ရွမ္းျပည္နယ္အတြင္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ကုန္သြယ္မႈပမာဏ ယခင္ႏွစ္ထက္ အေမရိကန္ေဒၚလာ ၁၂၇ သန္းေက်ာ္ က်ဆင္း

ရွမ္းျပည္နယ္အတြင္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ကုန္သြယ္မႈပမာဏ ယခင္ႏွစ္ထက္ အေမရိကန္ေဒၚလာ ၁၂၇ သန္းေက်ာ္ က်ဆင္း
အောက်တိုဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း နယ္စပ္ကုန္သြယ္ေရးစခန္း(၃)မွ ကုန္သြယ္မႈပမာဏမွာ ဧၿပီလ (၁)ရက္ေန႔မွ ေအာက္တိုဘာလ (၁၃)ရက္ေန႔အထိ ယခင္ႏွစ္ ကာလတူကုန္သြယ္မႈပမာဏမ်ားျဖင့္ ႏိႈင္းယွဥ္ခ်က္အရ ယခင္ႏွစ္ကထက္ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာသန္းေပါင္း (၁၂၇.၅၉၅) ေလ်ာ့က်သြားေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံႏွင့္ အဓိကကုန္သြယ္မႈလုပ္ေနသည့္ ရွမ္းျပည္နယ္အတြင္း နယ္စပ္ကုန္သြယ္ေရးမွာ ယခုႏွစ္ အတြင္း ဇြန္လ (၁၇)ရက္ေန႔က တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးလုပ္ေဆာင္ေနသည့္ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္း အခ်ိဳ႕အား ေလာင္းကစားေငြႏွင့္ ဆက္စပ္မႈရိွ/မရိွ စစ္ေဆးရာတြင္ ယာယီပိတ္ပင္ျခင္း အပါအဝင္ ကုန္သြယ္မႈ မူဝါဒအေျပာင္းအလဲအခ်ိဳ႕ကလည္း ကုန္သြယ္မႈက်ဆင္းျခင္း၏ အေၾကာင္းရင္းမ်ားတြင္ ပါဝင္သည္ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္ ဦးမင္းေအာင္က သံုးသပ္သည္။

“ကုန္သြယ္မႈအေျခအေနေလ်ာ့က်သြားတဲ့အေၾကာင္းရင္းက မ်ားတာေပါ့။ ဒီႏွစ္အတြင္းမွာဆို ေျပာင္း၊ သၾကား၊ ဆန္တင္ပို႔မႈနဲ႔ပတ္သက္လို႔ တရုတ္ဘက္က မူဝါဒ မတည္ၿငိမ္ဘူးျဖစ္တာလည္း ပါမွာေပါ့။ ဥပမာ သၾကားတုိ႔ ဆန္တို႔ ပိတ္လိုက္ ဖြင့္လိုက္ေပါ့ေနာ္။ အဲဒါမ်ိဳးေတြအေပၚမွာ ဆက္စပ္မႈေတြေတာ့ ရိွတာေပါ့”ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္ ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ တရုတ္နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္သည့္ မူဆယ္ကုန္သြယ္ေရးစခန္း၏ ၂၀၁၇ ခုႏွစ္စာရင္းမ်ားအရ ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာသန္းေပါင္း (၁၇၅၆.၈၉၇)ႏွင့္ သြင္းကုန္တန္ဖိုး (၈၉၈.၈၅၁) စုစုေပါင္းကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာသန္းေပါင္း (၂၆၅၅.၇၄၈)ရိွၿပီး ယခင္ႏွစ္က ကာလတူႏိႈင္းယွဥ္ခ်က္အရ ပို႔ကုန္ပမာဏ အေမရိကန္ေဒၚလာ (၁၁၄.၇၈၂)ေလ်ာ့က်ၿပီး သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာ (၆.၄၀၇) ေလ်ာ့က်သြားကာ စုစုေပါင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာသန္းေပါင္း (၁၂၁.၁၈၉)က်ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ တရုတ္ႏုိင္ငံႏွင့္ ကုန္သြယ္ေရးစခန္းျဖစ္သည့္ က်ိဳင္းတံုနယ္စပ္ ကုန္သြယ္ေရးစခန္း၏ ၂၀၁၇ ခုႏွစ္စာရင္းမ်ားအရ ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာသန္းေပါင္း (၀.၁၁၉)ႏွင့္ သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာသန္းေပါင္း (၀.၈၁၄) စုစုေပါင္းကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာသန္းေပါင္း (၀.၉၃၃)ရိွၿပီး ယခင္ႏွစ္ကာလတူပမာဏႏွင့္ ႏိႈင္းယွဥ္ပါက သြင္းကုန္၊ ထုတ္ကုန္ႏွစ္ခုလံုး၏ ပမာဏေလ်ာ့က်သြားၿပီး ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာသန္းေပါင္း (၂.၃၈၃)ေလ်ာ့က်သြားခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ထိုင္းႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္သည့္ တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရးစခန္း၏ ၂၀၁၇ ခုႏွစ္စာရင္းမ်ားအရ ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာသန္းေပါင္း (၇.၄၉၉)ႏွင့္ သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာသန္းေပါင္း (၃၃.၀၂၅) စုစုေပါင္းကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာသန္းေပါင္း (၄၀.၅၂၄)ရိွၿပီး ယခင္ႏွစ္ကာလတူပမာဏႏွင့္ ႏိႈင္းယွဥ္ပါက သြင္းကုန္၊ ထုတ္ကုန္ႏွစ္ခုလံုး၏ပမာဏေလ်ာ့က်သြားၿပီး ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ သန္းေပါင္း (၄.၀၂၃)ေလ်ာ့က်သြားေၾကာင္း သိရသည္။

