မဘိမ္းၿမိဳ႕နယ္တြင္ တံတားၾကမ္းကြ်ံ၍ လူ ၂၆ ဦးလုိက္ပါလာသည့္ကား ေခ်ာင္းထဲျပဳတ္က်

မဘိမ္းၿမိဳ႕နယ္တြင္ တံတားၾကမ္းကြ်ံ၍ လူ ၂၆ ဦးလုိက္ပါလာသည့္ကား ေခ်ာင္းထဲျပဳတ္က်
အောက်တိုဘာ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုးမိတ္ခရိုင္၊ မဘိမ္းၿမိဳ႕နယ္ မိုးလိႈင္းေက်းရြာ မဘိမ္း - စီဦး -ဗန္းေမာ္ကားလမ္းေပၚရွိ သစ္သား တံတားတြင္ ေအာက္တိုဘာလ (၇)ရက္ေန႔ နံနက္ (၈)နာရီခြဲခန္႔က ဝါကၽြတ္ ဘုန္းႀကီး ကန္ေတာ့ရန္ သြားသူ (၂၆)ဦး လုိက္ပါလာသည့္ ကားတစ္စီး တံတားၾကမ္္းကၽြံ၍ ေခ်ာင္းထဲ ျပဳတ္က်သြားေၾကာင္း သိရသည္။

မဘိမ္း - စီဦး- ဗန္းေမာ္ကားလမ္း မိုင္တိုင္(၉၅/၅-၆)ၾကား အရွည္(၁၃၀)ေပ၊ အျမင့္(၃၀)ေပ၊ အက်ယ္(၁၃)ေပရွိ တံတားအမွတ္(၂/၉၆)၏ တံတားၾကမ္းခင္း ကၽြံက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္း သန္းေဇာ္လင္းေမာင္းႏွင္ၿပီး ခရီးသည္(၂၅)ဦး လိုက္ပါလာသည့္ယာဥ္သည္ မိုးလိႈင္းေက်းရြာ မွ နမ့္ဟြန္ဘုန္းႀကီးေက်ာင္းသို႔ ဝါကၽြတ္ဘုန္းႀကီးကန္ေတာ့ရန္ ထြက္ခြာလာစဥ္ တံတားၾကမ္းခင္းက်ိဳး၍ ေခ်ာင္းထဲသို႔ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေခ်ာင္းထဲျပဳတ္က်သည့္ ယာဥ္တြင္ လုိက္ပါလာသူမ်ားအနက္ (၁၁) ဦးမွာ ထိခိုက္ဒဏ္ရာ (မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ ဗန္းေမာ္ျပည္သူ႔ေဆး႐ုံတြင္ ကုသမႈခံယူေနေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းအား ျပင္ဆင္ေပးရန္ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ (၂၀) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး တြင္ မဘိမ္း မဲဆႏၵနယ္မွ ဦးေအာင္ျမင့္ရွိန္က ေမးျမန္းခဲ့ရာ ေဆာက္လုပ္ေရး ဝန္ႀကီး ဦးဝင္းခုိင္က ေျဖၾကားရာတြင္ မဘိမ္း- စီဦးအပိုင္းအား နယ္ေျမ လံုၿခံဳေရး အေျခအေနအရ ေဆာင္ရြက္ႏုိင္ျခင္း မရွိသည့္အတြက္ ၂၀၁၁- ၁၂ ဘ႑ာႏွစ္မွ ၂၀၁၅-၁၆ ဘ႑ာႏွစ္ အထိ (၅) ႏွစ္တာကာလအတြင္း ရန္ပံုေငြတင္ျပေတာင္းခံျခင္း မရွိခဲ့ေၾကာင္း သိရသည္။

