ျမန္မာ - ဘဂၤလားေဒ့ရွ္ႏွစ္နိုင္ငံ လံုၿခံဳေရးႏွင့္ တရားဥပေဒစိုးမိုးေရး ပူးေပါင္းေဆာင္ရြက္မည့္ သေဘာတူညီခ်က္ (၁၀)ခ်က္ ထုတ္ျပန္

ျမန္မာ - ဘဂၤလားေဒ့ရွ္ႏွစ္နိုင္ငံ လံုၿခံဳေရးႏွင့္ တရားဥပေဒစိုးမိုးေရး ပူးေပါင္းေဆာင္ရြက္မည့္ သေဘာတူညီခ်က္ (၁၀)ခ်က္ ထုတ္ျပန္
အောက်တိုဘာ 26, 2017
By Tachileik News Agency

ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံတြင္ ေနထိုင္သူမ်ားအား ျပန္လည္ ေနရာ ခ်ထားေရးႀကီးၾကပ္ေရး အတြက္ သေဘာတူညီခ်က္ႏွင့္အညီ ပူးတြဲလုပ္ငန္းအဖြဲ႕ကို ႏိုဝင္ဘာလ အတြင္း ဖြဲ႕စည္းရန္ ေနျပည္ေတာ္တြင္ က်င္းပသည့္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံ ျပည္ထဲေရးဝန္ႀကီးမ်ား ဦးေဆာင္သည့္ ဝန္ႀကီးအဆင့္ အစည္းအေဝးမွ သေဘာတူညီခ်က္ (၁၀)ခ်က္တြင္ ပါဝင္ေၾကာင္း သိရသည္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္နိုင္ငံ ျပည္ထဲေရးဝန္ႀကီးမ်ား ဦးေဆာင္သည့္ ဝန္ႀကီးအဆင့္ အစည္းအေဝးကို ေနျပည္ေတာ္တြင္ ေအာက္တိုဘာလ (၂၄) ရက္ေန႔က က်င္းပရာ ျမန္မာႏိုင္ငံဘက္မွ တင္ျပသည့္ အခ်က္ (၅)ခ်က္ႏွင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္မွ တင္ျပသည့္ အခ်က္ (၇)ခ်က္တို႔အား ေဆြးေႏြးၿပီးေနာက္ ႏွစ္နိုင္ငံအၾကား ပူးေပါင္းေဆာင္ရြက္မည့္ အခ်က္ (၁၀)ခ်က္ကို သေဘာတူညီခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္(၁၀)ခ်က္မွာ -
(၁) နယ္စပ္ေဒသဆက္ဆံေရး တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ နယ္စပ္ေဒသတြင္ လုံၿခဳံေရး တိုးျမႇင့္နိုင္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈမ်ားႏွင့္ ၁၉၈၀ နယ္စပ္ေဒသ သေဘာတူညီခ်က္ပါ ျပဌာန္းခ်က္မ်ားအား အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္၊

(၂) နယ္ျခားေစာင့္တပ္ဖြဲ႕မ်ား၏ ေဒသအဆင့္ ညႇိႏွိဳင္းေဆာင္ရြက္ေရး အစည္းအေဝးအား သံုးလတစ္ႀကိမ္ က်င္းပရန္ႏွင့္ အႀကီးအကဲမ်ားအဆင့္၌ နယ္ျခားေစာင့္ တပ္ဖြဲ႕မ်ား၏ ဗဟိုအဆင့္ အစည္းအေဝးအား ႏွစ္စဥ္က်င္းပရန္၊

(၃) လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ၊ ေဆြးေႏြးမႈတို႔ႏွင့္ စပ္လ်ဥ္း၍ နားလည္မႈစာခၽြန္လႊာအရ လုပ္ပိုင္ခြင့္အာဏာအပ္ႏွင္းထားေသာ သက္ဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္းတို႔အၾကား ကာလအပိုင္းအျခားအလိုက္ ေဆြးေႏြးပြဲမ်ား စီစဥ္ျပဳလုပ္ရန္၊

