မိုင်းယုတွင် ရွှေ့ပြောင်းလုပ်သားများ ငှက်ဖျားရောဂါကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မိုင်းယုတွင် ရွှေ့ပြောင်းလုပ်သားများ ငှက်ဖျားရောဂါကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
အောကျတိုဘာ 27, 2017
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင်အတွင်း ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ငှက်ဖျားပိုးစစ်ဆေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးပေးခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

မိုင်းယုကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သားဖွား ဒေါ်ဖြူဖြူဝင်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် မြို့ပေါ်နှင့် ကျေးလက်များရှိ ငှက်ပျောခြံများတွင် နေထိုင်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းလုပ်သား (၅၄) ဦးအား အခမဲ့ သွေးဖောက် စမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ဖြန့်ဝေပေးခြင်းတို့ ကွင်းဆင်းလုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သွေးဖောက်စစ်ဆေးသည့်ရလဒ်အရ ငှက်ဖျားပိုးသံသယရှိသူမတွေ့ရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ကိုကိုနိုင် (MYu) 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~