မေကြးတိုင္းအတြင္း ၂၅ ၿမိဳ႕နယ္၌ ဘာသာေပါင္းစံုၿငိမ္းခ်မ္းေရးဆုေတာင္းပြဲမ်ားကို အပတ္စဥ္ ျပဳလုပ္မည္

မေကြးတိုင္းအတြင္း ၂၅ ၿမိဳ႕နယ္၌ ဘာသာေပါင္းစံုၿငိမ္းခ်မ္းေရးဆုေတာင္းပြဲမ်ားကို အပတ္စဥ္ ျပဳလုပ္မည္
အောက်တိုဘာ 11, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း (၂၅)ၿမိဳ႕နယ္၌ ဘာသာေပါင္းစံု ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲမ်ားကို အမ်ိဳးသာားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီက အပတ္စဥ္ အဂၤါေန႔တိုင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ရခိုင္အေရးျပႆနာ အပါအဝင္ နိင္ငံေတာ္ရဲ႕ၿငိမ္းခ်မ္းေရးပန္းတိုင္ အေရာက္သြားဖို ့အတြက္ ဘာသာေပါင္းစုံ ပါဝင္တဲ့ ၿငိမ္းခ်မ္းေရး ဆုေတာင္းပြဲေတြကို အပတ္စဥ္အဂၤါေန႔တိုင္း တစ္လ ေလးႀကိမ္ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္"ဟု မေကြးတိုင္းေဒသႀကီး အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴး ဦးေနမ်ဳိးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။

အခ်င္းခ်င္း ရင္းႏွီးမႈ ပိုမိုရရိွေစရန္ ရည္ရြယ္၍ ဆုေတာင္းပြဲမ်ား က်င္းပျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

"ၿပဳလုပ္မယ့္ေနရာကုိ ဘာသာေပါင္းစုံ အဖြဲ႕ အစည္းေတြရဲ႕သေဘာတူညီခ်က္နဲ႔ ဘာသာ အသီးသီးရဲ ့သက္ဆိုင္ရာ ေနရာေတြမွာ တစ္လွည့္စီ ျပဳလုပ္သြားဖို ့့စီစဥ္ထားပါတယ္။ မည္သူမဆို ပူးေပါင္းပါဝင္ဖို႔ ဖိတ္ေခၚထားပါတယ္" ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ခ်ိဳလတ္က ေျပာသည္။

မေကြးၿမိဳ႕တြင္ ဘာသာေပါင္းစံုဆုေတာင္းပြဲကို ေအာက္တိုဘာ(၁)ရက္ေန႔ကလည္း က်င္းပခဲ့ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း (၂၅)မြို့နယ်၌ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ရခိုင်အရေးပြဿနာ အပါအဝင် နိင်ငံတော်ရဲ့ငြိမ်းချမ်းရေးပန်းတိုင် အရောက်သွားဖို့အတွက် ဘာသာပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို အပတ်စဉ်အင်္ဂါနေ့တိုင်း တစ်လ လေးကြိမ် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အချင်းချင်း ရင်းနှီးမှု ပိုမိုရရှိစေရန် ရည်ရွယ်၍ ဆုတောင်းပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

"ပြုလုပ်မယ့်နေရာကို ဘာသာပေါင်းစုံ အဖွဲ့ အစည်းတွေရဲ့သဘောတူညီချက်နဲ့ ဘာသာ အသီးသီးရဲ့သက်ဆိုင်ရာ နေရာတွေမှာ တစ်လှည့်စီ ပြုလုပ်သွားဖို့စီစဉ်ထားပါတယ်။ မည်သူမဆို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်" ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ပြောသည်။

မကွေးမြို့တွင် ဘာသာပေါင်းစုံဆုတောင်းပွဲကို အောက်တိုဘာ(၁)ရက်နေ့ကလည်း ကျင်းပခဲ့ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~