နတ္ေမာက္ၿမိဳ႕တြင္ မုိးရြာသြန္းမႈမ်ား၍ လူေနရပ္ကြက္မ်ားအတြင္း ေခ်ာင္းေရဝင္နစ္ျမဳပ္

နတ္ေမာက္ၿမိဳ႕တြင္ မုိးရြာသြန္းမႈမ်ား၍ လူေနရပ္ကြက္မ်ားအတြင္း ေခ်ာင္းေရဝင္နစ္ျမဳပ္
အောက်တိုဘာ 17, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕တြင္ ေအာက္တိုဘာလ (၁၇)ရက္ေန႔က မိုးသည္းထန္စြာရြာသြန္း၍ လူေနအိမ္မ်ားႏွင့္ ရံုုးအေဆာက္အဦးအခ်ိဳ႕တြင္ ေခ်ာင္းေရဝင္နစ္ျမဳပ္မႈမ်ားျဖစ္ေသာ္လည္း ပ်က္စီးဆံုးရံႈးမႈမရိွေၾကာင္း နတ္ေမာက္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံမွ သိရသည္။

"မနက္ (၁) နာရီေလာက္က နတ္ေမာက္ၿမိဳ႕ေပၚမွာ ရြာသြန္းတဲ့ မိုးေရခ်ိန္က ၃ ဒသမ ၇၇ လကၼေလာက္ ရိွတာေၾကာင့္ ၿမိဳ႕အေနာက္ဘက္ေခ်ာင္းကေန ၿမိဳ ့ထဲကိုဝင္လာၿပီး ယင္းေခ်ာင္းထဲကို ဆက္လက္ ဝင္ေရာက္သြားတာပါ။ အရင္ကလည္း ဒီလိုဝင္ဖူးတယ္ဆိုေပမဲ့ ဒီေလာက္ေတာ့ မမ်ားခဲ့ပါဘူး။ ဌာနဆိုင္ရာ (၇)ခုေလာက္နဲ ့ လူေနအိမ္အခ်ိဳ ့ ေရဝင္နစ္ျမဳပ္မႈရိွေပမဲ့ ပ်က္စီးဆံုးရံွဳးမႈေတာ့ မရိွပါဘူး။ ဒီလိုေရဝင္မႈကို ကာကြယ္နိုင္ဖို ့အတြက္ ယာခင္းရွင္တခ်ဳိ႕နဲ ့ညိႇနိွဳင္းၿပီး ေရလဲႊေျမာင္းေဖာက္ဖို ့ေတာ့ စီစဥ္ ေဆာင္ရြက္သြားမွာပါ"ဟု နတ္ေမာက္ၿမိဳ ့နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ခိုင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

နတ္ေမာက္ဆည္ႏွင့္ တစ္ဖက္ရပ္ဆည္ေသးအခ်ိဳ႕၏ ေရပိုလႊဲမ်ားမွေရေက်ာ္ၿပီး ေျမနိမ့္ပိုင္းရိွ လူေနရပ္ကြက္ (၄)ခုအတြင္း ေခတၱေရဝင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

"ေရဝင္မႈကေတာ့ ျဖစ္ခဲ့ဖူးေပမဲ့ ဒီလိုေတာ့ တစ္ခါမွေရမမ်ားဖူးဘူးဗ်။ ကၽြန္ေတာ္တို႔ ဌာနအေဆာက္အဦးေတြထဲအထိ ေရဝင္ေရာက္ခဲ့တာေၾကာင့္ ရံုးသံုးစာရြက္စာတမ္းေတြနဲ ့ပရိေဘာဂေတြကို အခ်ိန္မီေရႊ ့ေျပာင္းနိုင္ခဲ့ၾကပါ တယ္"ဟု ၿမိဳ ့နယ္ေျမစာရင္းရံုးမွ ဦးသန္႔ဇင္ထြန္းက ေျပာသည္။

မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ နတ္ေမာက္ၿမိဳ႕ေတာင္ဘက္ နတ္ေမာက္- ၿမိဳ႕သစ္လမ္းရိွ ယင္းေခ်ာင္းေရ က်ဆင္းမႈေၾကာင့္ နံနက္ (၈)နာရီခန္႔မွ ညေန (၄)နာရီခန္႔အထိ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္း မရဘဲျဖစ္ခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် အောက်တိုဘာလ (၁၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လူနေအိမ်များနှင့် ရုံးအဆောက်အဦးအချို့တွင် ချောင်းရေဝင်နစ်မြုပ်မှုများဖြစ်သော်လည်း ပျက်စီးဆုံးရှုံးမှုမရှိကြောင်း နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

"မနက် (၁) နာရီလောက်က နတ်မောက်မြို့ပေါ်မှာ ရွာသွန်းတဲ့ မိုးရေချိန်က ၃ ဒသမ ၇၇ လက္မလောက် ရှိတာကြောင့် မြို့အနောက်ဘက်ချောင်းကနေ မြို့ထဲကိုဝင်လာပြီး ယင်းချောင်းထဲကို ဆက်လက် ဝင်ရောက်သွားတာပါ။ အရင်ကလည်း ဒီလိုဝင်ဖူးတယ်ဆိုပေမဲ့ ဒီလောက်တော့ မများခဲ့ပါဘူး။ ဌာနဆိုင်ရာ (၇)ခုလောက်နဲ့ လူနေအိမ်အချို့ ရေဝင်နစ်မြုပ်မှုရှိပေမဲ့ ပျက်စီးဆုံးရှုံးမှုတော့ မရှိပါဘူး။ ဒီလိုရေဝင်မှုကို ကာကွယ်နိုင်ဖို့အတွက် ယာခင်းရှင်တချို့နဲ့ညှိနှိုင်းပြီး ရေလွှဲမြောင်းဖောက်ဖို့တော့ စီစဉ် ဆောင်ရွက်သွားမှာပါ"ဟု နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နတ်မောက်ဆည်နှင့် တစ်ဖက်ရပ်ဆည်သေးအချို့၏ ရေပိုလွှဲများမှရေကျော်ပြီး မြေနိမ့်ပိုင်းရှိ လူနေရပ်ကွက် (၄)ခုအတွင်း ခေတ္တရေဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

"ရေဝင်မှုကတော့ ဖြစ်ခဲ့ဖူးပေမဲ့ ဒီလိုတော့ တစ်ခါမှရေမများဖူးဘူးဗျ။ ကျွန်တော်တို့ ဌာနအဆောက်အဦးတွေထဲအထိ ရေဝင်ရောက်ခဲ့တာကြောင့် ရုံးသုံးစာရွက်စာတမ်းတွေနဲ့ပရိဘောဂတွေကို အချိန်မီရွှေ့ပြောင်းနိုင်ခဲ့ကြပါ တယ်"ဟု မြို့နယ်မြေစာရင်းရုံးမှ ဦးသန့်ဇင်ထွန်းက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နတ်မောက်မြို့တောင်ဘက် နတ်မောက်- မြို့သစ်လမ်းရှိ ယင်းချောင်းရေ ကျဆင်းမှုကြောင့် နံနက် (၈)နာရီခန့်မှ ညနေ (၄)နာရီခန့်အထိ မော်တော်ယာဉ်များ ဖြတ်သန်း မရဘဲဖြစ်ခဲ့ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~