သီေပါၿမိဳ႕နယ္ ခိုလံုရြာရွိ လူမေနသည့္အိမ္တြင္ ျပင္ပဒဏ္ရာမရိွဘဲ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းေတြ႔ရွိ

သီေပါၿမိဳ႕နယ္ ခိုလံုရြာရွိ လူမေနသည့္အိမ္တြင္ ျပင္ပဒဏ္ရာမရိွဘဲ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းေတြ႔ရွိ
အောက်တိုဘာ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ခိုလံုေက်းရြာရွိ လူမေနသည့္ အိမ္တစ္လံုးတြင္ အမ်ိဳးသားတစ္ဦး ေသဆံုးေနသည္ကို ေအာက္တိုဘာလ(၇)ရက္ ေန႔လယ္ပိုင္းက ေတြ႔ရသျဖင့္ အေလာင္းအား သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ စစ္ေဆးေနၿပီး ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“အဲဒီအိမ္က လူမေနဘူးလို႔ သိရပါတယ္။ အေလာင္း တစ္ေလာင္းေတြ႔ရွိေၾကာင္း သတင္းရတဲ့အတြက္ သြားေရာက္ စစ္ေဆးၿပီး ေဆးရံုကို ပို႔ေဆာင္ေပးထားပါတယ္။ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးမႈ ျပဳလုပ္သြားမွာပါ” ဟု သီေပါၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးဝင္းတင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေသဆံုးသူမွာ သီေပါၿမိဳ႕နယ္ ကုန္းသာေက်းရြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း ကနဦးစစ္ေဆးသိရိွရၿပီး ျပင္ပဒဏ္ရာမေတြ႔ရွိရေသာ္လည္း မည္သည့္အေၾကာင္းေၾကာင့္ေသဆံုးသည္ကို ေဆးစစ္ေဆးမႈရလဒ္ ေစာင့္ဆုိင္းေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ သီေပါၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - နယ္စည္းမျခားပရဟိတအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ခိုလုံကျေးရွာရှိ လူမနေသည့် အိမ်တစ်လုံးတွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို အောက်တိုဘာလ(၇)ရက် နေ့လယ်ပိုင်းက တွေ့ရသဖြင့် အလောင်းအား သီပေါမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် စစ်ဆေးနပြေီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“အဲဒီအိမ်က လူမနေဘူးလို့ သိရပါတယ်။ အလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရတဲ့အတွက် သွားရောက် စစ်ဆေးပြီး ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးမှု ပြုလုပ်သွားမှာပါ” ဟု သီပေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းတင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

သေဆုံးသူမှာ သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ကနဦးစစ်ဆေးသိရှိရပြီး ပြင်ပဒဏ်ရာမတွေ့ရှိရသော်လည်း မည်သည့်အကြောင်းကြောင့်သေဆုံးသည်ကို ဆေးစစ်ဆေးမှုရလဒ် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သီပေါမြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~