(၄) လိုအပ္ပါက ဝန္ႀကီးအဆင့္အစည္းအေဝးအား က်င္းပရန္ႏွင့္ ဒုတိယဝန္ႀကီး/အတြင္းဝန္အဆင့္ အစည္းအေဝးမ်ားကို တစ္ႏွစ္တစ္ႀကိမ္ ျပဳလုပ္ရန္၊

(၅)မူးယစ္ေဆးဝါးတရားမဝင္သယ္ေဆာင္မႈ တိုက္ဖ်က္ေရးႏွင့္ စပ္လ်ဥ္း၍ ပူးေပါင္း ေဆာင္ရြက္မႈျမႇင့္တင္ျခင္း အစည္းအေဝးကို ေျခာက္လတစ္ႀကိမ္ က်င္းပရန္၊

(၆)အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္မႈႏွင့္ စပ္လ်ဥ္း၍ သေဘာတူညီ ခ်က္ လက္မွတ္ေရးထိုးမႈအား စဥ္းစားသုံးသပ္ရန္၊

(၇)ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ျမန္မာနိုင္ငံတြင္ ေနထိုင္သူမ်ား ဝင္ေရာက္မႈအား ခ်က္ခ်င္းရပ္တန္႔ရန္၊ ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ေရာက္ရွိေနေသာ ျမန္မာနိုင္ငံတြင္ ေနထိုင္သူမ်ားအား ေစာႏိုင္သမၽွ အေစာဆုံးျပန္လည္ေနရာခ်ထားေရး အတြက္ ရခိုင္ေဒသအတြင္း ပုံမွန္အေျခအေန ျပန္လည္ေရာက္ရွိရန္ ၊

(၈) ျပန္လည္ေနရာခ်ထားေရးႀကီးၾကပ္ေရးအတြက္ ၂၀၁၇ ခုႏွစ္၊ နိုဝင္ဘာလတြင္ သေဘာတူညီခ်က္ႏွင့္အညီ ပူးတြဲလုပ္ငန္းအဖြဲ႕ ဖြဲ႕စည္းရန္၊

(၉)ရခိုင္ေဒသမွ စြန္႔ခြာ ထြက္ေျပးသူမ်ား ျပန္လည္ေခၚယူေရးႏွင့္ စပ္လ်ဥ္း၍ ႏွစ္နိုင္ငံသေဘာတူညီခ်က္မ်ားအား အၿပီးသတ္ ေဆာင္ရြက္ရန္ ၊

(၁၀)သတင္းအခ်က္အလက္ဖလွယ္ေရး၊ ဆက္သြယ္ဆက္ဆံေရးႏွင့္ ႏွစ္နိုင္ငံညႇိႏွိဳင္း ေဆာင္ရြက္ေရးတို႔ အတြက္ ေအာက္ေျခအဆင့္၊ အလယ္အလတ္အဆင့္၊ ဗဟို အဆင့္တို႔၌ ဆက္သြယ္ဆက္ဆံေရးအရာရွိမ်ား သတ္မွတ္ရန္၊ အျပန္အလွန္ယုံၾကည္မွႈမ်ား တည္ေဆာက္နိုင္ေရးအတြက္ အလည္အပတ္ ခရီးစဥ္မ်ား အျပန္အလွန္တိုးျမႇင့္ေဆာင္ရြက္ရန္တို႔ ျဖစ္ေၾကာင္း သိရသည္။

