂၀၀)က်ပ္အထိျဖစ္ၿပီး တန္ေဆာင္တိုင္ ပြဲေတာ္ ကာလအတြင္း က်ပ္(၃၀၀)မွ က်ပ္ (၄၀၀)အထိ ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးတြင္ ၿမိဳ႕ပတ္ကားအစီးေရ (၅၀)ေက်ာ္ရွိၿပီး အေရွ႕ၿမိဳ႕ပတ္လမ္းႏွင့္ အေနာက္ ၿမိဳ႕ပတ္လမ္းတို႔တြင္  ေျပးဆြဲေပးေနေၾကာင္း သိရသည္။

သတင္း #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကာလတွင် မြို့ပတ်ကားများ ယာဉ်စီးခကို ပုံမှန်အချိန်ထက် တိုးမြှင့်သတ်မှတ်ပေးထားကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

“မြို့ပတ်ကားတွေ မြို့တွင်းမှာဆွဲတဲ့လိုင်းတွေက နေ့ (၂၀၀)ကျပ်နဲ့ ည (၃၀၀)ကျပ်။ မြို့ပေါ်က စက်မှုဇုန် အေးသာယာဆိုရင်တော့ နေ့ဆို (၃၀၀)ကျပ် ညဆို (၄၀၀)ကျပ်အထိ ကောက်ခံခွင့်ပြုထားပါတယ်။ ခရီးသည်တွေနဲ့လည်း စကားမများဖို့ အဆင်ပြေပြေဆက်ဆံဖို့ကို ယာဉ်ဝန်ထမ်းတွေကို ပြောထားပါတယ်။ ပွဲအတွင်းကိုလည်း ပြဿနာတွေမဖြစ်ဖို့ ကော်မတီဥက္ကဌတွေနဲ့ အစည်းအေဝးခေါ်ပြီး ပြောထားပါတယ်။ စည်းကမ်းချက်တွေလည်း ထုတ်ထားတယ်။ မူးရူးပြီး ကိုယ့်ယာဉ်လိုင်းတွေကြောင့် သူများတွေအတွက် ယာဉ်ကြောတွေမပိတ်ဆို့ဖို့ စည်းကမ်းတကျ မောင်းနှင်ဖို့ကို ထုတ်ပြန်ထားပါတယ်။ ပွဲအတွင်းမှာလည်း သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းအတိုင်း ကောက်ခံရမယ်။ ဒီထက်ပိုပြီးတော့ မတရား တောင်းခံတာတွေရှိရင်တော့ ယာဉ်စည်းကမ်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ” ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးသန်းကျော်က ပြောသည်။

မြို့ပတ်ကားများ၏ ပုံမှန်ယာဉ်စီးခနှုန်းထားမှာ (၁၅၀) ကျပ်မှ (၂၀၀)ကျပ်အထိဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ကျပ်(၃၀၀)မှ ကျပ် (၄၀၀)အထိ ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးတွင် မြို့ပတ်ကားအစီးရေ (၅၀)ကျော်ရှိပြီး အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းတို့တွင် ပြေးဆွဲပေးနေကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~