မေကြးၿမိဳ႕နယ္ ေဘာလံုးလက္ေရြးစင္ေဟာင္းမ်ားအသင္း ပထမအႀကိမ္သက္ႀကီးပူေဇာ္ပြဲျပဳလုပ္

မေကြးၿမိဳ႕နယ္ ေဘာလံုးလက္ေရြးစင္ေဟာင္းမ်ားအသင္း ပထမအႀကိမ္သက္ႀကီးပူေဇာ္ပြဲျပဳလုပ္
အောက်တိုဘာ 6, 2017
By 🌸
မေကြးၿမိဳ႕နယ္ ေဘာလံုးလက္ေရြးစင္ေဟာင္းမ်ား ပထမအႀကိမ္ သက္ႀကီးပူေဇာ္ပြဲကို ေအာက္တိုဘာ (၅)ရက္ေန႔က မေကြးခရိုင္အားကစားကြင္းအတြင္း၌ က်င္းပရာ အသက္ (၇၀)ေက်ာ္ ၿမိဳ႕နယ္လက္ေရြးစင္ ေဘာလံုးသမားေဟာင္း (၁၀)ဦး ကန္ေတာ့ခံတက္ေရာက္ၾကေၾကာင္း သိရသည္။

"မေကြးၿမိဳ႕နယ္အတြင္းက ေဘာလံုးသမားေဟာင္းႀကီးေတြ တစ္ေနရာထဲ တစ္ခ်ိန္ထဲမွာ ျပန္လည္ ေတြ႕ဆံုခြင့္ရတာေၾကာင့္ရယ္ ၊ငယ္ဘဝအမွတ္တရအေနနဲ႔ ဒီေန႔ေဘာလံုးကစားခြင့္ရတာေၾကာင့္ရယ္ အတိုင္းမသိ ဝမ္းသာၾကည္ႏူးရပါတယ္" ဟု မေကြးတိုင္းေဘာလံုးလက္ေရြးစင္ေဟာင္း ဦးေက်ာ္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕နယ္ေဘာလံုးလက္ေရြးစင္ေဟာင္းမ်ားအသင္းအား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလက ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး ယေန႔က်င္းပသည့္ သက္ႀကီးပူေဇာ္ပြဲတြင္ အသက္(၇၀)ေက်ာ္ ၿမိဳ႕နယ္လက္ေရြးစင္ ေဘာလံုးသမားေဟာင္း (၁၀)ဦးအား ေငြက်ပ္သံုးေသာင္း၊ အက်ၤ ီ၊ လံုခ်ည္ နွင့္ မ်က္နွာသုတ္ပုဝါတို႔ျဖင့္ ကန္ေတာ့ၾကၿပီး ေဘာလံုးသမားေဟာင္းမ်ား အမွတ္တရေဘာလံုးပြဲႏွင့္ ညစာစားပြဲက်င္းပခဲ့ေၾကာင္း သိရသည္။

"အသင္းက အသက္(၇၀)နဲ႔အထက္ လက္ေရြးစင္ေဟာင္းႀကီးေတြကို ပထမဆံုးအႀကိမ္ ကန္ေတာ့တဲ႔ပြဲပါ။ အသင္းဖြဲ႔စည္းရတဲ့ရည္ရြယ္ခ်က္က ေဘာလံုးသမားေဟာင္းႀကီးေတြရဲ႕ သာေရးနာေရးတို႔ကို ေဆာင္ရြက္ဖို႔ရယ္ ၊မေကြးတိုင္းရဲ႕ေဘာလံုးရာဇဝင္ကလည္း မညံ့ခဲ့တာေၾကာင့္ ေနာက္မ်ိဳးဆက္သစ္ေဘာလံုးသမားေတြကိုလည္း စိတ္ဓာတ္နဲ႔ စည္းလံုးညီညြတ္ပံုေတြကို လက္ဆင့္ကမ္းၿပီး တုိင္းဂုဏ္ေဆာင္နိုင္တဲ့ ေဘာလံုးသမားေကာင္းေတြ ေပၚထြက္လာဖုိ႔ရယ္ ရည္ရြယ္ဖြဲ႔စည္းတာျဖစ္ပါတယ္" ဟု အသင္းဥကၠ႒ တုိင္းလက္ေရြးစင္ ေဟာင္း ဦးေအာင္ေက်ာ္ဦးက ေျပာသည္။

