လားရိႈးတြင္ ဆုိင္ကယ္အားခိုးယူသူမ်ားကို တားျမစ္ရန္ႀကိဳးစားသည့္ တကၠသိုလ္ေက်ာင္းသားတစ္ဦး ဓါးထုိးခံရ

လားရိႈးတြင္ ဆုိင္ကယ္အားခိုးယူသူမ်ားကို တားျမစ္ရန္ႀကိဳးစားသည့္ တကၠသိုလ္ေက်ာင္းသားတစ္ဦး ဓါးထုိးခံရ
အောက်တိုဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ဆုိင္ကယ္ခိုးယူသူမ်ားကို တားျမစ္ရန္ႀကိဳးစားသည့္ တန္႔ယန္းၿမိဳ႕မွ အေဝးသင္တကၠသိုလ္လာတက္သည့္ ေက်ာင္းသားတစ္ဦး ေအာက္တုိဘာလ (၁၅)ရက္ေန႔ ညက ဓားျဖင့္အထုိးခံရသျဖင့္ လားရိႈးျပည္သူ႔ေဆးရံုႀကီးတြင္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေအာင္ဆန္းထြန္း တာဝန္က်ေနစဥ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔ည (၉)နာရီ (၄၅)မိနစ္ခန္႔တြင္ လားရိႈးျပည္သူ႔ေဆးရံု၌ ဓားထိုးခံထားရသည့္လူနာတစ္ဦး ေရာက္ရိွလာေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ တန္႔ယန္းၿမိဳ႕မွ အေဝးသင္တကၠသိုလ္လာတက္သည့္ မိုင္းညီေနာ္ေတာင္၏ ဆုိင္ကယ္အား လားရိႈးၿမိဳ႕ ရပ္ကြက္(၁) နယ္ေျမ(၁)ရိွ သာသနာ (၂၅၀၀)ဘုရားအတက္နားတြင္ လူသံုးဦးက ခုိးယူရန္ ႀကိဳးစားေနသည္ကိုေတြ႔ရသျဖင့္ မိုင္းညီေနာ္ေတာင္က ေအာ္ဟစ္ အကူအညီေတာင္းရာ ယင္းတို႔အထဲမွ တစ္ဦးက ဓားျဖင့္ထုိးသြားျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ဆိုင္ကယ္ခိုးယူရန္ႀကိဳးစားၿပီး ဓားျဖင့္ထိုးသြားသူသံုးဦးအား လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၄၃/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂ အရ အမႈဖြင့္ထားၿပီး ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆိုင်ကယ်ခိုးယူသူများကို တားမြစ်ရန်ကြိုးစားသည့် တန့်ယန်းမြို့မှ အဝေးသင်တက္ကသိုလ်လာတက်သည့် ကျောင်းသားတစ်ဦး အောက်တိုဘာလ (၁၅)ရက်နေ့ ညက ဓားဖြင့်အထိုးခံရသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

လားရှိုးမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဆန်းထွန်း တာဝန်ကျနေစဉ် အောက်တိုဘာလ (၁၅)ရက်နေ့ည (၉)နာရီ (၄၅)မိနစ်ခန့်တွင် လားရှိုးပြည်သူ့ဆေးရုံ၌ ဓားထိုးခံထားရသည့်လူနာတစ်ဦး ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ တန့်ယန်းမြို့မှ အဝေးသင်တက္ကသိုလ်လာတက်သည့် မိုင်းညီနော်တောင်၏ ဆိုင်ကယ်အား လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ(၁)ရှိ သာသနာ (၂၅၀၀)ဘုရားအတက်နားတွင် လူသုံးဦးက ခိုးယူရန် ကြိုးစားနေသည်ကိုတွေ့ရသဖြင့် မိုင်းညီနော်တောင်က အော်ဟစ် အကူအညီတောင်းရာ ယင်းတို့အထဲမှ တစ်ဦးက ဓားဖြင့်ထိုးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆိုင်ကယ်ခိုးယူရန်ကြိုးစားပြီး ဓားဖြင့်ထိုးသွားသူသုံးဦးအား လားရှိုးမြို့မရဲစခန်းတွင် (ပ) ၃၄၃/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~