လားရိႈးၿမိဳ႕နယ္မွ တရုတ္သို႔တင္ပို႔မည့္ ပိေတာက္သစ္ ၁.၇ တန္ေက်ာ္အား သယ္ေဆာင္လာသည့္ လုိင္စင္မဲ့ကား ဖမ္းဆီးရမိ

လားရိႈးၿမိဳ႕နယ္မွ တရုတ္သို႔တင္ပို႔မည့္ ပိေတာက္သစ္ ၁.၇ တန္ေက်ာ္အား သယ္ေဆာင္လာသည့္ လုိင္စင္မဲ့ကား ဖမ္းဆီးရမိ
အောက်တိုဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ စဥ့္အင္ဘိနယ္၊ ေနာင္ကြဲေက်းရြာအနီးတြင္ ေအာက္တိုဘာလ (၉)ရက္ေန႔က သစ္ (၁.၇)တန္ေက်ာ္အား တရားမဝင္သယ္ေဆာင္လာသည့္  လိုင္စင္မဲ့ကုန္တင္ယာဥ္တစ္စီးအား ရဲတပ္ဖြဲ႔ႏွင့္ သစ္ေတာဦးစီးဌာနတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ တရားမဝင္သစ္မ်ားတင္ေဆာင္လာသည့္ေမာ္ေတာ္ယာဥ္သည္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနတြင္ မွတ္ပံုတင္ထားျခင္းမရွိသည္ကိုလည္း စစ္ေဆးေတြ႔ရိွရသျဖင့္ ယာဥ္ပိုင္ရွင္ႏွင့္ တရားမဝင္သစ္မ်ား သယ္ေဆာင္သူတုိ႔အား အေရးယူႏုိင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

အဆိုပါယာဥ္တြင္ တင္ေဆာင္လာသည့္ ပိေတာက္သစ္ဓါးေရႊတံုး(၈၂)တံုးအား သီေပါၿမိဳ႕နယ္၊ နားျဖန္းေက်းရြာအနီး မွ တင္ေဆာင္လာျခင္းျဖစ္ၿပီး မူဆယ္ၿမိဳ႕နယ္ ေမာ္ေတာင္းေက်းရြာသို႔ ပို႔ေဆာင္ရန္ ေမာင္းႏွင္လာျခင္းျဖစ္ေၾကာင္း သိရိွရသျဖင့္ သစ္မ်ားႏွင့္ သစ္တင္ေဆာင္လာသည့္ေမာ္ေတာ္ယာဥ္အား သစ္ေတာဦးစီးဌာနတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

ယာဥ္ေမာင္းျဖစ္သူအား ေနာင္မြန္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #သစ္ေတာဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ်မှ တရုတ်သို့တင်ပို့မည့် ပိတောက်သစ် ၁.၇ တန်ကျော်အား သယ်ဆောင်လာသည့် လိုင်စင်မဲ့ကား ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် စဉ့်အင်ဘိနယ်၊ နောင်ကွဲကျေးရွာအနီးတွင် အောက်တိုဘာလ (၉)ရက်နေ့က သစ် (၁.၇)တန်ကျော်အား တရားမဝင်သယ်ဆောင်လာသည့်  လိုင်စင်မဲ့ကုန်တင်ယာဉ်တစ်စီးအား ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမဝင်သစ်များတင်ဆောင်လာသည့်မော်တော်ယာဉ်သည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်ပိုင်ရှင်နှင့် တရားမဝင်သစ်များ သယ်ဆောင်သူတို့အား အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါယာဉ်တွင် တင်ဆောင်လာသည့် ပိတောက်သစ်ဓါးရွှေတုံး(၈၂)တုံးအား သီပေါမြို့နယ်၊ နားဖြန်းကျေးရွာအနီး မှ တင်ဆောင်လာခြင်းဖြစ်ပြီး မူဆယ်မြို့နယ် မော်တောင်းကျေးရွာသို့ ပို့ဆောင်ရန် မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သစ်များနှင့် သစ်တင်ဆောင်လာသည့်မော်တော်ယာဉ်အား သစ်တောဦးစီးဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူအား နောင်မွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #သစ်တောဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~