မင္းလွၿမိဳ႕ စမ္းအိုင္ေက်းရြာတြင္ (၃)ရက္အတြင္း ဒုတိယေျမာက္ လူသတ္မႈျဖစ္ပြား

မင္းလွၿမိဳ႕ စမ္းအိုင္ေက်းရြာတြင္ (၃)ရက္အတြင္း ဒုတိယေျမာက္ လူသတ္မႈျဖစ္ပြား
အောက်တိုဘာ 16, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ စမ္းအိုင္ေက်းရြာတြင္ (၃)ရက္အတြင္း ဒုတိယေျမာက္ လူသတ္မႈ အျဖစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္းႏွင့္ လူသတ္မႈႏွင့္ ပတ္သက္၍ သ၀န္တိုမႈေၾကာင့္ ျဖစ္ပြားရျခင္း ျဖစ္ေၾကာင္း မင္းလွၿမိဳ႕မရဲစခန္းမွဴးထံက သိရသည္။

“ေအးထြန္းက သူ႔မိန္းမကို အျမဲတမ္းလိုလို သဝန္တိုေလ႔ရိွတယ္လို႔ သိရပါတယ္။ အခုျဖစ္စဥ္မွာလည္း မိန္းမနဲ႔ သဝန္တိုၿပီး အခင္းျဖစ္တဲ့ေန႔ညက အိမ္ေအာက္မွာ ေရာက္ေနတဲ႔ ဘိုပုကိုေတြ႔လို႔ ဓားနဲ႔ ခုတ္သတ္လိုက္တာ ျဖစ္ေၾကာင္း စစ္ေဆး သိရိွရတာေၾကာင္႔ ေအးထြန္းကို ဖမ္းဆီးၿပီး (ပ)၂၂၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂အရ အမႈဖြင္႔ စစ္ေဆးေဆာင္ရြက္လ်က္ရိွပါတယ္”ဟု မင္းလွၿမိဳ႕မရဲစခန္းမွဴး ဒုတိယရဲမွဴး မ်ဳိးျမင့္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သတ္ခံရသူ ဘိုပု(ခ)ငထြန္းမွာ ျပစ္မႈက်ဴးလြန္သူဟု သိရသည့္ အသက္(၃၂)ႏွစ္ရွိ ေအးထြန္း၏ ေနအိမ္ ေအာက္ထပ္ ခံုတန္းလ်ားေပၚတြင္ ဓားခုတ္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိရ၍ ေသဆံုးသူ၏ မိခင္ျဖစ္သူက တရားလိုျပဳလုပ္ကာ မင္းလွၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းထားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စမ္းအိုင္ေက်းရြာ၌ ေအာက္တိုဘာ (၁၃)ရက္ေန႔က အရက္မူးယစ္၍ မိသားစုအား ႀကိမ္းဝါး ရိုက္ႏွက္ေလ႔ရိွသည့္ ဖခင္ကို အသက္ (၁၂) ႏွစ္အရြယ္ သားျဖစ္သူက ကိုင္းခုတ္ဓားႏွင္႔ ခုတ္သတ္မႈျဖစ္ပြားခဲ့ၿပီး ေနာက္ (၃) ရက္အၾကာ ေအာက္တိုဘာလ (၁၅)ရက္္ေန႔ ညပိုင္းတြင္ လူသတ္မႈတစ္ခုထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရွိရသည္။

သတင္း - #ဖီးနစ္ ၊ #ႀကိမ္လံုး


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စမ်းအိုင်ကျေးရွာတွင် (၃)ရက်အတွင်း ဒုတိယမြောက် လူသတ်မှု အဖြစ် အောက်တိုဘာလ (၁၅)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်းနှင့် လူသတ်မှုနှင့် ပတ်သက်၍ သဝန်တိုမှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မင်းလှမြို့မရဲစခန်းမှူးထံက သိရသည်။

“အေးထွန်းက သူ့မိန်းမကို အမြဲတမ်းလိုလို သဝန်တိုလေ့ရှိတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်မှာလည်း မိန်းမနဲ့ သဝန်တိုပြီး အခင်းဖြစ်တဲ့နေ့ညက အိမ်အောက်မှာ ရောက်နေတဲ့ ဘိုပုကိုတွေ့လို့ ဓားနဲ့ ခုတ်သတ်လိုက်တာ ဖြစ်ကြောင်း စစ်ဆေး သိရှိရတာကြောင့် အေးထွန်းကို ဖမ်းဆီးပြီး (ပ)၂၂၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်”ဟု မင်းလှမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတ်ခံရသူ ဘိုပု(ခ)ငထွန်းမှာ ပြစ်မှုကျူးလွန်သူဟု သိရသည့် အသက်(၃၂)နှစ်ရှိ အေးထွန်း၏ နေအိမ် အောက်ထပ် ခုံတန်းလျားပေါ်တွင် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူ၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ မင်းလှမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမ်းအိုင်ကျေးရွာ၌ အောက်တိုဘာ (၁၃)ရက်နေ့က အရက်မူးယစ်၍ မိသားစုအား ကြိမ်းဝါး ရိုက်နှက်လေ့ရှိသည့် ဖခင်ကို အသက် (၁၂) နှစ်အရွယ် သားဖြစ်သူက ကိုင်းခုတ်ဓားနှင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ပြီး နောက် (၃) ရက်အကြာ အောက်တိုဘာလ (၁၅)ရက်နေ့ ညပိုင်းတွင် လူသတ်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

သတင်း - #ဖီးနစ်၊ #ကြိမ်လုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~