တာခ်ီလိတ္တြင္ ဆုိင္ကယ္ေရွ႕မီးခြက္အတြင္း စိတ္ၾကြေဆးထည့္သြင္းသယ္ေဆာင္လာသူအား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ဆုိင္ကယ္ေရွ႕မီးခြက္အတြင္း စိတ္ၾကြေဆးထည့္သြင္းသယ္ေဆာင္လာသူအား ဖမ္းဆီးရမိ
အောက်တိုဘာ 28, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ေအာက္တိုဘာလ (၂၇)ရက္ေန႔ ည (၁၁)နာရီခန္႔တြင္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သုိ႔ ဆိုင္ကယ္ေမာင္းႏွင္လာသူထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၃၈၀)အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕အထြက္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ စစ္ေဆးေနစဥ္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ဆုိင္ကယ္ေရွ႕မီးခြက္အတြင္း ထည့္၍သယ္ေဆာင္လာသည့္ WY စာတန္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၃၈၀) စုစုေပါင္းအေလးခ်ိန္ (၃၈)ဂရမ္ခန္႔အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အားရွီအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၁/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) ျဖင့္အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဆိုင်ကယ်ရှေ့မီးခွက်အတွင်း စိတ်ကြွဆေးထည့်သွင်းသယ်ဆောင်လာသူအား ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ (၂၇)ရက်နေ့ ည (၁၁)နာရီခန့်တွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၈၀)အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ရှေ့မီးခွက်အတွင်း ထည့်၍သယ်ဆောင်လာသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၃၈၀) စုစုပေါင်းအလေးချိန် (၃၈)ဂရမ်ခန့်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားရှီအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~