တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စုအတြင္း မိုးရြာသြန္းမႈေၾကာင့္ ပ်က္စီး စပါးမ်ားအတြက္ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္ဝန္ႀကီးတုိ႔က ေထာက္ပံ့ေငြေပးအပ္

တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စုအတြင္း မိုးရြာသြန္းမႈေၾကာင့္ ပ်က္စီး စပါးမ်ားအတြက္ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္ဝန္ႀကီးတုိ႔က ေထာက္ပံ့ေငြေပးအပ္
အောက်တိုဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စုတြင္ မိုးရြာသြန္းမႈေၾကာင့္   ရိတ္သိမ္းၿပီးစပါးမ်ား (၅၁.၈)ဧက ပ်က္စီးသြားသျဖင့္ လယ္သမားမ်ားအတြက္ ျပည္နယ္အစိုးရ၏ ေထာက္ပံ့ေငြႏွင့္ ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီး၏ ေထာက္ပံ့ေငြမ်ားကို ေအာက္တိုဘာလ (၂၇)ရက္ေန႔က ေပးအပ္ေၾကာင္း သိရသည္။

အဆိုပါ ေဒသရွိ ေရနစ္ျမဳပ္ပ်က္စီးသြားသည့္ လယ္ေျမမ်ားအတြက္ ျပည္နယ္အစိုးရက တစ္ဧကလွ်င္ က်ပ္သံုးေသာင္းႏႈန္းျဖင့္ ေထာက္ပံ့ၿပီး ျပည္နယ္စည္ပင္ဝန္ႀကီး ဦးစိုင္းဆြံဆိုင္းက သီးျခားအေနျဖင့္ တစ္ဧကလွ်င္ က်ပ္တစ္ေသာင္းႏႈန္း ေထာက္ပံ့ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းကိုးေက်းရြာအုပ္စုမွ ေတာင္သူ (၄၈)ဦး၏ လယ္ေျမ (၅၁.၈)ဧကမွ ရိတ္သိမ္းထားသည့္စပါးမ်ားမွာ မိုးရြာသြန္းၿပီး ေရတုိက္စားခံရ၍ အဆိုပါေတာင္သူမ်ားအတြက္ ရွမ္းျပည္နယ္အစိုးရက က်ပ္ (၁၅.၅၄)သိန္းေထာက္ပံ့ေပးခဲ့ၿပီး ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းက ေတာင္သူ (၄၈)ဦးအတြက္ က်ပ္ (၄.၈)သိန္းႏွင့္ စာရင္းမေပါက္သည့္ လယ္သမား(၆)ဦးအတြက္ က်ပ္ (၁.၂)သိန္းတို႔အား ေထာက္ပံ့ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေထာက္ပံ့ေငြေပးအပ္ျခင္း အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္စည္ပင္သာယာေရး ၀န္ႀကီး ဦးစိုင္းစြံဆိုင္း ႏွင့္ ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာနခြဲ(က်ိဳင္းတံု)မွဒုတိယၫႊန္ၾကားေရးမွဴး ဦးလုကာ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္ ႏွင့္ တာ၀န္ရွိသူမ်ားမွ သြားေရာက္ ေထာက္ပံ့ေပးအပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - LK ၊ SSS



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီးစပါးများ (၅၁.၈)ဧက ပျက်စီးသွားသဖြင့် လယ်သမားများအတွက် ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေနှင့် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၏ ထောက်ပံ့ငွေများကို အောက်တိုဘာလ (၂၇)ရက်နေ့က ပေးအပ်ကြောင်း သိရသည်။

အဆိုပါ ဒေသရှိ ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်မြေများအတွက် ပြည်နယ်အစိုးရက တစ်ဧကလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပြီး ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုင်းဆွံဆိုင်းက သီးခြားအနဖြေင့် တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စုမှ တောင်သူ (၄၈)ဦး၏ လယ်မြေ (၅၁.၈)ဧကမှ ရိတ်သိမ်းထားသည့်စပါးများမှာ မိုးရွာသွန်းပြီး ရေတိုက်စားခံရ၍ အဆိုပါတောင်သူများအတွက် ရှမ်းပြည်နယ်အစိုးရက ကျပ် (၁၅.၅၄)သိန်းထောက်ပံ့ပေးခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက တောင်သူ (၄၈)ဦးအတွက် ကျပ် (၄.၈)သိန်းနှင့် စာရင်းမပေါက်သည့် လယ်သမား(၆)ဦးအတွက် ကျပ် (၁.၂)သိန်းတို့အား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် နှင့် တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - LK၊ SSS 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~