ယင္းသေဘာတူညီခ်က္မ်ားအျပင္ ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသတြင္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၅) ရက္ေန႔က တိုက္ခိုက္ခဲ့ေသာ ARSA အစြန္းေရာက္အၾကမ္းဖက္အဖြဲ႕အား အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ျမန္မာနိုင္ငံအစိုးရမွ ေၾကညာထားၿပီးျဖစ္သျဖင့္ အဆိုပါ အၾကမ္းဖက္မႈတြင္ ပါဝင္ပတ္သက္သူမ်ား၊ အားေပးကူညီသူမ်ားအား အေရးယူေဆာင္ရြက္မႈႏွင့္ ထြက္ေျပး တိမ္းေရွာင္ေနသူမ်ား အမည္စာရင္းကို ဘဂၤလားေဒ့ရွ္နိုင္ငံဘက္သို႔ လႊဲေျပာင္းေပးခဲ့ၿပီး အျမန္ဆုံး စုံစမ္းေဖာ္ထုတ္ လႊဲေျပာင္းေပးရန္ ေတာင္းဆိုထားျခင္းအား ဘဂၤလားေဒ့ရွ္အစိုးရက စုံစမ္းေဖာ္ထုတ္ၿပီး ေဆာင္ရြက္မႈမ်ားႏွင့္ ရရွိလာမည့္ သတင္းအခ်က္အလက္မ်ားအား အေၾကာင္းျပန္ၾကားသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၏ ဖိတ္ၾကားခ်က္အရ ဘဂၤလားေဒ့ရွ္ျပည္သူ႔သမၼတနိုင္ငံ၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ဝန္ႀကီး Mr.Asaduzzaman Khan ၊ ဘဂၤလားေဒ့ရွ္ရဲအဖြဲ႕ ရဲခ်ဳပ္ (Inspector General) Mr.A K M Shahidul Hoque ႏွင့္ အၿမဲတမ္းအတြင္းဝန္မ်ား၊ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ဖြဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္ Major General Abul Hossain (ndc, psc, P Eng) တို႔ ပါဝင္ေသာ ကိုယ္စားလွယ္အဖြဲ႕ (၁၅) ဦးပါဝင္သည့္အဖြဲ႔က ေနျပည္ေတာ္တြင္ လာေရာက္ေဆြးေႏြးခဲ့ျခင္းျဖစ္ၿပီး အဆိုပါေဆြးေႏြးပြဲတြင္ ျမန္မာနိုင္ငံဘက္မွ တင္ျပသည့္ အခ်က္ (၅)ခ်က္မွာ ႏွစ္နိုင္ငံနယ္စပ္ေဒသ တရားဥပေဒစိုးမိုးေရးႏွင့္ လုံျခဳံေရးပူးေပါင္းေဆာင္ရြက္မွဳ တိုးျမႇင့္ ေဆာင္ရြက္ျခင္း၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ပူးေပါင္း ေဆာင္ရြက္ျခင္း၊ နယ္စပ္ ဆက္ဆံေရး႐ုံးမ်ား ထူေထာင္ဖြင့္လွစ္ျခင္း၊ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မွဳႏွင့္ လူဝင္လူထြက္မႈမ်ား စိစစ္ျခင္းႏွင့္ နိုင္ငံသားစိစစ္ လက္ခံမႈမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ျခင္း၊ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ပူးေပါင္းေဆာင္ရြက္ျခင္းတို႔ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္နိုင္ငံဘက္မွ တင္ျပသည့္ အခ်က္ (၇)ခ်က္မွာ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး ထိန္းသိမ္းျခင္း၊ လုံၿခဳံေရး အခန္းက႑ႏွင့္ နယ္စပ္ေဒသတစ္ေလွ်ာက္ ပူးေပါင္းေဆာင္ရြက္ျခင္း ႏွင့္ နားလည္မႈျမႇင့္တင္ျခင္း၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးပူးေပါင္းေဆာင္ရြက္ျခင္း၊ မူးယစ္ေဆးဝါးတရားမဝင္ ကူးသန္းေရာင္းဝယ္မႈ တိုက္ဖ်က္ေရး၊ နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား တိုက္ဖ်က္ေရး၊ နယ္စပ္ေဒသတစ္ေလ်ာက္ တရားမဝင္ လႈပ္ရွားမႈမ်ား၊ နယ္စပ္ဆက္ဆံေရး႐ုံးမ်ားထူေထာင္ျခင္းမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးရန္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏွစ္နိုင္ငံဝန္ႀကီးအဆင့္ အစည္းအေဝးအၿပီးတြင္ ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္နိုင္ငံ ဒုတိယ ဝန္ႀကီးအဆင့္ လုံျခဳံေရးဆိုင္ရာ ေဆြးေႏြးမႈလုပ္ငန္းစဥ္ သေဘာတူညီခ်က္ကို ျမန္မာနိုင္ငံကိုယ္စား ျပည္ထဲေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုးႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံ ကိုယ္စား ျပည္ထဲေရး ဝန္ႀကီးဌာန အတြင္းဝန္ Mr.Mostafa Kamal Uddin တို႔က လက္မွတ္ေရးထိုးျခင္း၊ နယ္စပ္ ဆက္ဆံေရး႐ုံးမ်ား ထူေထာင္ဖြင့္လွစ္ျခင္း၊ ပူးေပါင္း ေဆာင္ရြက္မႈ နားလည္မႈစာခၽြန္လႊာကို ျမန္မာနိုင္ငံ၊ ျပည္ထဲေရးဝန္ႀကီးဌာန ကိုယ္စား ရဲ ဦးစီးအရာရွိခ်ဳပ္ ရဲမွွဴးခ်ဳပ္ မ်ိဳးေဆြဝင္းႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ နယ္ျခားေစာင့္တပ္ဖြဲ႕၊ Additional Director General, Brigadier General Abul Hasnat Mohammad Khairul Bashar (ndc, psc, P Eng)တို႔က လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံတွင် နေထိုင်သူများအား ပြန်လည် နေရာ ချထားရေးကြီးကြပ်ရေး အတွက် သဘောတူညီချက်နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ကို နိုဝင်ဘာလ အတွင်း ဖွဲ့စည်းရန် နပြေည်တော်တွင် ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ ဦးဆောင်သည့် ဝန်ကြီးအဆင့် အစည်းအဝေးမှ သဘောတူညီချက် (၁၀)ချက်တွင် ပါဝင်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ ဦးဆောင်သည့် ဝန်ကြီးအဆင့် အစည်းအဝေးကို နပြေည်တော်တွင် အောက်တိုဘာလ (၂၄) ရက်နေ့က ကျင်းပရာ မြန်မာနိုင်ငံဘက်မှ တင်ပြသည့် အချက် (၅)ချက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တင်ပြသည့် အချက် (၇)ချက်တို့အား ဆွေးနွေးပြီးနောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် အချက် (၁၀)ချက်ကို သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံသဘောတူညီချက်(၁၀)ချက်မှာ -
(၁) နယ်စပ်ဒေသဆက်ဆံရေး တည်ငြိမ်အေးချမ်းရန်နှင့် နယ်စပ်ဒေသတွင် လုံခြုံရေး တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ၁၉၈၀ နယ်စပ်ဒေသ သဘောတူညီချက်ပါ ပြဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(၂) နယ်ခြားစောင့်တပ်ဖွဲ့များ၏ ဒေသအဆင့် ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးအား သုံးလတစ်ကြိမ် ကျင်းပရန်နှင့် အကြီးအကဲများအဆင့်၌ နယ်ခြားစောင့် တပ်ဖွဲ့များ၏ ဗဟိုအဆင့် အစည်းအဝေးအား နှစ်စဉ်ကျင်းပရန်၊