အဆိုပါ အသင္းအား မေကြးၿမိဳ႕နယ္လက္ေရြးစင္ေဘာလံုးသမားမ်ားထဲမွ မတည္ေငြထည့္ဝင္ၿပီး အသင္းဝင္ (၆၀)ေက်ာ္က လစဥ္ က်ပ္(၂၀၀၀) ရန္ပံုေငြထည့္ဝင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း၊ ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့နယ် ဘောလုံးလက်ရွေးစင်ဟောင်းများအသင်း ပထမအကြိမ်သက်ကြီးပူဇော်ပွဲပြုလုပ်
**********
မကွေးမြို့နယ် ဘောလုံးလက်ရွေးစင်ဟောင်းများ ပထမအကြိမ် သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ (၅)ရက်နေ့က မကွေးခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပရာ အသက် (၇၀)ကျော် မြို့နယ်လက်ရွေးစင် ဘောလုံးသမားဟောင်း (၁၀)ဦး ကန်တော့ခံတက်ရောက်ကြကြောင်း သိရသည်။

"မကွေးမြို့နယ်အတွင်းက ဘောလုံးသမားဟောင်းကြီးတွေ တစ်နေရာထဲ တစ်ချိန်ထဲမှာ ပြန်လည် တွေ့ဆုံခွင့်ရတာကြောင့်ရယ် ၊ငယ်ဘဝအမှတ်တရအနေနဲ့ ဒီနေ့ဘောလုံးကစားခွင့်ရတာကြောင့်ရယ် အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်" ဟု မကွေးတိုင်းဘောလုံးလက်ရွေးစင်ဟောင်း ဦးကျော်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့နယ်ဘောလုံးလက်ရွေးစင်ဟောင်းများအသင်းအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့် သက်ကြီးပူဇော်ပွဲတွင် အသက်(၇၀)ကျော် မြို့နယ်လက်ရွေးစင် ဘောလုံးသမားဟောင်း (၁၀)ဦးအား ငွေကျပ်သုံးသောင်း၊ အကျင်္ ီ၊ လုံချည် နှင့် မျက်နှာသုတ်ပုဝါတို့ဖြင့် ကန်တော့ကြပြီး ဘောလုံးသမားဟောင်းများ အမှတ်တရဘောလုံးပွဲနှင့် ညစာစားပွဲကျင်းပခဲ့ကြောင်း သိရသည်။

"အသင်းက အသက်(၇၀)နဲ့အထက် လက်ရွေးစင်ဟောင်းကြီးတွေကို ပထမဆုံးအကြိမ် ကန်တော့တဲ့ပွဲပါ။ အသင်းဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က ဘောလုံးသမားဟောင်းကြီးတွေရဲ့ သာရေးနာရေးတို့ကို ဆောင်ရွက်ဖို့ရယ် ၊မကွေးတိုင်းရဲ့ဘောလုံးရာဇဝင်ကလည်း မညံ့ခဲ့တာကြောင့် နောက်မျိုးဆက်သစ်ဘောလုံးသမားတွေကိုလည်း စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်ပုံတွေကို လက်ဆင့်ကမ်းပြီး တိုင်းဂုဏ်ဆောင်နိုင်တဲ့ ဘောလုံးသမားကောင်းတွေ ပေါ်ထွက်လာဖို့ရယ် ရည်ရွယ်ဖွဲ့စည်းတာဖြစ်ပါတယ်" ဟု အသင်းဥက္ကဋ္ဌ တိုင်းလက်ရွေးစင် ဟောင်း ဦးအောင်ကျော်ဦးက ပြောသည်။

အဆိုပါ အသင်းအား မကွေးမြို့နယ်လက်ရွေးစင်ဘောလုံးသမားများထဲမှ မတည်ငွေထည့်ဝင်ပြီး အသင်းဝင် (၆၀)ကျော်က လစဉ် ကျပ်(၂၀၀၀) ရန်ပုံငွေထည့်ဝင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~