မေလးရွားႏုိင္ငံတြင္ ထိန္းသိမ္းခံ ျမန္မာႏုိင္ငံသား ၂၉ ဦး လာမည့္ရက္သတၱပတ္အတြင္း ျမန္မာႏုိင္ငံ ျပန္ပို႔မည္

မေလးရွားႏုိင္ငံတြင္ ထိန္းသိမ္းခံ ျမန္မာႏုိင္ငံသား ၂၉ ဦး လာမည့္ရက္သတၱပတ္အတြင္း ျမန္မာႏုိင္ငံ ျပန္ပို႔မည္
အောက်တိုဘာ 16, 2017
By Tachileik News Agency

မေလးရွားႏုိင္ငံ၊ ကြာလာလမ္ပူၿမိဳ႕ Melaka လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ထိန္းသိမ္းေရးစခန္းတြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏုိင္ငံသား (၂၉)ဦးအား ႏုိင္ငံသားအျဖစ္ စိစစ္အတည္ျပဳၿပီးေနာက္ ေအာက္တိုဘာလ အတြင္း ေနရပ္ျပန္ပို႔မည္ျဖစ္ေၾကာင္း မေလးရွားႏုိင္ငံ ျမန္မာသံရံုးက အသိေပးထုတ္ျပန္ထားသည္။

အဆိုပ ါထိန္းသိမ္းေရးစခန္းတြင္ ထိန္းသိမ္းခံထားရသည့္ အမ်ိဳးသား(၂၆) ဦးႏွင့္ အမ်ိဳးသမီး (၃) ဦး စုစုေပါင္း (၂၉)ဦးတို႔သည္ ျမန္မာႏုိင္ငံသားမ်ားျဖစ္ေၾကာင္း ေအာက္တိုဘာလ (၁၁)ရက္ေန႔က စိစစ္အတည္ျပဳႏုိင္ခဲ့ၿပီးေနာက္ ၎တို႔ ဆႏၵအရ ျမန္မာႏုိင္ငံသို႔ အျမန္ဆံုးျပန္ႏုိင္ေရးအတြက္ C of I မ်ား အခမဲ့ထုတ္ေပးခဲ့ကာ လာမည့္ရက္သတၱပတ္အတြင္း ျပန္လည္ ပို႔ေဆာင္နိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

မေလးရွားႏုိင္ငံ ျမန္မာသံံရံုးက မေလးရွားႏုိင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံသားမ်ား ရိွသည့္ ထိန္းသိမ္းေရးစခန္းမ်ားသို႔ သံ႐ုံးဝန္ထမ္းမ်ားကိုယ္တုိင္ သြားေရာက္ၿပီး ႏုိင္ငံသားျဖစ္ေၾကာင္း စနစ္တက်စိစစ္ျခင္း၊ စိစစ္အတည္ျပဳႏုိင္သူမ်ားအား ႏုိင္ငံသို႔ ျပန္လည္ ပို႔ေဆာင္ေပးျခင္း၊ အခ်က္အလက္ျပည္‌့စုံစြာ မတင္ျပနိုင္သျဖင့္၊ လတ္တေလာနိုင္ငံသား မွန္ကန္ေၾကာင္း စိစစ္နိုင္ျခင္း မရွိေသးသူမ်ား ရွိပါကလည္း ျမန္မာနိုင္ငံမွ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ဆက္သြယ္ညႇိႏိႈင္း၍ အတည္ျပဳခ်က္ ေဆာလ်င္စြာရရွိေရး စီစဥ္ေဆာင္ရြက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Melaka လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၂၉)ဦးအား နိုင်ငံသားအဖြစ် စိစစ်အတည်ပြုပြီးနောက် အောက်တိုဘာလ အတွင်း နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသား(၂၆) ဦးနှင့် အမျိုးသမီး (၃) ဦး စုစုပေါင်း (၂၉)ဦးတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အောက်တိုဘာလ (၁၁)ရက်နေ့က စိစစ်အတည်ပြုနိုင်ခဲ့ပြီးနောက်၎င်းတို့ ဆန္ဒအရ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် C of I များ အခမဲ့ထုတ်ပေးခဲ့ကာ လာမည့်ရက်သတ္တပတ်အတွင်း ပြန်လည် ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ မြန်မာသံရုံးက မလေးရှားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ ရှိသည့် ထိန်းသိမ်းရေးစခန်းများသို့ သံရုံးဝန်ထမ်းများကိုယ်တိုင် သွားရောက်ပြီး နိုင်ငံသားဖြစ်ကြောင်း စနစ်တကျစိစစ်ခြင်း၊ စိစစ်အတည်ပြုနိုင်သူများအား နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခြင်း၊ အချက်အလက်ပြည်‌့စုံစွာ မတင်ပြနိုင်သဖြင့်၊ လတ်တလောနိုင်ငံသား မှန်ကန်ကြောင်း စိစစ်နိုင်ခြင်း မရှိသေးသူများ ရှိပါကလည်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် ဆောလျင်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~