“ရွမ္း/အေရွ႕ရဲ႕ ဝယ္လိုအားက ၿပီးခဲ့တဲ့ႏွစ္ထက္ က်တယ္လို႔ ေျပာလို႔ရတယ္။ ေဒသတြင္းမွာ ထုတ္ကုန္ျဖစ္တဲ့ သီးႏွံေတြကလည္း အထြက္ေလ်ာ့တာ၊ ေစ်းႏႈန္းက်တဲ့အတြက္ ေတာင္သူလယ္သမားေတြ ဝင္ေငြေလ်ာ့ေတာ့ ဝယ္လိုအား က်တယ္ေပါ့။ တာခ်ီလိတ္မွာတင္မဟုတ္ဘူး ။ ဟိုဖက္ကမ္း ထုိင္းဘက္က မယ္ဆိုင္ဘက္လည္း အေရာင္းအဝယ္က်တယ္။ ကၽြန္ေတာ္တို႔ႏုိင္ငံတင္ မဟုတ္ပါဘူး ။ ထုိင္းမွာလည္း က်တယ္”ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ဒုတိယဥကၠဌ ဦးစိုင္းစိုင္းက ေျပာသည္။

တစ္ႏိုင္ငံလံုး နယ္စပ္ကုန္သြယ္ေရးစခန္း (၁၆)ခုအနက္ နယ္စပ္ကုန္သြယ္ေရးစခန္း (၈)ခုတြင္ ယမန္ႏွစ္ ကာလတူ ကုန္သြယ္မႈပမာဏႏွင့္ ႏိႈင္းယွဥ္ပါက စုစုေပါင္းကုန္သြယ္မႈပမာဏ အေမရိကန္ ေဒၚလာ သန္းေပါင္း (၁၅၁.၁၇၈)ေလ်ာ့က်လာသည့္အနက္ ရွမ္းျပည္နယ္ရိွ နယ္စပ္ကုန္သြယ္ေရးစခန္း(၃)ခုမွ အေမရိကန္ေဒၚလာသန္းေပါင္း (၁၂၇.၅၉၅) ေလ်ာ့က်ခဲ့ေၾကာင္း သိရသည္။

ကုန္သြယ္မႈပမာဏေလ်ာ့က်လာသည့္ အေၾကာင္းရင္းမ်ားတြင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားအား ႀကီးၾကပ္ႏုိင္မႈ အားနည္းျခင္းလည္း ပါဝင္သည္ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္ ဦးမင္းေအာင္က သံုးသပ္သည္။

