မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေဆာက္အဦတြင္ ျပည္သူမ်ားဆႏၵေဖာ္ထုတ္ႏိုင္မည္႔ ေနရာပါရိွမည္

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေဆာက္အဦတြင္ ျပည္သူမ်ားဆႏၵေဖာ္ထုတ္ႏိုင္မည္႔ ေနရာပါရိွမည္
အောက်တိုဘာ 29, 2017
By 🌸
ေငြက်ပ္(၅)ဘီလီယံ ကုန္က်မည့္ မေကြးတို္င္းေဒသႀကီး လႊတ္ေတာ္အေဆာက္အဦတြင္္ ျပည္သူမ်ားဆႏၵေဖာ္ထုတ္နုိင္မည့္ ေနရာတစ္ခု ပါရိွမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ ဒုတိယ ဥကၠဌထံမွ သိရသည္။

ေက်ာ္သာကုမၸဏီက အခ်ိန္တစ္နွစ္ခြဲအတြင္း ၿပီးစီးရန္ တာဝန္ယူေဆာက္လုပ္မည့္ မေကြးတို္င္းေဒသႀကီး လႊတ္ေတာ္(ပင္မ) အေဆာက္အဦ ပႏၷက္တင္အခမ္းအနားကို ေအာက္တိုဘာလ (၂၉) ရက္ေန႔က က်င္းပျခင္းျဖစ္သည္။

" တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ဦးစီးဦးေဆာင္မႈနဲ႔ ဝိုင္းဝန္းႀကိဳးပမ္းမႈရဲ႕ ရလဒ္အေကာင္အထည္ ေပၚတဲ့ေန႕ပါပဲ။ လႊတ္ေတာ္အေဆာက္အဦဝန္းမွာ ျပည္သူေတြဆႏၵေဖာ္ထုတ္နိုင္ဖို႔အတြက္ ေနရာတစ္ခု သီးျခားပါဝင္ဖို႔လည္း ေဆာင္ရြက္ထားတာရွိပါတယ္" ဟု မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠဌ ဦးေဇာ္မ်ိဳးဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လႊတ္ေတာ္အေဆာက္အဦ ပႏၷက္တင္အခမ္းအနားသို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက၊ အမ်ိဳး သားလႊတ္ေတာ္ဥကၠဌ ဦးမန္းဝင္းခိုင္သန္း တက္ေရာက္၍ ပႏၷက္စိုက္ထူေပးခဲ့ၿပီး တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင္႔ ေတြ႔ဆံု၍ လႊတ္ေတာ္ဆိုင္ရာကိစၥရပ္မ်ားကိုလည္း ရွင္းလင္းေျပာၾကားခဲ႔ေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦတွင် ပြည်သူများဆန္ဒဖော်ထုတ်နိုင်မည့် နေရာပါရှိမည်
************
ငွေကျပ်(၅)ဘီလီယံ ကုန်ကျမည့် မကွေးတို်င်းဒေသကြီး လွှတ်တော်အဆောက်အဦတွင်် ပြည်သူများဆန္ဒဖော်ထုတ်နိုင်မည့် နေရာတစ်ခု ပါရှိမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌထံမှ သိရသည်။

ကျော်သာကုမ္ပဏီက အချိန်တစ်နှစ်ခွဲအတွင်း ပြီးစီးရန် တာဝန်ယူဆောက်လုပ်မည့် မကွေးတို်င်းဒေသကြီး လွှတ်တော်(ပင်မ) အဆောက်အဦ ပန္နက်တင်အခမ်းအနားကို အောက်တိုဘာလ (၂၉) ရက်နေ့က ကျင်းပခြင်းဖြစ်သည်။

" တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ဦးစီးဦးဆောင်မှုနဲ့ ဝိုင်းဝန်းကြိုးပမ်းမှုရဲ့ ရလဒ်အကောင်အထည် ပေါ်တဲ့နေ့ပါပဲ။ လွှတ်တော်အဆောက်အဦဝန်းမှာ ပြည်သူတွေဆန္ဒဖော်ထုတ်နိုင်ဖို့အတွက် နေရာတစ်ခု သီးခြားပါဝင်ဖို့လည်း ဆောင်ရွက်ထားတာရှိပါတယ်" ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွှတ်တော်အဆောက်အဦ ပန္နက်တင်အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုး သားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း တက်ရောက်၍ ပန္နက်စိုက်ထူပေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လွှတ်တော်ဆိုင်ရာကိစ္စရပ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~