မေကြးတုိင္း ဆိပ္ျဖဴၿမိဳ႕နယ္အတြင္း ကနဦးဘတ္ဂ်က္ က်ပ္သန္း(၁၀၀၀)သံုးစြဲ၍ ေယာေခ်ာင္းကူးတံတား စတင္တည္ေဆာက္

မေကြးတုိင္း ဆိပ္ျဖဴၿမိဳ႕နယ္အတြင္း ကနဦးဘတ္ဂ်က္ က်ပ္သန္း(၁၀၀၀)သံုးစြဲ၍ ေယာေခ်ာင္းကူးတံတား စတင္တည္ေဆာက္
အောက်တိုဘာ 18, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ဆိပ္ျဖဴၿမိဳ႕နယ္ ၊ ဆိပ္ျဖဴ-ပခုကၠဴ ကားလမ္းရွိ ေယာေခ်ာင္းတံတား (ကံတြင္း) အား ျပည္ေထာင္စုအစိုးရ၏ ကနဦးခြင့္ျပဳဘတ္ဂ်က္ က်ပ္သန္း(၁၀၀၀)ျဖင့္ တံတားအထူးအဖြဲ႔ (၅)မွ အသစ္ျပန္လည္ တည္ေဆာက္မႈလုပ္ငန္းမ်ား စတင္ေနေၾကာင္း သိရသည္။

"ေယာေခ်ာင္းတံတား (ကံတြင္း)ကို ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ကနဦး ခြင့္ျပဳေငြ က်ပ္သန္း(၁၀၀၀) အသံုးျပဳၿပီး လုပ္ငန္းေတြစတင္ေဆာင္ရြက္ေနပါၿပီ။ လာမယ္႔ဘတ္ဂ်က္ႏွစ္မွာ လိုအပ္တဲ႔ဘ႑ာေငြ ဆက္လက္ေတာင္းခံၿပီး (၂)နွစ္အတြင္း အၿပီးတည္ေဆာက္သြားဖို႔ ရည္မွန္းပါတယ္" ဟု တံတားအထူးအဖြဲ႔ (၅) မွ ဒုတိယညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးညီညီေဇာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေယာေခ်ာင္းေပၚတြင္ ျဖတ္သန္းတည္ေဆာက္ထားေသာ အဆိုပါတံတားေဟာင္းမွာ၂၀၁၀ ခုနွစ္က မုန္တိုင္းေၾကာင့္ ပ်က္စီးခဲ့ၿပီး ၂၀၁၁ ခုနွစ္တြင္လည္း ဂီရိ မုန္တိုင္းေၾကာင့္ ေခ်ာင္းေရႀကီး၍ လုပ္ငန္းသံုးတည္ေဆာက္ေရးပစၥည္းမ်ား ေမ်ာပါသြားခဲ့ျခင္းျဖစ္သည္။

"ေလာေလာဆယ္ တံတားတည္ေဆာက္ေနတဲ့ေနရာနဲ႔ သံုးမိုင္ေလာက္ေဝးတဲ့ ေနရာမွာရွိတဲ့ ေဒါသာတံတားကို သံုးေနၾကရပါတယ္။ အဲဒီတံတားက မီးရထားျဖတ္ကူးတဲ့ တံတားျဖစ္လို႔ ကားေလးေတြပဲ တစ္စီးခ်င္း ျဖတ္လို႔ရပါတယ္။ ေယာေခ်ာင္းတံတားႀကီး ၿပီးသြားရင္ေတာ့ ခရီးၾကန္႔ၾကာမႈ ရွိမွာမဟုတ္ေတာ့လို႕ ေဒသခံေတြအေနနဲ႕ အျမန္ၿပီးေစခ်င္ေနၾကပါတယ္" ဟု ဆိပ္ျဖဴၿမိဳ႕နယ္ ေဒသခံ ဦးေမာင္ေမာင္က ေျပာသည္။

ယခင္ေခ်ာင္းကူးတံတားမွာ အရွည္ (၅၆၀)ေပ၊ အျမင့္ ေပ(၂၀)သာရွိခဲ့ၿပီး တံတားသစ္မွာ အရွည္ေပ (၉၀၀)၊ အက်ယ္ေပ (၃၀)၊ ယဥ္သြားလမ္းအက်ယ္ (၂၄)ေပ၊ လူသြားလမ္းအက်ယ္ ေဘးတစ္ဖက္ တစ္ခ်က္လွ်င္ (၃)ေပစီႏွင့္ အျမင့္ (၃၃)ေပရိွသည့္ သံကူကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္မည္ျဖစ္ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပခုက္ကူ ကားလမ်းရှိ ယောချောင်းတံတား (ကံတွင်း) အား ပြည်ထောင်စုအစိုးရ၏ ကနဦးခွင့်ပြုဘတ်ဂျက် ကျပ်သန်း(၁၀၀၀)ဖြင့် တံတားအထူးအဖွဲ့ (၅)မှ အသစ်ပြန်လည် တည်ဆောက်မှုလုပ်ငန်းများ စတင်နေကြောင်း သိရသည်။

"ယောချောင်းတံတား (ကံတွင်း)ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကနဦး ခွင့်ပြုငွေ ကျပ်သန်း(၁၀၀၀) အသုံးပြုပြီး လုပ်ငန်းတွေစတင်ဆောင်ရွက်နေပါပြီ။ လာမယ့်ဘတ်ဂျက်နှစ်မှာ လိုအပ်တဲ့ဘဏ္ဍာငွေ ဆက်လက်တောင်းခံပြီး (၂)နှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ ရည်မှန်းပါတယ်" ဟု တံတားအထူးအဖွဲ့ (၅) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးညီညီဇော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယောချောင်းပေါ်တွင် ဖြတ်သန်းတည်ဆောက်ထားသော အဆိုပါတံတားဟောင်းမှာ၂၀၁၀ ခုနှစ်က မုန်တိုင်းကြောင့် ပျက်စီးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်လည်း ဂီရိ မုန်တိုင်းကြောင့် ချောင်းရကြေီး၍ လုပ်ငန်းသုံးတည်ဆောက်ရေးပစ္စည်းများ မျောပါသွားခဲ့ခြင်းဖြစ်သည်။

"လောလောဆယ် တံတားတည်ဆောက်နေတဲ့နေရာနဲ့ သုံးမိုင်လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ဒေါသာတံတားကို သုံးနကြေရပါတယ်။ အဲဒီတံတားက မီးရထားဖြတ်ကူးတဲ့ တံတားဖြစ်လို့ ကားလေးတွေပဲ တစ်စီးချင်း ဖြတ်လို့ရပါတယ်။ ယောချောင်းတံတားကြီး ပြီးသွားရင်တော့ ခရီးကြန့်ကြာမှု ရှိမှာမဟုတ်တော့လို့ ဒေသခံတွေအနေနဲ့ အမြန်ပြီးစေချင်နကြေပါတယ်" ဟု ဆိပ်ဖြူမြို့နယ် ဒေသခံ ဦးမောင်မောင်က ပြောသည်။

ယခင်ချောင်းကူးတံတားမှာ အရှည် (၅၆၀)ပေ၊ အမြင့် ပေ(၂၀)သာရှိခဲ့ပြီး တံတားသစ်မှာ အရှည်ပေ (၉၀၀)၊ အကျယ်ပေ (၃၀)၊ ယဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းအကျယ် ဘေးတစ်ဖက် တစ်ချက်လျှင် (၃)ပေစီနှင့် အမြင့် (၃၃)ပေရှိသည့် သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~