“ေနာက္တစ္ခုက ကုန္သြယ္မႈလုပ္ငန္းေတြမွာ ေျမျပင္အေနအထားေတြကို ႀကီးၾကပ္တဲ့ေနရာမွာ အခက္အခဲေတြရိွပါတယ္။ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းေတြမွာ Mobile Team လို အဖြဲ႔ေတြလည္း လိုအပ္တယ္လို႔ ျမင္ပါတယ္။ ဥပမာ ေျမျပင္အေျခအေနအရ ကုန္သြယ္မႈလုပ္ေနတာေတြ ျမင္ေပမဲ့ စာရင္းမွာ ဝင္မလာတာေတြကလည္း ကုန္သြယ္မႈ ပမာဏက်တာရဲ႕ အေၾကာင္းရင္းထဲမွာ ပါႏိုင္ပါတယ္”ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္ ဦးမင္းေအာင္က ေျပာသည္။

ထိုင္းႏုိင္ငံ၊ လာအိုႏုိင္ငံ၊ တရုတ္ႏိုင္ငံမ်ားႏွင့္ နယ္နိမိတ္ထိစပ္ေနသည့္ ရွမ္းျပည္နယ္္တြင္ တစ္ႏုိင္ငံလံုး နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားအနက္ ကုန္သြယ္မႈပမာဏအမ်ားဆံုးျဖစ္သည့္ တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရး စခန္းျဖစ္သည့္ မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္း၊ ထိုင္းႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္သည့္ တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရးစခန္းႏွင့္ တရုတ္ႏုိင္ငံႏွင့္ ကုန္သြယ္ေရးလမ္းေၾကာင္းတြင္ ရိွေနသည့္ က်ိဳင္းတံုနယ္စပ္ကုန္သြယ္ေရးစခန္းမ်ား ရိွေနျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း(၃)မှ ကုန်သွယ်မှုပမာဏမှာ ဧပြီလ (၁)ရက်နေ့မှ အောက်တိုဘာလ (၁၃)ရက်နေ့အထိ ယခင်နှစ် ကာလတူကုန်သွယ်မှုပမာဏများဖြင့် နှိုင်းယှဉ်ချက်အရ ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၂၇.၅၉၅) လျော့ကျသွားကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်မှုလုပ်နေသည့် ရှမ်းပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှာ ယခုနှစ် အတွင်း ဇွန်လ (၁၇)ရက်နေ့က တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်း အချို့အား လောင်းကစားငွေနှင့် ဆက်စပ်မှုရှိ/မရှိ စစ်ဆေးရာတွင် ယာယီပိတ်ပင်ခြင်း အပါအဝင် ကုန်သွယ်မှု မူဝါဒအပြောင်းအလဲအချို့ကလည်း ကုန်သွယ်မှုကျဆင်းခြင်း၏ အကြောင်းရင်းများတွင် ပါဝင်သည်ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးမင်းအောင်က သုံးသပ်သည်။