(၃) လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုတို့နှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာအရ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသော သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတို့အကြား ကာလအပိုင်းအခြားအလိုက် ဆွေးနွေးပွဲများ စီစဉ်ပြုလုပ်ရန်၊

(၄) လိုအပ်ပါက ဝန်ကြီးအဆင့်အစည်းအဝေးအား ကျင်းပရန်နှင့် ဒုတိယဝန်ကြီး/အတွင်းဝန်အဆင့် အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ် ပြုလုပ်ရန်၊

(၅)မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်း အစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပရန်၊

(၆)အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သဘောတူညီ ချက် လက်မှတ်ရေးထိုးမှုအား စဉ်းစားသုံးသပ်ရန်၊

(၇)ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံတွင် နေထိုင်သူများ ဝင်ရောက်မှုအား ချက်ချင်းရပ်တန့်ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံတွင် နေထိုင်သူများအား စောနိုင်သမျှ အစောဆုံးပြန်လည်နေရာချထားရေး အတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန်၊

(၈) ပြန်လည်နေရာချထားရေးကြီးကြပ်ရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူညီချက်နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်၊

(၉)ရခိုင်ဒေသမှ စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံသဘောတူညီချက်များအား အပြီးသတ် ဆောင်ရွက်ရန်၊

(၁၀)သတင်းအချက်အလက်ဖလှယ်ရေး၊ ဆက်သွယ်ဆက်ဆံရေးနှင့် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ရေးတို့ အတွက် အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်၊ ဗဟို အဆင့်တို့၌ ဆက်သွယ်ဆက်ဆံရေးအရာရှိများ သတ်မှတ်ရန်၊ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်ရေးအတွက် အလည်အပတ် ခရီးစဉ်များ အပြန်အလှန်တိုးမြှင့်ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီချက်များအပြင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့က တိုက်ခိုက်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံအစိုးရမှ ကြေညာထားပြီးဖြစ်သဖြင့် အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများ၊ အားပေးကူညီသူများအား အရေးယူဆောင်ရွက်မှုနှင့် ထွက်ပြေး တိမ်းရှောင်နေသူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ် လွှဲပြောင်းပေးရန် တောင်းဆိုထားခြင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းဖော်ထုတ်ပြီး ဆောင်ရွက်မှုများနှင့် ရရှိလာမည့် သတင်းအချက်အလက်များအား အကြောင်းပြန်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr.Asaduzzaman Khan၊ ဘင်္ဂလားဒေ့ရှ်ရဲအဖွဲ့ ရဲချုပ် (Inspector General) Mr.A K M Shahidul Hoque နှင့် အမြဲတမ်းအတွင်းဝန်များ၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Major General Abul Hossain (ndc, psc, P Eng) တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ (၁၅) ဦးပါဝင်သည့်အဖွဲ့က နပြေည်တော်တွင် လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ တင်ပြသည့် အချက် (၅)ချက်မှာ နှစ်နိုင်ငံနယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ နယ်စပ် ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်လူထွက်မှုများ စိစစ်ခြင်းနှင့် နိုင်ငံသားစိစစ် လက်ခံမှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တင်ပြသည့် အချက် (၇)ချက်မှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းခြင်း၊ လုံခြုံရေး အခန်းကဏ္ဍနှင့် နယ်စပ်ဒေသတစ်လျှောက် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် နားလည်မှုမြှင့်တင်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးတရားမဝင် ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ နယ်စပ်ဒေသတစ်လျောက် တရားမဝင် လှုပ်ရှားမှုများ၊ နယ်စပ်ဆက်ဆံရေးရုံးများထူထောင်ခြင်းများနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဒုတိယ ဝန်ကြီးအဆင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုလုပ်ငန်းစဉ် သဘောတူညီချက်ကို မြန်မာနိုင်ငံကိုယ်စား ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စား ပြည်ထဲရေး ဝန်ကြီးဌာန အတွင်းဝန် Mr.Mostafa Kamal Uddin တို့က လက်မှတ်ရေးထိုးခြင်း၊ နယ်စပ် ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စား ရဲ ဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ Additional Director General, Brigadier General Abul Hasnat Mohammad Khairul Bashar (ndc, psc, P Eng)တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

သတင်း - အင်မိုင်ခ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~