တာချီလိတ်နှင့် ကျိုင်းတုံတွင် အောက်တိုဘာ လ၀က်အတွင်း ဆေးလိပ်ငွေ့ကင်းစင် လူထုအခြေပြု စက်ဘီးစီးပွဲများ ကျင်းပမည်

တာချီလိတ်နှင့် ကျိုင်းတုံတွင် အောက်တိုဘာ လ၀က်အတွင်း ဆေးလိပ်ငွေ့ကင်းစင် လူထုအခြေပြု စက်ဘီးစီးပွဲများ ကျင်းပမည်
အောကျတိုဘာ 5, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့များတွင် ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှု လူထုအခြေပြု စက်ဘီးစီးပွဲအား အောက်တိုဘာလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဦးဆောင်ပါဝင်မည့် လူထုအခြေပြုစက်ဘီးစီးပွဲအား တာချီလိတ်မြို့တွင် အောက်တိုဘာလ (၁၄)ရက်နေ့နှင့် ကျိုင်းတုံမြို့တွင် အောက်တိုဘာလ (၁၅)ရက်တို့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


ရှမ်းပြည်နယ်အစိုးရက ပြည်နယ်တွင်း ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှုများအဖြစ် ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများ သတ်မှတ်ခြင်း၊ ကျောင်းအခြေပြုနှင့် လူထုအခြေပြု ဆေးလိပ်ငွေ့ကင်းစင် စက်ဘီးစီးပွဲများ ကျင်းပခြင်းတို့ဖြင့် လူထုအသိပညာပေး လှုံ့ဆော်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့များတွင် ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှု လူထုအခြပြေု စက်ဘီးစီးပွဲအား အောက်တိုဘာလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှုနဲ့ နောက်တစ်ခုက ကိုယ်လက်လှုပ်ရှားမှုပေါ့နော်။ နောက်တစ်ခုက တာချီလိတ်ရွှေတိဂုံဘုရားမှာ ဆေးလိပ်ငွေ့ကင်းစင်သတ်မှတ်ထားတော့ အဲဒီမှာရှိတဲ့ CSO တွေကို သင်တန်းပေးဖို့ပါ တစ်ခါတည်း လျာထားပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဦးဆောင်ပါဝင်မည့် လူထုအခြပြေုစက်ဘီးစီးပွဲအား တာချီလိတ်မြို့တွင် အောက်တိုဘာလ (၁၄)ရက်နေ့နှင့် ကျိုင်းတုံမြို့တွင် အောက်တိုဘာလ (၁၅)ရက်တို့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့များတွင် စက်ဘီးစီးနင်းသူများအား အမှတ်တရ အင်္ကျီများလည်း ဝေငှပေးမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဒေသ၏ အားကစားနှင့်ကာယပညာဦးစီးဌာနများသို့ ဆက်သွယ် စာရင်းပေးသွင်းထားနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရက ပြည်နယ်တွင်း ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှုများအဖြစ် ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများ သတ်မှတ်ခြင်း၊ ကျောင်းအခြပြေုနှင့် လူထုအခြပြေု ဆေးလိပ်ငွေ့ကင်းစင် စက်ဘီးစီးပွဲများ ကျင်းပခြင်းတို့ဖြင့် လူထုအသိပညာပေး လှုံ့ဆော်မှုများကို ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~