“ကုန်သွယ်မှုအခြေအနေလျော့ကျသွားတဲ့အကြောင်းရင်းက များတာပေါ့။ ဒီနှစ်အတွင်းမှာဆို ပြောင်း၊ သကြား၊ ဆန်တင်ပို့မှုနဲ့ပတ်သက်လို့ တရုတ်ဘက်က မူဝါဒ မတည်ငြိမ်ဘူးဖြစ်တာလည်း ပါမှာပေါ့။ ဥပမာ သကြားတို့ ဆန်တို့ ပိတ်လိုက် ဖွင့်လိုက်ပေါ့နော်။ အဲဒါမျိုးတွေအပေါ်မှာ ဆက်စပ်မှုတွေတော့ ရှိတာပေါ့”ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၇ ခုနှစ်စာရင်းများအရ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၇၅၆.၈၉၇)နှင့် သွင်းကုန်တန်ဖိုး (၈၉၈.၈၅၁) စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၂၆၅၅.၇၄၈)ရှိပြီး ယခင်နှစ်က ကာလတူနှိုင်းယှဉ်ချက်အရ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ (၁၁၄.၇၈၂)လျော့ကျပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၆.၄၀၇) လျော့ကျသွားကာ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၂၁.၁၈၉)ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစခန်းဖြစ်သည့် ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးစခန်း၏ ၂၀၁၇ ခုနှစ်စာရင်းများအရ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (ဝ.၁၁၉)နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း (ဝ.၈၁၄) စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (ဝ.၉၃၃)ရှိပြီး ယခင်နှစ်ကာလတူပမာဏနှင့် နှိုင်းယှဉ်ပါက သွင်းကုန်၊ ထုတ်ကုန်နှစ်ခုလုံး၏ ပမာဏလျော့ကျသွားပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၂.၃၈၃)လျော့ကျသွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ ၂၀၁၇ ခုနှစ်စာရင်းများအရ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇.၄၉၉)နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း (၃၃.ဝ၂၅) စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၄၀.၅၂၄)ရှိပြီး ယခင်နှစ်ကာလတူပမာဏနှင့် နှိုင်းယှဉ်ပါက သွင်းကုန်၊ ထုတ်ကုန်နှစ်ခုလုံး၏ပမာဏလျော့ကျသွားပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း (၄.ဝ၂၃)လျော့ကျသွားကြောင်း သိရသည်။

“ရှမ်း/အရှေ့ရဲ့ ဝယ်လိုအားက ပြီးခဲ့တဲ့နှစ်ထက် ကျတယ်လို့ ပြောလို့ရတယ်။ ဒေသတွင်းမှာ ထုတ်ကုန်ဖြစ်တဲ့ သီးနှံတွေကလည်း အထွက်လျော့တာ၊ ဈေးနှုန်းကျတဲ့အတွက် တောင်သူလယ်သမားတွေ ဝင်ငွေလျော့တော့ ဝယ်လိုအား ကျတယ်ပေါ့။ တာချီလိတ်မှာတင်မဟုတ်ဘူး။ ဟိုဖက်ကမ်း ထိုင်းဘက်က မယ်ဆိုင်ဘက်လည်း အရောင်းအဝယ်ကျတယ်။ ကျွန်တော်တို့နိုင်ငံတင် မဟုတ်ပါဘူး။ ထိုင်းမှာလည်း ကျတယ်”ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ ဦးစိုင်းစိုင်းက ပြောသည်။

တစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆)ခုအနက် နယ်စပ်ကုန်သွယ်ရေးစခန်း (၈)ခုတွင် ယမန်နှစ် ကာလတူ ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း (၁၅၁.၁၇၈)လျော့ကျလာသည့်အနက် ရှမ်းပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်း(၃)ခုမှ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၂၇.၅၉၅) လျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏလျော့ကျလာသည့် အကြောင်းရင်းများတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအား ကြီးကြပ်နိုင်မှု အားနည်းခြင်းလည်း ပါဝင်သည်ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးမင်းအောင်က သုံးသပ်သည်။

“နောက်တစ်ခုက ကုန်သွယ်မှုလုပ်ငန်းတွေမှာ မြပြေင်အနေအထားတွေကို ကြီးကြပ်တဲ့နေရာမှာ အခက်အခဲတွေရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ Mobile Team လို အဖွဲ့တွေလည်း လိုအပ်တယ်လို့ မြင်ပါတယ်။ ဥပမာ မြပြေင်အခြေအနေအရ ကုန်သွယ်မှုလုပ်နေတာတွေ မြင်ပေမဲ့ စာရင်းမှာ ဝင်မလာတာတွေကလည်း ကုန်သွယ်မှု ပမာဏကျတာရဲ့ အကြောင်းရင်းထဲမှာ ပါနိုင်ပါတယ်”ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးမင်းအောင်က ပြောသည်။

ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တွင် တစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလမ်းကြောင်းတွင် ရှိနေသည့် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းများ ရှိနခြေင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~