ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၁၈ ဦးကို တာခ်ီလိတ္သို႔ ယခုလအတြင္း လႊဲေျပာင္းထား

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၁၈ ဦးကို တာခ်ီလိတ္သို႔ ယခုလအတြင္း လႊဲေျပာင္းထား
အောက်တိုဘာ 20, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထိုင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား (၂)ဦးအား ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ ျပန္လည္လႊဲေျပာင္းလာသျဖင့္ ေအာက္တိုဘာလအတြင္း ျမန္မာႏုိင္ငံသား (၁၈)ဦးကို ထုိင္းႏုိင္ငံမွ ျပန္လည္လႊဲေျပာင္းေပးၿပီးျဖစ္ေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံတြင္း  တရားမဝင္ေနထိုင္မႈမ်ားျဖင့္ ထိန္းသိမ္းခံရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏုိင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း နယ္စပ္ၿမိဳ႕ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ-ထုိင္း အမွတ္(၂) ခ်စ္ၾကည္ေရး တံတားတြင္ ထိုင္းႏုိင္ငံတာဝန္ရိွသူမ်ားက လာေရာက္ပို႔ေဆာင္ေပးျခင္းျဖစ္သည္။

လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳ ႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရးရဲတပ္ဖြဲ႕၊
ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ (CNCMC) ေကာ္မတီတုိ႔က လက္ခံႀကိဳဆိုၿပီး ၄င္းတုိ႔၏ မူလေနရပ္ေဒသမ်ားသုိ႔  ျပန္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနျခင္းျဖစ္ၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႕မွ   ေအာက္တုိဘာ(၂၀) ရက္ေန႕အထိ တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ အမ်ိဳးသား(၆၈၃)ဦး ၊ အမ်ိဳးသမီး(၃၁၀)ဦး ၊ ကေလး(၅၅)ဦး၊ စုစုေပါင္း (၁၀၄၈)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၈ ဦးကို တာချီလိတ်သို့ ယခုလအတွင်း လွှဲပြောင်းထား
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၂)ဦးအား အောက်တိုဘာလ (၂၀)ရက်နေ့တွင် ပြန်လည်လွှဲပြောင်းလာသဖြင့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသား (၁၈)ဦးကို ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း  တရားမဝင်နေထိုင်မှုများဖြင့် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့ တာချီလိတ်မြို့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများက လာရောက်ပို့ဆောင်ပေးခြင်းဖြစ်သည်။

လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊
ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီတို့က လက်ခံကြိုဆိုပြီး ၄င်းတို့၏ မူလနေရပ်ဒေသများသို့  ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြာင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ   အောက်တိုဘာ(၂၀) ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၆၈၃)ဦး ၊ အမျိုးသမီး(၃၁၀)ဦး ၊ ကလေး(၅၅)ဦး၊ စုစုပေါင်း (၁၀၄၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~