မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း မိုးသည္းထန္၍ ေခ်ာင္းကူးတံတားႏွစ္စင္းပ်က္စီးၿပီး လယ္ေျမ ၅ ဧကနီးပါးမွ ရိတ္သိမ္းၿပီးစပါးမ်ား ေရေမ်ာဆံုးရံႈး

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း မိုးသည္းထန္၍ ေခ်ာင္းကူးတံတားႏွစ္စင္းပ်က္စီးၿပီး လယ္ေျမ ၅ ဧကနီးပါးမွ ရိတ္သိမ္းၿပီးစပါးမ်ား ေရေမ်ာဆံုးရံႈး
အောက်တိုဘာ 27, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလ (၂၆)ရက္ေန႔က မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဟၾကားဟုန္ေခ်ာင္းေပၚမွ သစ္သားတံတားႏွစ္စင္းႏွင့္ လယ္ငါးဧကနီးပါးမွ ရိတ္သိမ္းၿပီးစပါးမ်ား ေရေမ်ာပ်က္စီးသြားေၾကာင္း သိရသည္။

မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မိုင္းျဖတ္ၿမိဳ႕နယ္ အိုက္ငို႔ေက်းရြာအုပ္စုရိွ ဟၾကားဟုန္ေခ်ာင္းႏွင့္ နမ့္ပန္းႏြဲ႕ေခ်ာင္းမ်ား ေရႀကီးေရလွ်ံျဖစ္ပြားရာ ဟၾကားဟုန္ေခ်ာင္းေပၚတြင္ တည္ေဆာက္ထားသည့္ သစ္သားတံတားႏွင့္ နမ့္ပန္ႏြဲ႕ေခ်ာင္းေပၚတြင္ တည္ေဆာက္ထားသည့္ သစ္သားတံတားမ်ား ပ်က္စီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ဟၾကားဟုန္ေခ်ာင္းသစ္သားတံတားအနီးရိွ လယ္ေျမဧက (၄.၅၈)မွ ရိတ္သိမ္းၿပီး စပါးမ်ား ေရထဲေမွ်ာပါသြားေၾကာင္း သိရသည္။

ပ်က္စီးသြားသည့္ တံတားႏွစ္စင္းမွာ ဟၾကားဟုန္ေကာင္ရြာႏွင့္ ဝမ္ပိန္းရြာတို႔၏ ေက်းရြာခ်င္းဆက္တံတားမ်ားျဖစ္ၿပီး တံတားပ်က္စီးဆံုးရံႈးမႈတန္ဖိုးမွာ က်ပ္သိန္း (၁၂၀)ခန္႔ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု #မိုင္းျဖတ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်အတွင်း မိုးသည်းထန်၍ ချောင်းကူးတံတားနှစ်စင်းပျက်စီးပြီး လယ်မြေ ၅ ဧကနီးပါးမှ ရိတ်သိမ်းပြီးစပါးများ ရေမျောဆုံးရှုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း အောက်တိုဘာလ (၂၆)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟကြားဟုန်ချောင်းပေါ်မှ သစ်သားတံတားနှစ်စင်းနှင့် လယ်ငါးဧကနီးပါးမှ ရိတ်သိမ်းပြီးစပါးများ ရေမျောပျက်စီးသွားကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းဖြတ်မြို့နယ် အိုက်ငို့ကျေးရွာအုပ်စုရှိ ဟကြားဟုန်ချောင်းနှင့် နမ့်ပန်းနွဲ့ချောင်းများ ရေကြီးရေလျှံဖြစ်ပွားရာ ဟကြားဟုန်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် သစ်သားတံတားနှင့် နမ့်ပန်နွဲ့ချောင်းပေါ်တွင် တည်ဆောက်ထားသည့် သစ်သားတံတားများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဟကြားဟုန်ချောင်းသစ်သားတံတားအနီးရှိ လယ်မြေဧက (၄.၅၈)မှ ရိတ်သိမ်းပြီး စပါးများ ရေထဲမျှောပါသွားကြောင်း သိရသည်။

ပျက်စီးသွားသည့် တံတားနှစ်စင်းမှာ ဟကြားဟုန်ကောင်ရွာနှင့် ဝမ်ပိန်းရွာတို့၏ ကျေးရွာချင်းဆက်တံတားများဖြစ်ပြီး တံတားပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း (၁၂၀)ခန့်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #မိုင်းဖြတ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~