မိုးမိတ္- မဘိမ္း- စီဦး -ဗန္းေမာ္ လမ္းပိုင္းကို ၂၀၁၆-၁၇ ဘ႑ာႏွစ္မွ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အထိ (၅)ႏွစ္စီမံခ်က္အတြင္း မိုင္ (၃၀)ကို ကတၱရာလမ္းခင္းျခင္း၊ သံကူကြန္ကရစ္တံတား (၉၇) စင္း တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ေပးရန္ စီမံခ်က္ဆြဲထားၿပီးျဖစ္သျဖင့္ နယ္ေျမေဒသလံုၿခံဳေရး ေကာင္းမြန္သည္ႏွင့္ လမ္းတံတား တည္ေဆာက္ျခင္းအား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ေျဖၾကားထားျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အတြင္းရိွ မႏၱေလး - မိုးကုတ္ - မိုးမိတ္-မဘိမ္း-စီဦး-ဗန္းေမာ္လမ္းတြင္ မဘိမ္း- စီဦးလမ္းပိုင္းသည္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔မွ စီမံခန္႔ခြဲသည့္လမ္းျဖစ္ေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မိုးလှိုင်းကျေးရွာ မဘိမ်း - စီဦး -ဗန်းမော်ကားလမ်းပေါ်ရှိ သစ်သား တံတားတွင် အောက်တိုဘာလ (၇)ရက်နေ့ နံနက် (၈)နာရီခွဲခန့်က ဝါကျွတ် ဘုန်းကြီး ကန်တော့ရန် သွားသူ (၂၆)ဦး လိုက်ပါလာသည့် ကားတစ်စီး တံတားကြမ်းကျွံ၍ ချောင်းထဲ ပြုတ်ကျသွားကြောင်း သိရသည်။

မဘိမ်း - စီဦး- ဗန်းမော်ကားလမ်း မိုင်တိုင်(၉၅/၅-၆)ကြား အရှည်(၁၃၀)ပေ၊ အမြင့်(၃၀)ပေ၊ အကျယ်(၁၃)ပေရှိ တံတားအမှတ်(၂/၉၆)၏ တံတားကြမ်းခင်း ကျွံကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း သန်းဇော်လင်းမောင်းနှင်ပြီး ခရီးသည်(၂၅)ဦး လိုက်ပါလာသည့်ယာဉ်သည် မိုးလှိုင်းကျေးရွာ မှ နမ့်ဟွန်ဘုန်းကြီးကျောင်းသို့ ဝါကျွတ်ဘုန်းကြီးကန်တော့ရန် ထွက်ခွာလာစဉ် တံတားကြမ်းခင်းကျိုး၍ ချောင်းထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းထဲပြုတ်ကျသည့် ယာဉ်တွင် လိုက်ပါလာသူများအနက် (၁၁) ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းအား ပြင်ဆင်ပေးရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် မဘိမ်း မဲဆန္ဒနယ်မှ ဦးအောင်မြင့်ရှိန်က မေးမြန်းခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်က ဖြကြေားရာတွင် မဘိမ်း- စီဦးအပိုင်းအား နယ်မြေ လုံခြုံရေး အခြေအနေအရ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ၂၀၁၁- ၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အထိ (၅) နှစ်တာကာလအတွင်း ရန်ပုံငွေတင်ပြတောင်းခံခြင်း မရှိခဲ့ကြောင်း သိရသည်။

မိုးမိတ်- မဘိမ်း- စီဦး -ဗန်းမော် လမ်းပိုင်းကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ (၅)နှစ်စီမံချက်အတွင်း မိုင် (၃၀)ကို ကတ္တရာလမ်းခင်းခြင်း၊ သံကူကွန်ကရစ်တံတား (၉၇) စင်း တည်ဆောက်ခြင်းများ လုပ်ဆောင်ပေးရန် စီမံချက်ဆွဲထားပြီးဖြစ်သဖြင့် နယ်မြေဒေသလုံခြုံရေး ကောင်းမွန်သည်နှင့် လမ်းတံတား တည်ဆောက်ခြင်းအား လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြကြေားထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မန္တလေး - မိုးကုတ် - မိုးမိတ်-မဘိမ်း-စီဦး-ဗန်းမော်လမ်းတွင် မဘိမ်း- စီဦးလမ်းပိုင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~